Thursday 9 October 2014

ဆိုင်းသမ စုလတ်နိုင် ပြောတဲ့ မြန်မာ့ဆိုင်းဝိုင်းက ဗုံ၃၁လုံး

၃၁ဘုံနေထိုင်ကြကုန်သော သတ္တဝါအပေါင်းကိုသာယာနာပျော်ဖွယ် အသံတွေနဲ့ စိတ်ချမ်းမြေ့အောင် ဖန်တီပေးနိုင်ရန်အတွက် အင်ဝခေတ်က မင်းသားတစ်ပါးပာာ ၃၁ ဘုံ ကိုရည်ညွှန်း၍ ဗုံ ၃၁ လုံးကို စတင်တီထွင်ခဲ့ပါတယ် ... ဆိုင်းဝိုင်းထဲမှာ ဗုံ ၃၁ လုံ ဖြစ်ဖို့ ပတ်လုံးဗုံ၂၁လုံးပါတဲ့ ရှစ်ချပ်ထောင်ဆိုင်းဝိုင်း ကြီးပာာဖြင့် ဗြမ္မာဘုံ ၂၀ နှင့် လူ့ဘုံ ၁ ဘုံ ကိုရည်ညွှန်း၍ ဗုံ ၂၁ လုံးဖြင့်ဖွဲ့စည်းထားပါတယ် ။ ခြောက်လုံးပတ်ဗုံ ဆိုတာကတော့ နတ်ပြည် ၆ ထပ်ကို ရည်ညွှန်းထားတာဖြစ်ပါတယ် ။ စခွန့်ဗုံ ပတ်မကြီးဗုံ စည်တော်ကြီးဗုံနှစ်လုံး အစရှိတာတို့ကတော့ အပါယ် ၄ ဘုံကို ရည်ညွှန်းထားတာဖြစ်ပြီး အားလုံးပေါင်း ၃၁ဗုံ ဖြင့်အသံမျိုးစုံ ထွက်ပေါ်လာပါတယ်။ ဗုံတိုင်းသူအသံနဲ့သူ သာယာနာပျော်ဖွယ်စွာအသံထွက်ပါတယ် ။ ထို့အတူ မြန်မာ"စာ" သည်လည်း ယခုဘဒ္ဒကမ္ဘာမှာပထမဦးဆုံးပွင့်တော်မူခဲ့သော "က" ကကုသန်မြတ်စွာဘုရားကို ရည်ညွှန်းထားတာဖြစ်ပြီး နောက်ဆုံးစာလုံး "အ" ကတော့ ဤဘဒ္ဒကမ္ဘာမှာ နောက်ဆုံးပွင့်တော်မူမည့် အရိမေတ္တယျ မြတ်စွာဘုရားကိုရည်ညွှန်းထား တာဖြစ်ပါတယ် ။
ချစ်သေားပရိတ်သတ်အားလုံးကို အစဉ်လေးစားလျှက် ။ .... ။ စုလတ်နိုင် ။

No comments:

Post a Comment