Tuesday 29 July 2014

ဆန်ပြုတ်တစ်ခွက်၊ မိုးကာအင်္ကျီတစ်ထည်နှင့် နားမကြားသော လူသုံးယောက် ( ဇာဂနာ )


================================================
တစ်ချိန်ထဲမှာပဲ ဗိုလ်ချုပ်တို့ ပစ်ခတ်လုပ်ကြံတာကို သေသေချာချာသိသွားသော
လူတစ်စုရှိနေသည်။ သူတို့ ကား အင်္ဂလိပ်စစ်ဗိုလ်သုံးယောက်။ ပင်လယ်ဝမှာရပ်
ထားသော အဂ်လိပ်စစ်သဘောင်္ဆီသို့  သူတို့၏ အမြန်ယာဉ်မော်တော်ဘုတ်ကလေး
က ဦးတည်သွားလေသည်။
================================================

မိုးကတဖွဲဖွဲ။အချိန်က မနက် ၉နာရီ။ဖိုဒ်ဆန်ထရပ်ကားတစ်စင်း ဒါလဟိုစီ နှင့် ၄၁ လမ်း
ထောင့်မှာ လာရပ်သည်။ကားပေါ်က စစ်ယူနီဖောင်းဝတ်ထားသူ (၃)ဦးဆင်းလာသည်။
နောက်တော့သူတို့လမ်းဖြတ်ကူးသွား၏။အတွင်းဝန်ရုံး၏ အထွက် ဟုဆိုင်းဘုတ်တပ်
ထားသော စပတ်လမ်း ဘက်မှအတွင်းဝန်၇ုံးတွင်းသို့ လမ်းလျောက်ဝင်သွားကြ
လေသည်။ကားအနားမှာ မောင် နီ တစ်ယောက်သာ ကျန်ခဲ့၏။ယူနီဖောင်းဝတ်ထားသော ခင်မောင်ရင် နှင့် မှုံ ကြီးက ခတ်သုတ်သုတ် ရှေ့ ကို လျောက်သွားသောလည်း ဘညွန့် 
ကတုံ့ ဆိုင်းဆိုင်း။တိုင်းပြုပြည်ပြုလွှတ်တော် အဆောက်အဦဖက်ဆီသို့ ဘညွန့် ထွက်သွား
ခဲ့လေတော့သည်။

မနက် (၁၀)နာရီကာကွယ်ရေးဝန်ကြီး၏ရုံးခန်းမကြီးထဲမှာဦးရွှေဘော်(၀န်ကြီးများကောင်စီ
၏အတွင်းဝန်)ဦးတင်အုန်း(လက်ထောက် အတွင်းဝန် )နှင့် ရုံးအုပ်ကြီး ဦးခ တို့ က စာရွက် စာတမ်းတွေ ဖိုင်တွဲတွေ နေရာချ ထားရင်း အလုပ်ရှုတ်နေကြသည်။

ဗိုလ်ချုပ်အောင် ဆန်း၏ရုံးခန်းအောက်ထပ်တည့်တည့် မှာ ရဲမင်းကြီး(DIG)ဦးထွန်းလှအောင်
၏ရုံးခန်းရှိသည်။ထိုအခန်းထဲသို့  ဗိုလ်မှူးချုပ် နက်ရှ်(Burma command လက်အောက်ခံ
တောင်ပိုင်းတိုင်း တိုင်းမှူး)၊ဗိုလ်မှူးချုပ် နိုက်(တ်)(ထောက်လှမ်းရေးမှူးချုပ်) နှင့် ဗိုလ်ချုပ်
သောမတ်စ် တို့ ၀င်လာကြသည်။ဗိုလ်ချုပ်သောမတ်စ် ၏ကိုယ်ရေးအတွင်းဝန် ဗိုလ်သန်းဝင်းကတော့ အထဲလိုက်မ၀င်းအပေါ်ထပ်သို့ ဆက်တက်သွားသည်။

ထိုအချိန်မှာပင် အတွင်းဝန်ရုံး ဗဟိုလှေကားကြီးခြေရင်းသို့  ၀ူစလီကားအနက်ရောင်
(ကားနံပါတ် RC 2874)တစ်စင်း ထိုးဆိုက်လာသည်။ဗိုလ်ထွန်းလှ က ရှေ့ က ဗိုလ်ချုပ်အောင်ဆန်းက နောက် မှဆင်းလာပြီးလှေကားအတိုင်းခတ်သွက်သွက်
တက်သွားတော့၏။
ို
ချင်းရေးရာအတိုင်ပင်ခံ ၀န်ကြိးဦးဝမ်ကိုဟောက ဗိုလ်ချုပ်အောင်ဆန်းကို စာတစ်အိတ်
ပေးဖို့ ရောက်လာရာ ဗိုလ်ချုပ်က အစည်းအဝေးခန်းသို့ ဝင်သွားပြီဖြစ်လို့  ဗိုလ်ထွန်းလှ လက်ထဲသို့ ထိုစာအိတ်ကိုပေးလိုက်သည်။ထိုစဉ် ဗိုလ်ချုပ်လှမ်းခေါ်သဖြင့် ဗိုလ်ထွန်းလှ
က အစည်းအဝေးခန်းသို့ ဝင်သွားတော့၏။အလုပ်သမားသမဂ မှ သခင်ဝတင်ကြီး က ဗိုလ်ထွန်းလှအခန်းသို့ ဝင်လာခဲ့တော့ အခန်းထဲမှာ တစ်ယောက်မှ မရှိ။သခင်ဝတင်ကြီး
က ထိုင်စောင့်ရကောင်းနိုးနိုး ပြန်သွားရကောင်းနိုးနိုးဖြင့်ချီတုံချတုံ။ထိုစဉ် ဗိုလ်သန်းဝင်း
က အခန်းထဲ ၀င်လာ၏။တစ်ယောက်နှင့်တစ်ယောက် က မသိကြတော့ နှုတ် မဆက်မိ။
သခင်ဝတင်က အခန်းထဲမှ ထွက်သွားတော့သည်။ဗိုလ်ထွန်းလှ ရုံးခန်းထဲပြန်ရောက်
လာတော့ ဗိုလ်သန်းဝင်း ထိုင်နေတာ တွေ့ ရ၏။ဗိုလ်သန်းဝင်း က ဗိုက်ဆာသည် ဟု ဆို၏။ဗိုလ်ထွန်းလှကလည်း အစာ အိမ်အောင့်နေသလိုလို ဖြစ်နေသောကြောင့်
တရုတ်ဆိုင်မှ ဆန်ပြုတ် တစ်ခွက်နှင့်ထမင်းတစ်လုံးမှာလိုက်သည်။ရုံးခန်းစောင့်
ရဲဘော်လှမောင် က တရုတ် ဆိုင်သွားဖို့ လှေကားမှဆင်းလာခဲ့တော့၏။

လှေကားရင်းမှာမယောင်မလည်လုပ်နေသော ခင်မောင်ရင်က သခင်ဝတင် ဆင်း
လာတာရော ရဲဘော်လှမောင်ဆင်းလာတာကိုရောတွေ့ လိုက်ရသည်။ရဘြော်လှမောင်
အနားသို့ ကပ်ပြီး ခင်မောင်ရင်ကမေးလိုက်၏
“အစည်းအဝေးစပြီလား”

လမ်းထိပ်ကကာကာဆိုင်မှာမောင်နီ နှင့်ဘညွန့် တို့ ထိုင်ပြီးလက်ဖက်ရည်သောက်
နေကြ၏။ထိုစဉ် ခင်မောင်ရင်ရောက်လာပြီး ဆိုင်မှ လက်လှည့်ဖုံးဖြင့်တစ်နေရာသို့ 
ခေါ်လိုက်သည်။ခင်မောင်ရင်၏ အသံက တိုးတိုးဖွဖွ
“ဆရာကြီး ပစ်စတင် ကွင်းတွေ ကျလာပြီ”
အစည်းအဝေးခန်းအ၀ဆီသို ရန်ကြီးအောင်၊့မောင်စိုး၊သက်နှင်း နှင့် မှုံကြီးတို့ 
ခတ်သွက်သွက်ရောက်လာကြတော့ ရုံးအကူလေးက ထ တားသည်။မောင်စိုး က
ရုံးအကူလေးကို တွန်းဖယ်လိုက်ပြီး တံခါးကိုဆောင့်ကန် တွန်းဖွင့်လိုက်၏။
ရန်ကြီးအောင်ကဒူးထောက်ထိုင်ချလိုက်ပြီး စတင် ပစ်ခတ်လိုက်တော့သည်။
အတွင်းဝန်ရုံးတစ်ခုလုံး သေနပ်သံတွေဆူညံပွက်လောထ။

ဗိုလ်ချုပ်သောမတ်စ်၊ဗိုလ်မှူးချုပ် နက်ရှ်၊ဗိုလ်မှူးချုပ် နိုက်(တ်)တို့ က လက်ဖက်ရည်
သောက်ရင်း စကားကောင်းနေသည်။ဒိလောက်ဆူညံနေသောသေနတ်သံတွေကို သူတို့ မကြားချေ။ဗိုလ်သန်းဝင်း ကအထိတ်တလန့် ဖြင့်အခန်းထဲသိုပြေးဝင်လာပြီး ဗိုလ်ချုပ်အောင်ဆန်းတို့ ကို သေနပ်သမားတွေ ၀င်ပစ်သွားပြီဟုလာပြောတော့ အင်္ဂလိပ်ဗိုလ်ချုပ်တွေ ၏ မျက်နှာတွေ က ဘာမှ မပြောင်းလဲ။ဦးထွန်းလှအောင်ကို လက်ဆွဲနှုတ်ဆက်ပြီးအခန်းထဲက ထွက်သွားတော့သည်။အပေါ်ထပ်သို့ တက်လို့
တောင်ကြည့်မသွားခဲ့ချေ။

ဗိုလ်ထွန်းလှ က မိုင်းပွန် စော်ဘွားကြီးကိုပြုစုနေရ၏။သူ့ ဆရာ ဗိုလ်ချုပ်အောင်ဆန်း
ကတော့ စားပွဲထိပ်မှာ သေနပ်ဒဏ်ရာ(၁၃)ချက်ဖြင့်ပက်လက်လဲနေပြီ။သွေးအိုင်ထဲမှာ
ဝန်ကြီးတွေ အတုံးအရုံး။ဦးဗဂျမ်း၊ပျော်ဘွယ်ဦးမြ၊ဦးအောင်ဇံဝေ တို့ ကတော့ အတွင်းဝန် ဦးရွှေဘော်၏ရုံးခန်းဖက်ဆီသို့ ထွက်ပြေးလွတ်မြောက်သွားခဲ့လေပြီ။

ရန်ကုန်တစ်မြို့လုံး သတင်းဆိုးကြီး ပျံ့ နှံ့သွားတော့ မြို့သူမြို့သားတွေစကားမှမပြောနိုင်၊
ဆွံ့ကုန် အ ကုန်ပြီ။ဆရာဒဂုန်တာရာကတော့ ဘာမှ မသိ၊သတင်းဆိုးကိုလဲ မကြားခဲ့။
အတွင်းဝန်ရုံးထဲသို့အူလည်လည်ရောက်လာခဲ့သည်။ဆရာဇော်၈ျီ ၏အခန်းထဲသို့
ရောက်တော့မှ ဗိုလ်ချုပ်တို့အလုပ်ကြ့ခံလိုက်ရတာသိသွားတော့၏။

တစ်ချိန်ထဲမှာပဲ ဗိုလ်ချုပ်တို့ ပစ်ခတ်လုပ်ကြတာကို သေသေချာချာသိသွားသော
လူတစ်စုရှိနေသည်။သူတို့ ကားအင်္ဂလိပ်စစ်ဗိုလ်သုံးယောက်။ပင်လယ်ဝမှာရပ်ထားသော အဂ်လိပ်စစ်သဘောင်္ဆီသို့  သူတို့၏ အမြန်ယာဉ်မော်တော်ဘုတ်ကလေး က ဦးတည်သွားလေသည်။

ဆရာဇော်၈ျီ ကတော့ ကဗျာတစ်ပုဒ် ချရေးနေလေပြီ။
မိုးကစိုစို ကျီးအုပ်ပြို၍၊
ထိုမှ ဤမှ တို့လမ်းမ၀ယ်
ပျံကြ၀ဲကြ ငရဲထသို့ ၊
အုံကြွ မြည်အာ မသာယာကို
ငါကြားခဲ့သည် မှတ်မိ၏။
ထိုနေ့ ၌ပင် ထိုချိန်ထင်၏
သခင်အောင်ဆန်းပြည်သူ့ ပန်းသည်
ပွင့်လန်းကာစ
ကြွေလိုက်ရ၏။
ဗိုလ်ထွန်းလှ၏ အခန်းထဲမှာတော့ တစ်စက်မှ မသောက်ရသေးသော ဆန်ပြုတ်
တစ်ခွက်နှင့် ပိုင်ရှင် မဲ့  မိုးကာအကျီ င်္ တစ်ထည် တို့ကျန်ခဲ့လေသည်။ပြန်လာယူမည်သူကား
ယနေ့ ထက်ထိ ပေါ်မလာခဲ့တော့ချေ။

ဇာဂနာ
(၁၃ ဇွန်)
Tomorrow သတင်းဂျာနယ် အမှတ်(၂၀)ပါ ဆောင်းပါး


No comments:

Post a Comment