'ကျနော် ကလေးဘတုန်းက ကစားကွင်းသွားဖို့
ပူစာတော့
အဖေ့ခမျာ
အလုပ်ပျက်
ခံပြီး
လိုက်ပို့ခဲ့ရတာ
အကြိမ်ကြိမ်ပဲ။
ကျနော်
ကျောင်းတက်၊
ကျူရှင်
တက်ဖို့
ပိုက်ဆံမလောက်တော့
အဖေ့ခမျာ
သူ့အပေါင်းကြား
မျက်နှာ
အပျက်ခံပြီး
ချေးပေး
ခဲ့ဖူးတယ်။
ကျနော်
အလုပ်မရတော့လည်း
သူ့အသိ
မိတ်ဆွေ
အကူအညီနဲ့
ရအောင်
သူကြိုးစားခဲ့ပေး
သေးတယ်။
ကျနော်တို့က
အဖေ
တစ်ခု
သားတစ်ခုလေ။
ကျနော် အိမ်ထောင်ကျတော့ အဖေက သူ့ညီမ (ကျနော့ အဒေါ်) နဲ့ နေပြီး ကျနော်ကတော့ အိမ်ခွဲနေတယ်။ အဖေက သူ့မြေးလေးနဲ့ ဆော့ချင်လို့ အိမ်လာတိုင်း ကျနော်ကတော့ မအားဘူးပေါ့။ 'သွားစရာ ရှိလို့ အဖေရေ' လို့သာ ပြောပြောပြီး ကျနော် နှုတ်ဆက်လို့ အပြင်သွားလေ့ ရှိတယ်။ အဖေ့ဆီက ဖုန်းလာတော့လည်း 'အလုပ်ကိစ္စ ပြောနေလို့ နောက်မှ ပြန်ခေါ်လိုက်မယ်နော် အဖေ' လို့ ကတိတွေ ပေးပြီး ကျနော် ပြန်မခေါ်ဖြစ်တဲ့ အကြိမ်တွေက ပိုများတယ်။ အကြောင်းတိုက်ဆိုင်လို့ အဖေနဲ့ တွေ့ရင်တောင် သွားစရာ ရှိလို့ လုပ်စရာ ရှိလို့ ဆိုတဲ့ အကြောင်းနဲ့ပဲ ခဏပဲ တွေ့ပြီး ကျနော် နှုတ်ဆက် ထွက်သွား လေ့ ရှိတယ်။
တစ်နေ့တော့ အဒေါ့်ဆီက ဖုန်းလာပါလေရော။ အဖေ့ကို ဆေးရုံ တင်ထားရလိုပတဲ့။ အဖေ့ကို ဆေးရုံတင်ရလောက်အောင် ရောဂါ ပြင်းနေတာ ကျနော့ကို မပြောရလား ဆိုပြီး ပြဿနာ ရှာလိုက်တယ်။ အဒေါ်က ပြန်ပြောတယ်။
'နင့်အဖေ ပြောချင်ပေမယ့် နင်မှ မအားတာကိုး' တဲ့။
စကားပြောခွင့် မရပဲ ၃ ရက် အတွင်း မနှိုးနိုင်သော အိပ်စက်ခြင်းနဲ့ အဖေ အိပ်ပျော် သွားတယ်။
ကျနော် ပူဆာလို့ အလုပ်ပျက်ခံပြီး ကစားကွင်း ပို့ပေးခဲ့တာတွေ၊ ကျောင်း ကျူရှင် တက်ဖို့အတွက် အဖေ့ ခမျာ မျက်နှာ အငယ်ခံ ပိုက်ဆံချေးခဲ့တာတွေ၊ ကျနော် နဲ့ စကားပြောချင်လို့ ခဏခဏ တောင်းဆိုနေတဲ့ မျက်လုံးတွေ။ ကျနော် တွေးလိုက်တဲ့ ရင်ထဲမှာ နာကျင်စွာ ခံစားရတယ်ဗျာ။ ကျနော် အဖေ့ အတွက် အချိန် မအားလပ်ခဲ့တာ မဟုတ်ဘူး။ ကျနော် မိုက်မဲ ခဲ့တာပါ။ ခုတော့ ကျနော် အချိန်ပေးချင်လည်း အဖေ ဆီမှာ အချိန် မရှိတော့ ပါဘူး။'
Ref:inspiraquote
အောင်ခမ်း (ရိုးရာလေး)

No comments:
Post a Comment