Wednesday 8 October 2014

လင်းယုန်ငှက် ပုံပြင်

လင်းယုန်ငှက်ဟာ ကမ္ဘာပေါ်မှာ အသက် အရှည်ဆုံး ငှက်တစ်မျိုးဖြစ်ပြီး အသက် (၇၈) နစ်အထိ အသက်ရှင်နေ ထိုင်နိုင်ပါတယ်။ ဒါပေမဲ့ သူတို့ဟာ အသက် ရှည်ရှည် နေနိုင်ဖို့ အတွက် သူတို့ရဲ့ အသက်(၄၈)နှစ်မှာ ခက်ခဲတဲ့ဖြစ်စဉ် အတွက် အရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုကို ချကြရပါတယ်။
သူ့အသက် (၄၈) နှစ်ရောက်တဲ့ အခါမှာ သားကောင်ကို ဖမ်းဖို့အတွက် သူ့ရဲ့လက်သည်းတွေဟာ စတင်ပျက်စီး လာပါတယ်။ နှုတ်သီးတွေကလဲ ရင်ဘတ်ထိအောင် ရှည်လာပြီးနောက် ကောက်လာပြီး အတောင်တွေကလဲ အရမ်းလေးလာပါတယ်။
အမွှေးတွေကလဲ အရမ်းထူလာတဲ့အတွက် ပျံရတာလဲ အရမ်းပင်ပန်းလှပါတယ်။ သူ့မှာ ရွေးချယ် စရာနှ စ်လမ်းပဲရှိပါတယ်။ ဒီအတိုင်းနေပြီးဘာမှ မလုပ်တော့ပဲ အသေခံမလား၊ နာကျင်ခက်ခဲတဲ့ ဖြစ်စဉ်တစ်ခုကို ဖြတ်သန်းပြီး အသက်ဆက်ရှင်မလား ဆိုတာပါပဲ ။ မစွန့်စားပဲ သေရတာထက် စာရင် စွန့်စားပြီး သေရတာကပိုပြီး မြတ်ပါလိမ့်မယ်။
ဒါကြောင့် အလွန်မြင့်တဲ့ တောင်တစ်ခုဆီ ပျံသန်းသွားပြီး အသိုက်တစ်ခု တည်ဆောက်လိုက်ပါတယ် ။ ပြီးတော့ ထပ်မပျံသန်းပဲ အဲဒီမှာပဲ နားနေပါတယ်။ နာကျင်ခက်ခဲတဲ့ ဖြစ်စဉ်ကို ကျော်ဖြတ်ဖို့ အစ ကနေ အဆုံးထိရက်ပေါင်း(၁၅၀) နှစ်ထက်ဝက်နီးပါး ကြာမြင့်ပါတယ်။
သူဟာ ပထမဦးဆုံး သူ့ရဲ့နုတ်သီးကို ကျောက်ဆောင်နဲ့ ရိုက်ပြီး ဖြုတ်ပြစ်ရပါတယ်။ သည့်နောက် မှာတော့သူရဲ့ နှုတ်သီး အသစ်ထွက်လာတဲ့အထိ တိတ်ဆိတ်စွာနဲ့ စောင့်ဆိုင်းနေခဲ့ရပါတယ် ။ နှုတ် သီးအသစ် ထွက်လာချိန်မှာ ဒီနုတ်သီးနဲ့ပဲ ခြေသည်းတွေကို တစ်ခုပြီးတစ်ခု ဆွဲနှုတ်ပစ်ရပါတယ် ။
ခြေသည်း အသစ်တွေ ထွက်လာချိန်မှာ သူ့ရဲ့ အတောင်တွေကို တစ်ခုပြီးတစ်ခု နုတ်ပြစ်ရပြန်ပါတယ်။ အတောင်ပံ အသစ်တွေ ထွက်လာချိန်မှာတော့ သူ့ရဲ့ခက်ခဲစွာ ဖြတ်သန်းရတဲ့ ရက်ပေါင်းက (၁၅၀) ကြာသွားပါတယ်။ သည့်နောက်မှာတော့ သူဟာ ပျံသန်းနိုင်ပြီဖြစ်ပြီး နောက်ထပ် နှစ်ပေါင်း (၃၀) ကြာ အသက် (၇၈) နှစ်အထိ အသက်ရှင်နေထိုင်နိုင်ပါ တော့တယ်။
ဒီအဖြစ်အပျက်ကတော့ (change)ဆိုတဲ့ပြောင်းလဲမူကို ပြောချင် တာပါ။ တစ်ခါ တစ်ရံမှာ ကျွန်တော်တို့ တွေဟာ ဘဝအသစ်အတွက် ခက်ခဲတဲ့ ဆုံးဖြတ်ချက်တွေချကြရပါတယ်။ ဘဝကို အောင်အောင်မြင်မြင်နဲ့ ဆက်လက်ဖြတ်သန်းချင်ရင်တော့ ကျွန်တော်တို့ ရဲ့ အကျင့် ဆိုးတွေ ထုံးစံတွေကို လွှင့်ပစ်ရပါလိမ့်မယ်။
ကျွန်တော်တို့ ဟာ အတွေးအခေါ်အသစ်တွေကို လက်ခံချင်စိတ် ရှိတာနဲ့အမျှ အတွေးခေါ်ဟောင်းတွေကို စွန့်ပစ်ရလိမ့်မယ်။ ကိုယ့်ရဲ့အစွမ်းအစတွေ ဖော်ထုတ် နိုင်ပြီး လှပတဲ့ အနာဂတ်အသစ်တွေကို တည်ဆောက်နိုင်ရပါမယ်။
တိရိစ္ဆာန်ဖြစ်တဲ့ လင်းယုန် ငှက်တောင် သူ့ခန္ဓာကိုယ်မှာရှိတဲ့ မလိုလားအပ်တဲ့ အင်္ဂါအစိတ်အပိုင်းကို နုတ်ပယ်နိုင်သေးရင် အသိဉာဏ်ရှိတဲ့ လူသားတွေကရော ကိုယ့်ကိုယ်ကို အပြောင်း အလဲ မလုပ်နိုင်ကြတော့ဘူးလား။
လင်းယုန် ငှက်ဟာ နာကျင်ခက်ခဲ စွာပြောင်းရတာပါ။ လူသားတွေဖြစ်တဲ့ ကျွန်တော်တို့က နာကျင် စရာမရှိပဲ "အတွေးအခေါ် အဟောင်း အမူအကျင့် အဟောင်း မကောင်းတဲ့ စရိုက်တွေကို မစွန့် လွှတ်နိုင်ကြဘူးလား မပြောင်းလဲနိုင်ကြဘူးလား ဒီအတိုင်းဆက်သွားမလား" ဆိုတာ စဉ်းစားစေချင် ပါတယ်။ တစ်ခုခု ရကြပါစေ။
Luu Phyu
www.bellbagan.com

No comments:

Post a Comment