Thursday, 10 July 2014

" ငှက်ပျောသီးနဲ့ရေ” ပဲ လိုတဲ့ ၀ိတ်လျှော့ချနည်း။



ခုဆို ဂျပန်မှာ ငှက်ပျောသီး ဝယ်ယူ ရရှိနိုင်ဘို့ မနက်စောစော ဈေးပြေးနေရပြီ ဆိုပဲ

အရင်က လုံးဝ မထင်ရှားသာမာန် ငှက်ပြောသီးဟာ ခုချိန်မှာ ပိန်ရေးအတွက် အရမ်းကို အသုံးဝင်နေတယ်ဆိုတာ သိလာကြပြီးနောက်ပိုင်းငှက်ပြောသီး တင်သွင်းတဲ့ ကုန်သည်တွေကလဲတင်သွင်းလို့  မလောက်နိုင် လောက်အောင် ဈေးကွက်က အရမ်းတောင်းဆိုလာကြတယ်တဲ့

Hitoshi Watanabe ဆိုသူ အသက် ၃၁ နှစ်ရှိပြီ ဖြစ်တဲ့ ဘွဲ့ရအလုပ်လက်မဲ့လူငယ် တယောက်ဟာ ဒီနည်းဟာ အကောင်းဆုံးဆိုတာ ကို ၂၀၀၆ ခုနှစ်မှာ တွေ့ရှိခဲ့ တယ်တဲ့

သူ့ကောင်မလေး Sumiko ဆိုတဲ့မိန်းကလေးက ဆေးဆိုင်မှာ ဆေးရောင်းတဲ့ အလုပ်လုပ်ရင်း  တရုတ် တိုင်းရင်ဆေး ပညာ သင်ကြားခဲ့ရတာကတော့

ဘာဖိအားမှ ပေးစရာမလိုတဲ့ အရိုးရှင်းဆုံး ပိန်နည်းကတော့ မနက်စောစောမှာ ငှက်ပြောသီးစားပြီး ရိုးရိုးရေတခွက် သောက်လို့ရှိရင် ဇီဝချေဖျက်နုန်း အလွန်မြင့်မားပြီး

နေ့လည်စာနဲ့ ညစာ ဘယ်လောက်စားစား….. ပိန်နိုင်ပါတယ်လို့ဆိုပါတယ်

သူ့ကောင်မလေး ပြောတဲ့အတိုင်း စားလိုက်တာ ၆လအတွင်းမှာ ၁၃ ကီလိုဂရမ်တောင်ကျတယ် လို့ဆိုပါတယ်

အဲတာ နဲ့ သူကောင်မလေး Sumikoကို လက်ထပ်ပြီး ဒီဖြစ်ရပ်ကို MY SPACE ဂျပန်ဗားရှင်း MIXI မှာ ပို့စ်တင်ထားတယ် လို့ဆိုပါတယ်

ဒီဇာတ်လမ်းလေးဟာ ပထမဆုံး Banana Diet Story အဖြစ်နဲ့ ထင်ရှားကျော်ကြား ခဲ့ပြီး စာအုပ်တောင် ထုပ်ခဲ့ရတယ်

အုပ်ရေ သိန်းတောင် ရောင်းခဲ့ရပါတယ်.. ဒီအကြောင်းပိုမို လူသိများလာရခြင်း အကြောင်းကတော့တိုကျို

အသံလွှင့်ဌာနက ထုပ်လွှင့်တဲ့ အော်ပရာ အဆိုတော်ဟောင်းကြီး Kumiko Mori ကလည်း ငှက်ပြောသီး တန်ခိုးနဲ့ ကီလိုတောင်ကျတယ် ဆိုတဲ့အကြောင်း ထုတ်လွှင့်ပြသခဲ့တာလဲ ပါပါတယ်….

တခြားနည်းတွေနဲ့ ပိန်အောင် ပြုလုပ်ပေးသူတွေမျက်ခုံးတောင် ပင့်သွားစေလောက်အောင် လွယ်ကူ မြန်ဆန် ပါတယ်တဲ့…..

အစားလဲရှောင်စရာမလိုဘူး
အချိန်မှန်လဲ စားစရာမလိုဘူး….
ညဆို မစားပဲလဲနေစရာမလိုဘူး…. ဘာလေ့ကျင့်ခန်းမှလဲ လုပ်စရာမလိုပဲ မပင်ပန်းပဲ လွယ်လွန်းလို့ပါတဲ့….

ကဲကဲတို့ဆီမှာ အပေါများဆုံးကလဲ ငှက်ပြောသီးဘယ်နားသွားသွားရှိတယ်
ငှက်ပြောသီး စားပြီးရင် ရေရိုးရိုးလေးလဲ သောက်ဘို့မမေ့နဲ့နော်….MWD

credit ------>Sophia Thant Zin.

No comments:

Post a Comment