Tuesday 7 October 2014

သြဇာသီး(sweet sop) မူရင်းဒေသ အရှေ့တောင်အာရှ


လူကြီးများအတွက် ဓာတ်စာ လူငယ်များအတွက် သွားရည်စာဖြစ်သော သြဇာသီးကို လူကြိုက်များ လှပေသည်၊ လူကြီးသူမများကို ကန်တော့ရန်၊ လက်ဆောင်ပေးရန် မျက်နှာပန်းလှသော အသီး ဖြစ်ပါသည်။ သြဇာ မျိုးများမှာ
ဒူးရင်းသြဇာ
သင်္ဘော သြဇာ
အော်လဲသြဇာ နှင့်
လူကြိုက်များလှသောစားနေကျ သြဇာ ဟူ၍အမျိုးမျိုးရှိပါသည်။ စားနေကျသြဇာတွင် ခွံစိမ်းသီးနှင့်ရွှေနီသီးဟူ၍ရှိသည်၊ ခွံစိမ်းသီးကို လူကြိုက်များပါသည်။

စိုက်ပျိုးခြင်း

မြေအမျိုးအစားမရွေး စိုက်ပျိုးနှိုင်ပါသည်၊ ပူနွေးသောရာသီကို ကြိုက်သည်၊ မိုးများခြင်းနှင့် အအေးဒဏ်ကို မကြိုက်ပါ၊ ရေဝပ်ခြင်းကို မကြိုက်ပါ။ အစေ့မှ ပျိုးထောင်စိုက်ခြင်း၊ မြေထုပ်စည်းကိုင်းကူး စိုက်ခြင်းတို့ဖြင့် စိုက်နှိုင်ပါသည်။ အစေ့မှစိုက်သောအပင်သည် ရေသောက်မြစ်ပါသဖြင့် နွေရာသီ ပူပြင်းလွန်းသော အခါတွင်ပင် ရေမပေးဘဲ ထားနှိုင်ပါသည်၊ သို့သော် ၅နှစ်ကျော် ၆နှစ်တွင်မှ စတင်သီးပါသည်။

မြေထုပ်စည်း ကိုင်းကူးပင်မှာ ၂နှစ်သားတွင် စတင်သီးပါသည်၊ သို့သော် ရေသောက်မြစ် မပါရှိသဖြင့်နွေရာသီ ပူပြင်းသောအခါများတွင် ရေပေးရန်လိုပါသည်။
တစ်ပင်နှင့်တစ်ပင် ၁၀ပေခွာ၍ စိုက်ပျိုးနှိုင်ပါသည်၊ သြဇာပင်များပန်းပွင့်သည့် တန်ခူး၊ ကဆုန် လများတွင် တစ်ပင်လျှင် နွားချေးတစ်ခွဲနှင့် NPK 15:15:15 နို့ဆီဘူးတစ်ဘူး ထည့်ပေးပြီး ရေပေးသွင်းနှိုင်မည်ဆိုပါလျှင် အသီးချော၍ ထွက်နှုန်းကောင်းပါသည်။

(သြဇာကို မြေထုပ်စည်း ကိုင်းကူးမည်ဆိုလျှင် အကိုင်းဆတ်လွန်းသဖြင့် မိုးဒါဏ်လေဒါဏ်ကြောင့် အကိုင်းမကျိုးစေရန် ဝါး ၊ကြိုးတို့ဖြင့် ကူပေးရပါမည်)

No comments:

Post a Comment