Tuesday 29 July 2014

စိတ်အားငယ်နေတဲ့ အခါ

အခန်းငယ်လေးက သင့်ကို စိတ်အားတက်လာစေဖို့အားပေးစကားလေးတွေ ပြောပေးနိုင်ပါတယ်…

၁ - အမိုးက ပြောပေးလိမ့်မယ် - ရည်မှန်းချက်ကို မြင့်မြင့်လေးထားလိုက်ဖို့ကိုပေါ့

၂- ပန်ကာက အေးအေးလေးနဲ့ နှစ်သိမ့်စကားပြောလာလိမ့်မယ် - စိတ်တွေကိုအေးချမ်းစွာထားပြီး ပူပန်မှု့တွေလျှော့ချနေထိုင် ဖို့ကိုပေါ့

၃- နာရီက အားပေးပါလိမ့်မယ် - မိနစ်တိုင်းက အဖိုးတန်နေတယ်။ စိတ်ဓါတ်တွေမကျလိုက်နဲ့။
အချိန်တွေကို မဖြုန်းလိုက်ပါနဲ့လို့ပေါ့

၎- မှန်က ပြုံးပြီးနှစ်သိမ့်လိမ့်မယ် -
မင်းလုပ်သမျှအကျိုး ကိုအချိန်တန် ရင် မင်းခံစားရမှာပါ။ အားမလျှော့ပါနဲ့ဆိုပြီးတော့လေ

၅- ပြတင်းပေါက်ကေ လောကကြီးအပေါ် သူ့အမြင်တွေကို ရင် ဖွင့်လိမ့်မယ် - လောကကြီးကို မျက်ခြေမပြတ်တာရယ်၊ မြင် အောင် ကြည့်၊ တွေ့အောင် ရှာ၊ ရအောင် လုပ်တာရယ်က လောကအလှကို မြင်စေလာပါလိမ့်မယ် ဆိုပြီးတော့လေ

၆- ပြက္ခဒိန်က သူပေးနိုင်တဲ့ အကူအညီကိုပြောလာလိမ့်မယ် …
ခေတ်နှင့်အညီ ရှင်သန်နေထိုင်ဖို့ အတိတ်က အမှားတွေကို သင်ခန်းစာအတွက် မှတ်ထားဖို့
အနာဂတ်အတွက် အစီအစဉ်တွေကို သေချာချမှတ်ထားလိုက်ဖို့

၇- တံခါးက အကြံဉာဏ်ပေးလိမ့်မယ် - အခွင့်အရေးတွေကို လက်မလွတ်လိုက်ဖို့
ဖွင့်တာနဲ့ ဝင် နိုင် အောင၊် အခွင့်ရတာနဲ့ ယူနိုင်အောင်၊ ကြိုးစားလိုက်ဖို့။

ငြိမ်းလဲ့။

"7 secrets of success you can find them in your room"

1. Roof says: aim high.
2. Fan says: be cool.
3. Clock says: every min is precious.
4. Mirror says: reflect before you act.
5. Window says: see the world.
6. Calender says: be up to date
7. Door says: don't miss the opportunity.

No comments:

Post a Comment