Tuesday 7 October 2014

မြန်မာသမိုင်းဖြစ်စဉ်အကျဉ်း

မြန်မာသမိုင်းဖြစ်စဉ်အကျဉ်း ကိုတော့ နှောင်းလူများ လေ့လာ သိရှိနိုင်ရန် ဗဟုသုတအဖြစ် တင် ပြလိုက်ပါသည်။
မြန်မာ့မြေလွှာ
၁။ မြန်မာ့မြေလွှာသည် ကမ္ဘာ့မြေလွှာများနှင့်အတူ လွန် ခဲ့သော နှစ်သန်း ၆၀၀ ခန့်မှစ၍ ဖြစ်တည်ခဲ့သည်ဟု ဘူမိဗေဒ ပညာရှင်များက အသိအမှတ်ပြု သည်။ သမိုင်းမတင်မီလွန်ခဲ့သော နှစ်သန်း ၄၀ ခန့်မှစ၍ မြန်မာ့ မြေလွှာတွင် လူသားများနေထိုင်ခဲ့ ကြကြောင်းလည်း တွေ့ရှိသော ရုပ်ကြွင်းအထောက်အထားများ အရ ဘူမိဗေဒပညာရှင်များ၊ မနု ဿဗေဒပညာရှင်များက အတည် ပြုကြသည်။
မြို့ပြနိုင်ငံများ
၂။ အေဒီ ၁ရာစုမှစ၍ မြန်မာ့လူ့အဖွဲ့အစည်းတွင် မြို့ပြ နိုင်ငံများဖြင့် စနစ်တကျ ဖွဲ့စည်း နေထိုင်ခဲ့ကြကြောင်း၊ ဗိဿနိုး၊ ဟန်လင်း၊ တကောင်း၊ သရေခေတ္တရာ၊ သုဝဏ္ဏဘုမ်္မိ၊ ဝေသာလီ (ရခိုင်)မြို့ပြနိုင်ငံများက စကား မပြောသောသက်သေများအဖြစ် အခိုင်အမာပြဆိုလျက်ရှိသည်။
မြန်မာပဒေသရာဇ်ခေတ်ကြီးများ
၃။ မြန်မာပဒေသရာဇ်၏ ခေတ်ကြီးများ ပုဂံ၊ ပင်းယ၊ စစ် ကိုင်း၊ အင်းဝ၊ တောင်ငူ၊ ညောင် ရမ်း၊ ကုန်းဘောင်ခေတ်ဟူ၍ အကြမ်းမျဉ်း ၇ ခေတ်ခွဲထား သည်။
ပုဂံခေတ် (အေဒီ ၅၆၁ မှ အေဒီ ၁၃၆၈ ထိ
၎။ သမုတိရာဇ်မင်းမှ သည် စောမွန်နစ်ထိ မင်းဆက် ၅၅ ဆက်ရှိခဲ့သည်။ အနော်ရထာ မင်းကြီး(အေဒီ ၁၀၄၄-၁၀၇၇) သည် ၄၂ ဆက်မြောက်ပုဂံမင်း ဆက်ဖြစ်ပြီး ပထမမြန်မာနိုင်ငံ တော်ကြီးကို ထူထောင်ခဲ့သည်။ ၎င်း၏ ပထမမြန်မာနိုင်ငံတော် ကြီးသည် ၅၅ ဆက်မြောက် ပုဂံ မင်းဆက်ဖြစ်သော စောမွန်နစ် (အေဒီ ၁၃၂၅-၁၃၆၈)တွင် ပျက် သုဉ်းခဲ့သည်။
ပင်းယခေတ်(အေဒီ ၁၃၀၉ မှ ၁၃၆၄ ထိ)
၅။ သီဟသူ (အေဒီ ၁၃၀၉-၁၃၂၅)မှ ဥဇနာပြောင် (အေဒီ ၁၃၅၉-၁၃၆၄)ထိ မင်းဆက် ၆ ဆက်ရှိခဲ့သည်။ ၎င်းနှင့် ထီးပြိုင် နန်းပြိုင် စစ်ကိုင်းမင်းဆက်ရှိခဲ့ သည်။ စစ်ကိုင်းတွင် အသင်္ခယာ စောယွန်း (အေဒီ ၁၃၁၅-၁၃၂၃) မှ သီဟပတေ့ (အေဒီ ၁၃၅၂-၁၃၆၄)ထိ မင်းဆက် ၇ ဆက် ရှိခဲ့သည်။
အင်းဝခေတ် (အေဒီ ၁၃၆၄-၁၃၆၇)
၆။ သတိုးမင်းဖျား (အေဒီ ၁၃၆၄-၁၃၆၇)မှ ငါးဆူဒါယကာ ၏ သား မင်းရဲကျော်စွာ (အေဒီ ၁၅၈၆-၁၅၉၃)ထိ မင်းဆက် ၂၀ ရှိခဲ့သည်။
တောင်ငူခေတ်(အေဒီ ၁၄၈၅-၁၆၀၀)
၇။ မင်းကြီးညို (အေဒီ ၁၄၈၅-၁၅၃၀)မှ ငါးဆူဒါယကာ နန်္ဒဘုရင်(အေဒီ ၁၅၈၁ မှ ၁၆၀၀) ထိ မင်းဆက် ၄ ဆက် ရှိခဲ့ပြီး ဟံသာဝတီဆင်ဖြူရှင် ဘုရင့် နောင် (အေဒီ ၁၅၅၀-၁၅၈၁) သည် ဒုတိယမြန်မာနိုင်ငံတော် ကြီးကို ထူထောင်နိုင်ခဲ့သည်။
ကုန်းဘောင်မင်းဆက် (အေဒီ ၁၇၅၂-၁၈၈၅)
၈။ တတိယမြန်မာနိုင်ငံ တော်ကြီးကို ထူထောင်ခဲ့သည့် အလောင်းမင်းတရားကြီး ဦးအောင် ဇေယျ (အေဒီ ၁၇၅၂-၁၇၆၀) မှသည် သီပေါမင်း (အေဒီ ၁၈၇၈ မှ ၁၈၈၅)ထိ ကုန်းဘောင် မင်းဆက် (၁၁)ဆက်ရှိခဲ့သည်။ နောက်ဆုံးမင်းဆက်ဖြစ်သဖြင့် မင်းဆက်(၁၁)ဆက်မှာ-
(က) အလောင်းဘုရား ၁၇၅၂-၁၇၆၀
(ခ) နောင်တော်ကြီး ၁၇၆၀-၁၇၆၃
(ဂ) ဆင်ဖြူရှင် ၁၇၆၃-၁၇၇၆
(ဃ) စဥ့်ကူးမင်း ၁၇၇၆-၁၇၈၂
(င) ဖောင်ကားစားမောင်မောင် ၁၇၈၂-၁၇၈၂ (၇)ရက်
(စ) ဘိုးတော်ဘုရား ၁၇၈၂-၁၈၁၉
(ဆ) ဘကြီးတော် ၁၈၁၉-၁၈၃၇
(ဇ) သာယာဝတီမင်း ၁၈၃၇-၁၈၅၂
(ဈ) ပုဂံမင်း ၁၈၅၂-၁၈၅၃
(ည) မင်းတုန်းမင်း ၁၈၅၃-၁၈၇၈
(ဋ) သီပေါမင်း ၁၈၇၈-၁၈၈၅ ထိဖြစ်သည်။
မြန်မာနိုင်ငံ အင်္ဂလိပ်လက် အောက်ရောက်ခြင်း
၉။ အင်္ဂလိပ်တို့သည် မြန်မာ နိုင်ငံအား အေဒီ ၁၈၂၄၊ ၁၈၅၂ နှင့် အေဒီ ၁၈၈၅ တို့တွင် စစ်ပွဲ ၃ ကြိမ် ဆင်နွှဲခဲ့ပြီး ၁-၁-၁၈၈၆ တွင် မြန်မာတစ်နိုင်ငံလုံး ကို သိမ်းပိုက်ခဲ့သည်။ ကျွန်ဘ၀ရောက်သည်။
လွတ်လပ်ရေးကြိုးပမ်းမှုဖြစ်စဉ် အချို့
၁၀။ ၁၉၀၆ တွင် ၀ိုင်အမ် ဘီအေခေါ် ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်း ဖွဲ့ပြီး လွတ်လပ်ရေးရရှိရေး စတင်ဆောင်ရွက်ခဲ့သည်။
၁၁။ ၁၉၁၉ တွင် မြန်မာ အမျိုးသမီးကုမ္မာရီအသင်း ဖွဲ့စည်း ဆောင်ရွက်ခဲ့သည်။
၁၂။ ၁၉၂၀ တွင် ၀ိုင်အမ် ဘီအေမှ မြန်မာနိုင်ငံလုံး ဆိုင်ရာ အသင်းချုပ်ကြီး ဂျီစီဘီအေဖွဲ့သည်။ ပထမ ကျောင်းသားသပိတ်မှောက် ခဲ့သည်။
၁၃။ ၁၉၃၀ တွင် တို့ဗမာ အစည်းအရုံးထူထောင် သည်။ ထိုနှစ်တွင် ဆရာစံ ဦးဆောင်သော တောင်သူ လယ်သမား အရေးတော်ပုံ ဖြစ်ပွားသည်။
၁၄။ ၁၉၂၃-၃၇ အင်္ဂလိပ် က မြန်မာနိုင်ငံကို ဒိုင်အာခီ အုပ်ချုပ်ရေးဖြင့် အုပ်ချုပ် သည်။
၁၅။ ၁-၄-၃၇ မှ ၁၀-၁၂-၁၉၄၂ ထိ ကိုးဆယ့်တစ်ဌာန အုပ်ချုပ်ရေးစနစ်ကျင့်သုံး သည်။
၁၆။ ၈-၁-၁၉၃၈ (၁၃၀၀ ပြည့်အရေးတော်ပုံ)ချောက် ရေနံမြေသပိတ်စတင် သည်။
၁၇။ ၁၉၄၁ ဒီဇင်ဘာ ၂၆ ရက် ဘီအိုင်အေဖွဲ့သည်။
၁၈။ ၁၉၄၅ မတ်လ ၂၇ ရက်တွင်ဂျပန်ကို တော် လှန်သည်။
၁၉။ ၁၉၄၇ ဆိုရန်တိုဗီလာ ပြန်လည်ထူထောင်ရေးစီမံ ကိန်းချမှတ်သည်။
၂၀။ ၁၉၄၇ ဖေဖော်ဝါရီလ ၁၂ ရက်တွင် ဗိုလ်ချုပ်အောင် ဆန်းနှင့် အခြားသော ပြည်နယ်ခေါင်းဆောင်များ ညီညွတ်မှုရယူကာ ပင်လုံ စာချုပ်ကို ချုပ်ဆိုနိုင်ပြီး တိုင်းရင်းသားစည်းလုံး ညီ ညွတ်မှုကို အခိုင်အမာ ရယူနိုင်ခဲ့သဖြင့် “ပြည် ထောင်စုနေ့”အဖြစ် ပေါ် ပေါက်ခဲ့ရသည်။
၂၁။ ၄-၁-၁၉၄၈ တွင် မြန်မာ နိုင်ငံသည် လွတ်လပ်သည့် အချုပ်အခြာအာဏာပိုင်နိုင်ငံ တစ်ခုဖြစ်လာသည်။

မြန်မာ့သမိုင်း
The Express Times

No comments:

Post a Comment