Monday 21 July 2014

ညအိပ်ယာဝင်ခါနီးရင် မျက်နှာသစ်ဖို့ မမေ့ပါနဲ

အလှအပကို မြတ်နိုးသူတွေ အတွက် လုပ်သင့်တဲ့ အမူအကျင့် တစ်မျိုး ဖြစ်ပါ တယ်။ မိမိအသား အရေနှင့် ကိုက်ညီသော ခရင်လေးနဲ့ ညအိပ်ယာဝင်ခါနီးတိုင်း မျက်နှာသစ်ပေးမယ် ဆိုပါက အသားအအရည်ကို ပိုမိုဖြူဝင်စေပြီး ဝက်ခြံ ထွက်ခြင်း ကိုလည်း သက်သာ စေမှာပါ။
ဒါ့အပြင် မနက်အိပ်ယာထတဲ့ အခါ အဆီပြန်တတ်သူများ လုပ်ပေး သင့်ပါ တယ်။ ဒီလို နေ့တိုင်း သစ်ပေးပါက မျက်နှာ အမာရွတ်များ အနာ အဆာ များကိုလည်း လျော့ပါးသက်သာ စေမှာဖြစ် ပါတယ်။
တစ်နေကုန် ကပ်ညိနေတဲ့ အညစ်အကြေးများ ဒါမှမဟုတ် မိတ်ကပ်များကို အိပ်ယာ ဝင်ခါနီး မျက်နှာသစ်လိုက်တဲ့ အတွက် စိတ်ကိုလည်း ပေါ့ပါး လွတ်လပ်စေကာ ကျန်းမာရေး အတွက်ပါ ကောင်းမွန်စေမှာ ဖြစ်ပါတယ်။
မျက်နှာ သစ်လိုက်လို့ စိတ်လန်းဆန်းသွားပြီး အိပ်ရတာလည်း ပိုမိုပြီး အိပ်ပျော်စေမှာ ဖြစ်ပါ တယ်။ ဒါကြောင့် အိပ်ယာဝင်ခါနီးရင် မျက်နှာသစ်ဖို့ မမေ့ပါနဲ့။
Ref -healthnews
www.yoyarlay.com
ကျော်လင်းနိုင် (ရိုးရာလေး)


No comments:

Post a Comment