Tuesday, 29 July 2014

မေးငေါ့စရာများ ဖြစ်နေမလားလို့



သူငယ်ချင်းမ နှစ်ယောက်တို့ အအေးဆိုင် တစ်ဆိုင်တွင်း၌ စကားကောင်းနေကြသည်။
ဟဲ့ . . . ဒါနဲ့ . . . မင်းအမျိုးသားက မင်းကို လက်ထက်ခွင့်တောင်းတာ၊ မင်းကစဉ်းစားရကြပ်နေတယ်ဆို . . . .
အေးလေဟာ. . . . .
ဟဲ့. . . . ဘာများစဉ်းစားရ ကြပ်စရာရှိလို့လဲ။ မင်းအမျိုးသားက ဥစ္စာပေါ၊ ရုပ်ချော၊ ပညာတတ် အပျော်အပါး အသောက်အစားမရှိ၊ ဘယ့်ကလောက် ကောင်းလိုက်သလဲ။ ဒါနဲ့များအေ . . . .
အဲ့ဒါကြောင့် စဉ်းစားရကြပ်နေတာပေါ့အေ့။
မင်းစဉ်းစားကြည့်လေ. . . . တို့ဘွားဘွားဆို တို့ဘိုးဘိုးနဲ့ယူခဲ့တယ်။
တို့မေမေဆိုရင် တို့ဖေဖေနဲ့။ တို့အန်တီဆိုရင်လည်း တို့အန်ကယ်နဲ့ ယူခဲ့တာပဲ။ အဲ . . . ငါ့ကျမှ သွေးမတော် သားမစပ်တဲ့လူနဲ့ ယူလိုက်ရင် ပတ်ဝန်းကျင်က မေးငေါ့စရာများ ဖြစ်နေမလားလို့ပါ။
သေလိုက်ပါတော့ဟယ်. . . .

No comments:

Post a Comment