Monday 14 July 2014

သဘာဝ အသီးအရွက် ကင်ဆာကုထုံး



တရုတ်လူမျိုး ဒေါက်တာတွမ်ဝူးရဲ့ကိုယ်တွေ့ကင်ဆာဆေးမဲ့ ကုထုံးစာအုပ်လေးအကြောင်းကို အများသိနိုင်ဖို့ တင်ပေးလိုက်ပါတယ်

ဒေါက်တာတွမ်ဝူး (Dr.Tom Wun)ဟာ တရုတ်ပြည်မှာမွေးပြီး USAမှာပါရဂူအဆင့်အထိ အနောက်တိုင်း ဆေးပညာကို သင်ယူခဲ့သူပါ၊ သူ့အသက်၃၀မှာ အဆုတ်ကင်ဆာ အဆိုးဆုံးအဆင့်ကို ခံစားခဲ့ရပြီး ခွဲစိတ်ကုသမှု ခံယူခဲ့ပေမဲ့ ကုသသူ ပါရဂူများက မရနိုင်တော့ဘူးဆိုပြီး ရင်ဘတ်ကို ပြန်ပိတ်ပြီး သေလူအဖြစ်ပြန် လွှတ်ခံခဲ့ရတယ်ဗျ။
ဒါပေမဲ့ သူက သင်ခဲ့ဖူးတဲ့ သဘာဝဆေးကုထုံးများနဲ့ သူ့ကိုယ်သူ ပြန်ကုပါတော့တယ်။ အသီးအရွက် အစိမ်းများကို အရည်ညှစ်ပြီး အစိမ်းသောက်တဲ့ ကုထုံးပါဘဲ။
၉လလောက်အကြာမှာ ပြန်လည် ဆေးစစ်လိုက်တဲ့အခါ ကင်ဆာဆဲလ်များ လုံးဝ မရှိတော့ဘဲ ပုံမှန် ကျန်းမာနေကြောင်း အဖြေထွက်လာခဲ့ပါတယ်။
နောက်ပိုင်းမှာလည်း ဒေါက်တာတွမ်ဟာ ဟင်းသီးဟင်းရွက်စိမ်း ၉၀ရာနှုန်းနှင့် ချက်ပြီး အကြက် ၁၀ရာနှုန်းကိုဘဲ ဆက်ပြီးစားခဲ့တယ်တဲ့။
ဝပ်၂၂၀၀အားရှိတဲ့ ညှစ်စက်ကိုသုံးပြီး ရလာတဲ့ ဟင်းသီးဟင်းရွက်စိမ်း အရည်များကို သောက်သုံးပြီး ကုသတဲ့ ဒီသဘာဝ ဆေးကုထုံးကို နိုင်ငံပေါင်း၂၀ကျော်မှာ ပြန်လည်သင်ကြားပေးခဲ့ပြန်တယ်လေ။ အဲဒီမှာ လူနာပေါင်း သိန်းသန်းထိ ကုသ အောင်မြင် ခဲ့တယ်ဆိုဘဲ။
ဒီကုထုံးနဲ့ပါတ်သက်တဲ့ ဆောင်းပါးရှည်ကြီးကို Health-care Journal  အတွဲ၁ အမှတ်၁မှ အမှတ်၂၆အထိ ဖော်ပြခဲ့ပါတယ်။ ဒါကို တရုတ်အပ်စိုက်ကုပညာရှင် ဆရာဦးမောင်မောင်လှိုင်က မြန်မာဘာသာ ပြန်ဆို ထုတ်ဝေခဲ့တယ်လေ။
မြန်မာကျငွေ၊ တန်ဖိုးကျကျနေတဲ့ ငွေ၁၀၀၀ကျပ်
လောက်နဲ့ Perfect စာပေ၊ ၂၂၄၊၊ ၃၈လမ်း၊ ကျောက်တံတား၊ ရန်ကုန်မှ ထုတ်ဝေထားတာမို့ စိတ်ဝင်စားသူများ ဝယ်ယူ လေ့လာနိုင်ပါကြောင်း။

ကိုယ်စိတ်ကျန်းမာနိုင်ကြပါစေဗျာ
မောင်စိန်

No comments:

Post a Comment