Thursday, 10 July 2014

ယုံကြည်အောင်လို့



တစ်နေ့သ၌.....
ရုံးတစ်ရုံးသို့ ဆရာဂျိုး ရောက်သွားတယ်။ အဲဒီရုံးမှာ သူ့သားမက် မောင်မင်းထွန်း ရှိတာကိုး။ ရုံးထဲဝင်သွားတာနဲ့ မောင်မင်းထွန်းက

"ဟာ...အဖေ ဘယ်ကလှည့်လာတာလဲ"
"ဒီကို တမင်လာတာပါကွာ"

"ကိစ္စရှိလို့လား"
"အေး...ငါထောက်ခံစာလေးတစ်ခု ရိုက်ချင်လို့၊ ပြီးတော့ မိတ္တူလေး နှစ်စောင်လောက် ကူးပေးပါကွာ"

"အဲဒါဆို တစ်ထောင်တော့ ပေးရမယ်"
"ဟေ့... မင်းက ငါ့ဆီက ငွေတောင်းရသလားကွ"

"ငွေမပေးချင်ရင် အဖေအိမ်ပြန်ပြီး ကျွန်တော်တို့ လက်ထပ်စာချုပ် ယူခဲ့ပါ အဖေ။ ဒီမှာ ဦးလေးမို့၊ အစ်ကိုမို့၊ ညီမို့ဆိုပြီး လုပ်ပေးတာတွေများနေလို့ တစ်ကယ်အစစ်အမှန်ဖြစ်ကြောင်း ခိုင်လုံမှ အလကားလုပ်ပေးရမယ်ဆိုပြီး အားလုံး သဘောတူထားလို့ပါ အဖေ။ ကျေးဇူးပြုပြီး ရုံးအဖွဲ့သားတွေ ယုံကြည်အောင် ကျွန်တော်တို့ လက်ထပ်စာချုပ်ရယ်၊ သန်းခေါင်စာရင်းရယ်၊ ရပ်ကွက်ထောက်ခံစာရယ် ယူခဲ့ပါ အဖေ" လို့ မောင်မင်းထွန်းက ပြန်ပြောလိုက်သတဲ့။

မင်းမင်းကျော်
Minn Minn Tunn Ttp

No comments:

Post a Comment