Wednesday 8 October 2014

စိန်ခေါ်မှုကို လက်ခံခြင်း



ကြီးပွားအောင်မြင်ချင်တဲ့သူဟာ “စိန်ခေါ်ခြင်း”ကို လက်ခံနိုင်ရတယ်။ စိန်ခေါ်ခြင်းကို လက်ခံနိုင်တဲ့ သတ္တိမရှိရင် မကြီးပွားချင်ပါနဲ့။ မအောင်မြင်ချင်ပါနဲ့။ စိန်ခေါ်တဲ့ဥစ္စာကို လက်ခံနိုင်တဲ့ သတ္တိရှိမှ။ ကုန်ကုန်ပြောလိုက်မယ် ဓားသွေးတယ်ဆိုတာ ကျောက်တုးံပေါ်သွေးရတာ၊ ကတ္တီပါပေါ် သွေးလို့ ဓားထက်တာ မဟုတ်ဘူး။
စိန်ခေါ်တာကို လက်ခံနိုင်မှ အောင်မြင်တာ၊ အောင်မြင်ချင်တယ် ဆိုလို့ရှိရင် တိုက်ပွဲရှိရတယ်။ ဘာတိုက်ပွဲမှ မရှိဘဲနဲ့“ ငါအောင်မြင်တယ် ”ဆိုရင် အရူးဖြစ်နေမယ်။

အောင်သင်း
ပုံမှန်တိုင်းလမ်းဟောင်းကြီးတိုင်းသွားရင် အောင်မြင်မှုလမ်းမပေါ်ကို ရောက်ဖို မလွယ်လှပါဘူး။ လူတိုင်းကစိန်ခေါ်မှုတွေကို လက်ခံမှ သာဘ၀မှာ အောင်မြင်မှုတွေကြုံတွေရမှာပါ။
အလုပ်တခုကိုလုပ်မယ်ဆိုရင် ဒါမဖြစ်နိုင်ပါဘူးလို လွယ်လွယ် နဲ့တွေးလိုက်ကြပါတယ်။ ဘာကြောင့် မဖြစ်နိုင်တာလဲ။ ဘယ်အချက်တွေက ခက်ခဲနေတာလဲ စသဖြင့် ဆက်မတွေးဘဲလွယ်လွယ်နဲ့ လက်လျော့လိုက်ကြပါတယ်။
လုပ်ငန်းသစ်တွေ၊ နည်းပညာသစ်တွေကို လက်ခံဖိုလဲ အင်မတန်မှ ကြောက်တက်ပါတယ်။ မှားသွားရင်ရော။ မအောင်မြင်ရင်ကော၊ ခံလိုက်ရရင်ကော စသဖြင့်ပေါ့လေ။ တကယ်လို အောင်မြင်သွားရင် အထိကို ဆက်မတွေးကြတာကတော့ အန်မတန် နှမြောစရာ ကောင်းပါတယ်။
တခြားသူကမကောင်းဘူး။ အလုပ်သင့်ဘူးပြောတာနဲ့ဆက်မလုပ်ဘဲ ရပ်တန့်လိုက်တာမျိုး၊ ကိုယ့်အတွေး မပါဘဲ အားလုးံကောင်းတယ်ဆို လိုက်ကောင်းလိုက်တာမျိုးကို လုးံဝ ရှောင်ရှားသင့်ပါတယ်။
လက်တွေ့ကျကျကိုလက်ခံပါ။ လုပ်ဆောင်ပါ။ ကြိုးစားကြည့်ပါ။
K.K(ကနောင်)

No comments:

Post a Comment