Friday 18 July 2014

★ အာဇာနည်နေ့★


ပဲပြုတ်နဲ့နံပြားရရင်
စားချင်ရဲ့ကြည်။

ငါခေါင်းဆောင် မာနမထား
တစ်သားထဲ ပြည်သူလို
ဇမ္ဗူမှာ ပြိုင်စံရှားတဲ့
လေးစားဂုဏ်ရည်။

ဗမာပြည် လွတ်လပ်ရေးကို
အသက်ပေးလို့ သူကြံရွယ်
လေးစားဖွယ် ဂုဏ်ရောင်တောက်တဲ့
အံ့လောက်တဲ့ ဘာမထီ
အာဇာနည်
ဗိုလ်အောင်ဆန်း။
မြန်မာပြည်ရွှေကြယ်ပွင့်တို့
ကြွေလွင့်တဲ့ လဇူလိုင်
မမေ့နိုင် တစ်ဆယ့်ကိုးမို့
မျက်ရည်မိုးသွန်းကာဖြန်းရင်း
(အာဇာနည် ခေါင်းဆောင်ကြီးများအား)
မှန်းဆလို့လွမ်း။

သူရိန်နေမင်း(ကျောက်တံခါး)

No comments:

Post a Comment