Saturday, 12 July 2014

ဆီချွေတာရေး နည်းစနစ်များ




၁။ အရှိန်မြှင့် လိုလျှင် လီဗာကို ညင်သာစွာ မျှင်းဖိပြီး အရှိန်မြှင့်ပါ၊ လျော့လိုလျှင် ဘရိတ်ကို ကြိုတင် နင်းပြီး အရှိန် လျော့ပါ။ ပုံမှန်ထက် ၃၃ % ပို ဆီစား သက်သာ နိုင်ပါသည်။ တာရာ နှင့် ဘရိတ် သက်တမ်းကို ရှည်ကြာ စေပါသည်။
၂။ အမြန်နှုန်း ကီလို ၈၀ အောက် ထိန်းမောင်းခြင်းသည် ဆီစား သိသိသာသာ သက်သာ စေပါသည်။ (တစ်နာရီ ကီလို ၈၀ အရှိန် နှုန်း အထက် ၈ ကီလိုမီတာ ပိုမို မောင်းနှင်တိုင်း ထည့်ထားသော ဆီတစ်ဂါလံတိုင်းသည် ၂၅၀ ကျပ် ပိုပေး လိုက်ရသလို ဖြစ်သွားမည်။)
၃။ အမြန်နှုန်း ၈၅ ကီလို အောက် (downtown) မောင်းနေလျှင် အဲယားကွန်း ဖွင့်ထားပါက ပုံမှန် ထက် ၁၅% ပို ဆီစားမည်။ ၈၅ နှုန်း အထက် (highway) မောင်းလျှင် အဲယားကွန်း ဖွင့်မောင်းခြင်းက မှန်များဖွင့် မောင်းခြင်းထက် ဆီစား သက်သာသည်။ Highway တွင် vent air on + A/C off (လေဖွင့် အဲယားကွန်းပိတ်) သည် ဆီစား အသက်သာဆုံး ဖြစ်သည်။
၎။ ဝန်ပိုများ တတ်နိုင်သလောက် လျော့ပါ။ ၄၅ ကီလို ဂရမ်လျော့တိုင်း ၄% ပိုပြီး ဆီစား သက်သာပါမည်။
၅။ Cruise Control ပါလျှင် သုံးပါ။ မလိုအပ်ဘဲ လီဗာ ကစား စရာ မလို သဖြင့် ဆီစား သက်သာ စေပါသည်။
၆။ ကားအား မီးပွိုင့် စသည်များတွင် ယာယီ ရပ်ထားစဉ် အော်တိုဂီယာအား Neutral သို့ ရွေ့ ထားခြင်းသည် ဆီစား သက်သာသည် ဟု ထင်နိုင်စရာ ရှိသည်။ မမှန်ပါ။ ခေတ်ပေါ် fuel injection ကားများ အားလုံးတွင် ကားဘီးများ ရပ်ထားစဉ် (Throttle ပိတ်ထားသောကြောင့်) RPM ပုံမှန်အထက်တွင် ရှိနေပါက (ဂီယာထိုး ဘရိတ်နင်း ထားသောကြောင့်) အလိုအလျောက် ဆီဖြတ်သော စံနစ် “fuel cutoff system” ပါကြ ပါသည်။ သို့ဖြစ်ရာ ဂီယာထိုးထားခြင်းက Neutral ထားခြင်းထက် ဆီစား သက်သာ မည်။ ၅ မိနစ်အထက် တော်တော်ကြာမည် ဆိုပါက လုံးဝ စက်သပ်ထားခြင်း သည်သာ အသက်သာဆုံး ဖြစ်မည်။
၇။ ပူသော အင်ဂျင် (engine at N.O.T) သည် အေးနေသော အင်ဂျင်ထက် ပိုပြီး ဆီစား သက်သာ နိုင်ပါသည်။
၈။ မှန်ကန်စွာ အလုပ် မလုပ်သော O2 sensor အား လဲလှယ်ခြင်းသည် ပုံမှန် ထက် အများဆုံး ၄၀% အထိ ပိုမို ဆီစား သက်သာ နိုင်ပါသည်။
၉။ မှန်ကန်သော လေပေါင် ရှိသည့် တာယာများသည် ပုံမှန်ထက် ၄% ပို ဆီစား သက်သာ နိုင်ပါသည်။
၁၀။ ထုတ်လုပ်သူ recommended grade အရ မှန်ကန်သော engine oil အား အသုံးပြုခဲ့ လျှင် ၂% ပိုပြီး ဆီစား သက်သာ နိုင်ပါသည်။
၁၁။ Fuel Filter, Spark Plug, Wheel Alignment စသော Maintenance Factors များသည်လည်း ပုံမှန်ထက် ၂၅% ဆီစား သက်သာ သွား စေနိုင်ပါသည်။
၁၂။ အခြား ဂရုစိုက်သင့်သည့် အရာများမှာ ဆီတိုင်ကီ အဖုံးကို သေချာစွာ ပိတ်၇န် နှင့် မိမိကား အတွက် မှန်ကန်သော Octane Grade ကို သုံးရန် ဖြစ်သည်။
မှတ်ချက် ။ ။ Ford Support Page နှင့် အခြား Page များ မှ ဆီစား သက်သာစေနိုင်သော အချက်အလက် များကို စုစည်း တင်ပြ ခြင်းသာ ဖြစ်ပါသည်။ Safe / Efficient / Comfort Driving System တစ်ခု ဖြစ်သည်ဟု ဆိုလိုရင်း မဟုတ်ပါကြောင်း
MHFFC - 10 July 2014
REF:
http://support.ford.com/maintenance/fuel-saving-tips
www.fueleconomy.gov,
www.epa.gov,
www.drivingskillsforlife.com

No comments:

Post a Comment