Wednesday 1 October 2014

မျက်ခမ်းစပ်ရောဂါအကြောင်း

( Trachoma )
Trachoma သည်မျက်စေ့ကို ထိခိုက်စေသော bacteria ရောဂါအမျိုးမျိုးဖြစ်ပါသည်။ Trachoma ဖြစ်စေသော ရောဂါအမျိုးမျိုးသည် ရောဂါခံစားနေသောသူများ၏ မျက်စေ့မျက်ခွံ နှာခေါင်းနှင့် လည်ချောင်းမှ အရည်များကို ထိတွေ့ခြင်းကြောင့်ဖြစ်သည်။ Trachoma သည် အလွန်ကူးစက်လွယ်သော ရောဂါဖြစ်ပြီး မျက်စေ့နှစ်ဖက်လုံးကို အမြဲထိခိုက်စေပါသည်။ ရောဂါ၏ လက္ခဏာများသည် မျက်စေ့နှင့် မျက်ခွံများကို အနည်းငယ် ယားယံခြင်းနှင့် မခံမရပ်ဖြစ်ခြင်းတို့ဖြစ် စတင်ပြီး အမြင်မှုန်ဝါးခြင်းနှင့် နာကျင်ခြင်းသို့ ဆိုးဝါးသွားစေသည်။ မကုသဘဲထားသော် မျက်စေ့ကန်းသွားတတ်သည်။
Trachoma သည် ကမ္ဘာတစ်ဝှမ်း မျက်စိမမြင်ဖြစ်ခြင်းကို ကာကွယ်နိုင်သော အကြောင်းအရင်းတစ်ခုဖြစ်သည်။ ကမ္ဘာတစ်ဝှမ်းလုံးတွင် လူပေါင်း 8 million သို့အမြင်အာရုံ Trachoma ကြောင့် ပျက်စီးသွားသည်ဟု ခန့်မှန်းပါသည်။ Trachoma ကို စောစောကုသခဲ့လျှင် နောက်ဆင့်ပွားရောဂါများကို ကာကွယ်နိုင်ပါသည်။
ခံစားလက္ခဏာများ
အဓိက ရောဂါလက္ခဏာများ အစောပိုင်းအဆင့်တွင် မျက်စေ့နှင့် မျက်ခွံ မပြင်းထန်သောယားယံခြင်းနှင့် မခံမရပ်ဖြစ်ခြင်း၊ မျက်စေ့မှာ အချွဲ ( သို့ ) ပြည်များထွက်ခြင်း၊ ရောဂါသည် တိုးတက်ပြောင်းလဲလာကာ နောက်ပိုင်း Trachoma ရောဂါခံစားချက်များမှ
- အလင်းရောင်ကို သိရှိထိခိုက်လွယ်ခြင်း ထင်ရှားလာသည်။
- အမြင်များ မှုန်ဝါးခြင်း
- မျက်စေ့တွင် နာကျင်ခြင်း
o ကလေးငယ်များသည် ရောဂါကို ရရှိလွယ်သောလည်း ရောဂါတိုးပွားသည်မှာ နှေးလေသည်။ ၄င်းနောက်ကြီးပျင်းလာသည့်အချိန်တိုင် နာကျင်မှုမပေါ်လာပါ။
Trachoma ရောဂါကို အဆင့်ငါးခု ခွဲထားပါသည်။
- Inflanention ရောင်ရမ်းခြင်း folticular
o ၄င်းအဆင့်တွင် ရောဂါအစပြုစဖြစ်သည်။ မျက်စိအခန်း၏ အတွင်းဘက်တွင် အကျယ်ချဲ့သောမှန်နှင့် ကြည့်သောအခါ ငါးခုထက်ပိုပြီး အဖုလေးများ ( follidm ) မြင်ရသည့် lymphouyth ဟုခေါ်သော သွေးဖြူဥများဖြစ်သည်။
- Inflannation intense
o ရောင်ရမ်းခြင်းသည် ပိုများလာများလာပြီး ဒီအဆင့်တွင် မျက်စေ့သည် အလွန်ကူးစက်တက်ပြီး နေမထိမထိုင်မသာဖြစ်လာသည်။ အပေါ်မျက်ခမ်းသည်လည်း ထူထဲလာပြီး ရောင်ရမ်းလာမည်။
- Eyelid Scarring
o ရောဂါအဖန်တလဲလဲဖြစ်ပြီးသောအခါ မျက်ခမ်း၏အတွင်းဘက်တွင် အမာရွက်များဖြစ်စေပါသည်။ အမာရွက်များသည် မှန်ဘီးလူးဖြင့်ကြည့်သော် အဖြူလိုင်းများကဲ့သို့ပေါ်နေသည်။ မျက်ခမ်းသည် ပုံပျက်ပြီး အတွင်းသို့ဝင်နေသည့် Entropion
- Imgrown eyelasher
o အမာရွက်ဖြစ်နေသော မျက်ခမ်းအတွင်းနားသည် ဆက်လက်ပြီးပုံသဏ္ဍန်ပျက်စီးရာက မျက်တောင်များကို အတွင်းသို့ စိုက်ဝင်နေပြီး မျက်စေ့၏ အပြင်ဆုံးလွှာကို ပွတ်တိုက်ကုတ်ခြစ်နေလေသည်။
- Corneal Clouding
o အပေါ်မျက်ခမ်းအတွင်းဘက်ရောင်ရမ်းခြင်းကြောင့် မျက်စေ့၏ မျက်ကြည်လွှာကို ထိခိုက်စေသည်။ ဆက်တိုက်ရောင်ရမ်းခြင်းနှင့် အတွင်းသို့ စိုက်နေသော မျက်တောင်များပွတ်ခြင်းတို့ကြောင့် မျက်ကြည်လွှာသည် ကြည်ကြည်လင်လင်မရှိတော့ပါ။ ဒုတိယအဆင့် ရောဂါပိုးများဝင်ရောက်လာသောအခါ မျက်ကြည်လွှာများပေါ်တွင် အနာများဖြစ်လာပြီး တပိုင်းတစ ( သို့ ) လုံးလုံး မျက်မမြင် ဖြစ်တတ်သည်။
o မျက်ခမ်းစပ်ရောဂါ၏ လက္ခဏာများသည် အောက်မျက်ခမ်းထက် အပေါ်မျက်ခမ်းတွင် ပိုမိုပြင်းထန်တာတွေ့ရသည်။ အမာရွက်ပြင်းထန်လိုသောအခါ အပေါ်မျက်ခွံတွင် အဖြူလိုင်းပေါ်လာသည်။ မျက်ရည်ထွက်စေသော မျက်ရည်အိတ်များလည်း ထိခိုက်လာပြီး မျက်စေ့များအလွန်ခြောက်သွေ့ပြီးတော့ ရောဂါပိုမိုဆိုးရွားစေသည်။
ဘယ်အချိန်မှာ ဆရာဝန်နှင့်တွေ့ရမလဲ
သင် ( ဒါမှမဟုတ် ) သင့်ကလေးငယ်ဟာ ပျက်စီးယားယံနေတဲ့ မျက်စိကြောင့် ကနာမငြိမ်ဖြစ်နေမယ်။ အထူးသဖြင့် သင်ဟာ မကြာခင်ကဘဲ မျက်ခမ်းစပ်ရောဂါ အဖြစ်များတဲ့နေရာက ပြန်နာမယ်ဆိုရင် ဆရာဝန်ဆီ အမြန်ဆုံးသွားသင့်ပါတယ်။ Trachoma ဟာ ကူးစက်လွယ်တဲ့အခြေအနေတစ်မျိုးဖြစ်တဲ့အတွက် အမြန်ဆုံးအခြားသူများကို မကူးစက်ခင် ကုသသင့်ပါတယ်။
ဖြစ်ရတဲ့အကြောင်း
Trachoma ဟာ Chlamydia trachomatis ဆိုတဲ့ bacterium တစ်ခုကြောင့် ဖြစ်တတ်တာပါ။ လိင်ဆက်ဆံခြင်းမှလည်း ကူးစက်နိုင်ပါတယ်။ ဒီရောဂါရှိတဲ့လူရဲ့ မျက်စိနဲ့ နှာခေါင်းတို့နှင့် ထိတွေ့မိရာမှလည်း ကူးစက်နိုင်ပါတယ်။ လက်၊ အ၀တ်အစား၊ မျက်နှာသုတ်ပ၀ါ၊ inserts တွေဟာ ရောဂါကူးစက်နိုင်တဲ့ အရာတွေပါ။
ပိုမိုဖြစ်ပွားစေတဲ့အကြောင်း
- ဆင်းရဲခြင်း၊ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ ပိုပြီးဖြစ်ပွားစေပါတယ်။
- လူနေထူထပ်ခြင်း ၊ တစ်ဦးနှင့်တစ်ဦး နေထိုင်မှုနီးစပ်တာကလည်း ကူးစက်ဖို့ အခွင့်အရေးများပါတယ်။
- တစ်ကိုယ်ရေသန့်ရှင်းမှု ညံ့ဖျင်းခြင်း
- အသက် လေးနှစ်နှင့် ခြောက်နှစ်ကြား အဖြစ်များပါတယ်
- အမျိုးသမီးများမှာ အဖြစ်များပါတယ်
- ယင်ကောင်
- ရေအလွယ်တကူမရနိုင်ခြင်း water supply နှင့်ဝေးတဲ့အိမ်တွေမှာ အဖြစ်များပါတယ်။
အကျိုးဆက်များ
ဒီရောဂါဟာ အလွယ်တကူကုသလို့ရပေမဲ့ ကူးစက်ခြင်းမှနေပြီး နောက်ဆက်တွဲဝေဒနာတွေ ခံစားနိုင်ပါတယ်။
- Inner eylid မှာ အမာရွတ်ကျန်ခြင်း
- Eyelid deformities
- Inward folding of the eyelid ( မျက်ခွံကုတ်ဝင်ရောဂါ )
- အတွင်းသို့ လှည့်ပေါက်သော မျက်တောင်
- မျက်ကြည်လွှာ ဒဏ်ရာရခြင်း
- အမြင်အာရုံ တစိတ်တပိုင်း ဒါမှမဟုတ် လုံးဝ ဆုံးရှုံးခြင်း
ကုသနည်း
အဖြစ်များခြင်းအခြေအနေမှာ Antibiotics တစ်ခုထဲနှင့် ပျောက်ကင်းနိုင်ပါတယ်။ အသုံးများဆုံးကတော့
1. Tetracycline eye ointment နှင့်
2. Oral Azithromycin ( Zinthromax ) ဖြစ်တာကြာလာတဲ့အခြေအနေဆိုရင်တော့ ခွဲစိတ်မှုခံယူဖို့ လိုအပ်ပါတယ်။
ကာကွယ်နည်း
ဖွံ့ဖြိုးဆဲနိုင်ငံတွေကို ခရီးသွားမယ်ဆိုရင် တစ်ကိုယ်ရေသန့်ရှင်းရေးကို အထူးဂရုစိုက်ပါ။ တစ်ခါဖြစ်ဖူးရင် ပြန်ဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် သင်သာမက သင့်မိသားစုဝင်များ ( အတူနေ ) ကိုလည်း စစ်ဆေးပြီး လိုအပ်ရင် လိုအပ်သလို ကုသမှုခံယူသင့်ပါတယ်။ အထူးသဖြင့် တကိုယ်ရေသန့်ရှင်းရေးအတွက်
- မျက်နှာ သေချာသစ်ခြင်း၊ လက်သေချာဆေးခြင်း
- ယင်ကောင်များနှိမ်နင်းခြင်း
- အမှိုက်များ စနစ်တကျစွန့်ပစ်ခြင်း
- လတ်ဆက်တဲ့ရေ အလွယ်တကူရနိုင်အောင်လုပ်ခြင်း
 
 နောက်ဆက်တွဲ ဖတ်စရာ

မြန်မာနိုင်ငံရဲ့ ပူပြင်းခြောက်သွေ့တဲ့ ဒေသတွေမှာ မျက်ခမ်းစပ်ရောဂါ အဖြစ်များတယ်လို့ မျက်စိအထူးကု ဆရာဝန်တွေထံကနေ သိရပါတယ်။ မျက်ခမ်းစပ်ရောဂါဟာ Chlamydia Trachomatic (ချလာမိုင်ဒိုင်း ထရာချိုမတစ်)လို့ခေါ်တဲ့ မျက်ခမ်းစပ်ရောဂါပိုးကြောင့် ဖြစ်ပွားတဲ့ မျက်မြှေးရောင် ရောဂါတစ်မျိုးဖြစ်ပြီး အဲဒီရောဂါဟာ ခြောက်သွေ့တဲ့ ဒေသတွေမှာ ဖြစ်ပွားမှု များတယ်လို့ သိရပါတယ်။ မျက်ခမ်းစပ်ရောဂါဟာ မကြာခဏ ပြန်ဖြစ်ပွားတတ်ပြီး တစ်ကိုယ်ရေ သန့်ရှင်းမှု နည်းပါးတဲ့ သူတွေမှာ အဖြစ်များတယ်လို့လည်း ပြောပါတယ်။ ဆိုးလ်အမျိုးသား တက္ကသိုလ်မှ ဆမလက်မှတ်ရ မြန်မာနိုင်ငံသား ဆရာဝန်များ ပြုလုပ်ခဲ့တဲ့ ကျန်းမာရေး စစ်ဆေးမှု စစ်တမ်းအရ မျက်ခမ်းစပ်ရောဂါဟာ ပခုက္ကူဒေသမှာ အဖြစ်များတယ်လို့ သိရပါတယ်။ မျက်ခမ်းစပ်ရောဂါ ကာကွယ်နိုင်ဖို့ အတွက် လုပ်ဆောင်သင့်တာတွေကိုလည်း ဆိုးလ် အမျိုးသားတက္ကသိုလ်မှ ဆေးပညာဆိုင်ရာ အရာရှိ ဒေါက်တာမြတ်နိုးက အခုလိုပဲ အကြံပြု ပြောကြားပါတယ်။ မျက်ခမ်းစပ်ရောဂါ ဖြစ်ပွားပါက နောက်ဆက်တွဲ ရောဂါအဖြစ် မျက်တောင်စိုက်ရောဂါနဲ့ မျက်မွေးစူးရောဂါတွေ ဖြစ်ပွားနိုင်ပြီး မျက်စိကွယ်တဲ့အထိ ဖြစ်ပွားနိုင်တယ်လို့ သိရပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ မျက်စိရောဂါ အမျိုးမျိုးထဲမှာ မျက်ခမ်းစပ်ရောဂါ ဖြစ်ပွားမှုနှုန်း မြင့်မားခဲ့သော်လည်း လက်ရှိအချိန်မှာ အသက်တစ်နှစ်မှ ကိုးနှစ်အောက် ကလေးတွေမှာ (၁)ရာခိုင်နှုန်းအောက်အထိ ကျဆင်းနေပြီ ဖြစ်တယ်လို့ သိရပါတယ်။ မျက်စိရောဂါ ဖြစ်ပွားမှုတွေထဲမှာ မျက်ခမ်းစပ်ရောဂါဟာ (၄)ရာခိုင်နှုန်းအထိ ဖြစ်ပွားတယ်လို့ သိရပါတယ်။ ပူပြင်းခြောက်သွေ့တဲ့ ဒေသတွေမှာ မျက်ခမ်းစပ်ရောဂါအပြင် မျက်စိအတွင်းတိမ်ရောဂါ ဖြစ်ပွားမှုနှုန်းဟာလည်း များပြားလာတယ်လို့ သိရပါတယ်။ အသက်ကြီးပိုင်းတွေမှာ ဖြစ်ပွားမှုနှုန်း မြင့်မားတဲ့ မျက်စိအတွင်းတိမ်ရောဂါကို ယခုနောက်ပိုင်းလူငယ်နဲ့ လူလတ်ပိုင်းတွေမှာပါ တွေ့ရှိမှုနှုန်း များပြားလာတယ်လို့ မျက်စိအထူးကုဆရာဝန်တွေထံကနေ သိရကြောင်း သတင်းရရှိပါသည်။

No comments:

Post a Comment