ကိုသက်ထူးဆိုတာ ရိုးအတယ်ဆိုပေမယ့်
သူ့ချစ်သူကို အလွန်ချစ်တတ်တဲ့သူ။ အရမ်းလည်း အလိုလိုက်တယ်။ သူ့ချစ်သူ
ကောင်မလေးကလည်း အလိုလိုက်မှန်းသိလို့ နွဲ့ဆိုးဆိုးရင်း တစ်ခုမဟုတ် တစ်ခု
ပူဆာတတ်တယ်။ ကိုသက်ထူးကြီးကလည်း ဒီနေ့လစာထုတ် မနက်ဖြန် လစာကုန်လို့
အကြွေးတင်ရင်တင်ပါစေ မညည်းမညူ ၀ယ်ပေးတတ်ပါတယ်။ သူက ချစ်တာကိုး။
ဗယ်လင်တိုင်းနေ့မှာဆို ချောကလက်နဲ့
ဖက်ရှင်အင်္ကျီ။ ခရစ္စမတ်နေ့ဆိုလည်း သိုးမွှေးအင်္ကျီနဲ့ အနွေးဦးထုပ်။ သီတင်းကျွတ်၊
တန်ဆောင်တိုင်၊ မြန်မာနှစ်ကူး၊ အင်္ဂလိပ်နှစ်ကူး အဲဒီလို အမှတ်တရရှိတဲ့
နေ့တွေမှာလည်း တစ်မျိုးနဲ့တစ်မျိုး မရိုးအောင် ချစ်သူအလိုကျ လက်ဆောင် ၀ယ်ပေးပြီးသား။
ချစ်သူနဲ့လည်ရန် ချိန်းဆိုထားတဲ့
တစ်နေ့မှာတော့ ချစ်သူအား တစ်ခုခုဝယ်ပေးရန် ကုန်တိုက်ထဲဝင်၍ ဟိုဟိုဒီဒီကြည့်ပြီး
စဉ်းစားတယ်။ အရင်ကပေးခဲ့တဲ့ လက်ဆောင်တွေနဲ့လည်း မထပ်အောင်ပေါ့။ နောက်တော့
အတွင်းခံအင်္ကျီနဲ့ ဘောင်းဘီလေးသာ ၀တ်ပေးထားတဲ့ အရုပ်နားက ကောင်တာကို ရောက်လာပြီး
အရောင်းစာရေးမလေးအား
"ကျွန်တော့်ချစ်သူအတွက်
အတွင်းခံအင်္ကျီ ၀ယ်ချင်လို့"
"ရှင်..... ဘယ်လိုအစားထဲကလည်း၊ ဘယ်အရွယ်လောက်ရှိလဲ"
"ရှင်..... ဘယ်လိုအစားထဲကလည်း၊ ဘယ်အရွယ်လောက်ရှိလဲ"
"အားတော့နာပါတယ်၊ သူ... သူ့... သူ့ထက်
နည်းနည်းပိန်တယ်ဗျာ" လို့ပြောရင်း အရုပ်ကိုမကြည့်ဘဲ လက်ညှိုးထိုးပြလိုက်လေသည်။
Thet
Htoo
No comments:
Post a Comment