Thursday 16 October 2014

ကွန်ဖြူးရှပ်ပြောတဲ့စကား

တရုတ် တွေးခေါ်ပညာရှင်ကြီး ကွန်ဖြူးရှပ်သည်
တနေ့ ညနေတွင် လမ်းလျှောက်ထွက်လာလေတယ်။ လမ်းမှာ လူ၂ယောက်နဲ့တွေ့တဲ့အခါ
ပထမလူက အရင်ပြောတယ်။ "ကွန်ဖြူးရှပ်.. ခင်ဗျားက အရမ်းတော်တဲ့သူပဲ။ အရာရာမှာ စဉ်းစားတွေးခေါ်တတ်တယ်။ ကောင်းရာကိုညွှန်ပြတတ်တယ်။ လူတွေက ခင်ဗျားဆို လေးစားကြတယ်။ ခင်ဗျားက သိပ်ကို အထင်ကြီးလေးစားဖို့ကောင်းတဲ့သူပဲ" ဆိုပြီး ချီးကျူးတယ် တဲ့။ အဲဒီတော့ ကွန်ဖြူးရှပ် က ထိုလူကို ပြုံးပြီးကြည့်နေတယ်။ ဘာမှပြန်မပြောဘူး။ အဲဒီအချိန်မှာပဲ ဒုတိယလူတစ်ယောက် ဆက်ပြောပြန်ရော။ "ကွန်ဖြူးရှပ်.. ခင်ဗျားက အာပလာကောင်ကြီးပါဗျာ.. လူတွေက ခင်ဗျားကို စွတ်အထင်ကြီးနေကြတာ တကယ်တမ်းတော့ ခင်ဗျားက သိတဲ့တတ်တဲ့သူမဟုတ်ပါဘူး။ အလကားပါဗျာ" လို့ ကဲ့ရဲ့တယ်..တဲ့။ အဲဒီလူကိုလဲ ကွန်ဖြူးရှပ် က ပြုံးပြီးကြည့်နေတယ်။ ပြီးတော့ သူ့လမ်းသူ ဆက်လျှောက်သွားတယ်။ အဲဒီအဖြစ်အပျက်ကို အစအဆုံးမြင်လိုက်တဲ့ တံငါသည်တစ်ယောက်က... ကွန်ဖြူးရှပ် နား ကပ်သွားပြီး မေးတယ် ။ "ခင်ဗျားက ခင်ဗျားကို ချီးမွမ်းတဲ့လူ ကိုကော ကဲ့ရဲ့တဲ့လူကိုပါ ဘာမှပြန်မပြောပါလား။ ဘာဖြစ်လို့လဲဗျ" ဆိုတော့ ကွန်ဖြူးရှပ် က ပြုံးပြီး
"သူတို့တွေ ချီးမွမ်းသည်ဖြစ်စေ ကဲ့ရဲ့သည်ဖြစ်စေ ငါ့ရဲ့ နဂိုမူလ အရည်အချင်းကို ထိခိုက်မသွားပါဘူး။ ချီးမွမ်းတာကို မြောက်နေလို့လဲ တိုးတက်လာမှာမဟုတ်သလို ကဲ့ရဲ့တာကို ခံစားနေလို့လဲ ဘဝက နိမ့်ကျမသွားပါဘူး။ နေတတ်ဖို့ပဲလိုပါတယ်။ နောက်ပြီး စကားတွေအားလုံးကိုလည်း အထအနကောက်ပြီးဗွေယူလို့လဲ မသင့်ဘူး။ငါတို့တွေဟာ ချီးမွမ်းခံရဖို့ ကဲ့ရဲ့မခံရဖို့ အလုပ်လုပ်နေကြတာမဟုတ်ဘဲ။ကိုယ်တတ်စွမ်းသမျှ အကျိုးပြုဖို့သာ အဓိကပါပဲ'' ဟု တံငါသည်အား ပြောကြားလိုက်ပေသည်။

The Express Times
Credit- Original Writer

No comments:

Post a Comment