Thursday 16 October 2014

အောင်မြင်ဖို့အတွက် လှို့ဝှက်ချက်

တစ်ခါက လူငယ်တစ်ယောက်က အောင်မြင်ဖို့ အတွက်
" လျှို့ဝှက်ချက်က ဘာလဲ " ဆိုတာ ဆိုကရေးတီးကို လာမေးတယ် . . .
ဒါနဲ့ . . . . .
ဆိုကရေးတီးကလည်း အဲဒီလူငယ်ကိုခေါ်ပြီး
မြစ်ကမ်းတစ်ခုကို လျှောက်လာခဲ့တယ် . . .
မြစ်ရဲ့ ကမ်းစပ်နားကို ရောက်တာနဲ့ ဆိုကရေးတီးက
ထိုလူငယ်ရဲ့ လည်ပင်းကိုကိုင်ပြီး မြစ်ထဲသို့ ခေါင်းကို နှစ်ချလိုက်ပါတယ် . . .
အချိန်နဲနဲ ကြာလာတော့ လူငယ်လည်း အသက်ရှူကြပ်လို့  မခံနိုင်တော့တာနဲ့
ဆိုကရေးတီး က ထိုလူငယ်ကို လွှတ်ပေးလိုက်ပါတယ် . . .
လွှတ်လွှတ်ချင်းပဲ လူငယ်က ခေါင်းကို ချက်ချင်းထောင်ပြီး
အသက်ကို ပြင်းပြင်းလေး ရှူသွင်းပါတယ် . . .
ဒါနဲ့ ဆိုကရေးတီးကမေးတယ် . . .
" မင်းရေထဲနစ်နေချိန်မှာ မင်းအလိုအပ်ဆုံးကဘာလဲ ? "
လူငယ်ကလည်း " လေ လို့  " ပြန်ဖြေလိုက်တယ်
ဒီတော့ ဆိုကရေးတီးကပြောတယ် . . .
" အောင်မြင်ဖို့ အတွက် လိုအပ်တဲ့အချက်က
မင်းရေနစ်နေချိန်မှာ လိုအပ်တဲ့ လေလိုပဲ ဒါဟာ ဘာ လျှို့ချက်မှ မဟုတ်ဘူး
မင်းမှာသာ ဖြစ်ချင်စိတ်နည်းနေရင် ကောင်းမွန်တဲ့ရလဒ် ရလာမှာမဟုတ်သလို
အောင်မြင်ချင်တဲ့သူဟာ အမြဲတန်းအောင်မြင်နေဖို့  အကြောင်းကြံရွယ်နေရမယ် "
အစဉ်လေးစား ခင်မင်လျှက်
ခင်အေးငယ်

No comments:

Post a Comment