Friday, 18 July 2014

“ အနိုင်မခံ”



ဗိုချုပ်ဘာသာ ပြန်ဆိုထားတဲ့ ကဗျာလေးပါ။
မူရင်းစာရေးဆရာ Willian Ernest Henlay ဖြစ်ပါတယ်။


“ အနိုင်မခံ”
ငါ့အား ဖုံးလွှမ်းထားအပ်သည့်
ညဥ့်နက်သန်းခေါင် အမှောင်အတွင်းမှ
အသူတရာမျှ နက်သော
ချောက်ကမ်းပါးတွင်မှ
ငါ၏ မကြောက်တရားကို ဖန်တီးထားသည့်
နတ်သကြားများကို ငါကျေးဇူးတင်ပါ၏

လောကဓံတရား၏ ကြမ်းကြုပ်သောလက်ဆုပ်တွင်းသို့
ငါ သက်ဆင်းကျရောက်ငြားလည်း
ငါ ကား မတုန်လှုပ်၊ မငိုကြွေး
ကံတရား၏ ရိုက်ပုတ်ခြင်းကြောင့်
ငါ၏ ဦးခေါင်းတို့သည် သွေးဖြင့် ချင်းချင်းနီ၏

သို့သော် ညွတ်ကား မညွတ်
လောက၊ ဒေါသတို့ကြီးစိုးရာ
ဤကမ္ဘာ၏ အခြားမဲ့၌
သေခြင်းတရားသည် ကြောက်မက်ဖွယ် ငံ့လင့်၏
သို့သော် ငါအား မတုန်လှုန်သည်ကိုသာ တွေ့ရအံ့
နောင်တွင်လည်း မကြောက်ရွံ့သည်ကိုသာလျှင်
အစဉ်တွေ့ရလတ္တံ့။
သုဂတိ သို့ သွားရာ တခါးဝသည်
မည်မျှပင် ကျဉ်းမြောင်းသည်ဖြစ်စေ
ယမမင်း၏ ခွေးပုရပိုက်တွင်
ငါ၏ အပြစ်များ မည်မျှပင်ရေး ခြစ်ထားစေ
ငါသာလျှင် ငါ့ကြမ္မာ၏အရှင်
ငါသာလျှင် ငါ ဘ၀၏သခင် ဖြစ်တော့သည်။

No comments:

Post a Comment