ကြွေ ကို အင်္ဂလိပ် က Porcelain လို့ခေါ်တယ်။ တရုတ်စကား ကို အင်္ဂလိပ်လို
ဘာသာပြန်ထားတာလို့ ထင်တယ်။ တရုပ်လူမျိုးတွေ က ကြွေကို ( TZU ) လို့ခေါ်
ပြီး အနောက်တိုင်းအခေါ်ဝေါ် ( Stone Ware ) နဲ့ဆင်ဆင်တူပါတယ်။
ကြွေထည် တခု လို့ အဓိပ္ပါလ် သတ်မှတ် နိုင်ဖို့ရာ သတ်မှတ်ချက်တွေ ရှိပါတယ်။
ကြွေထည် ဖြစ်ဖို့ရာ မှာ
၁။ ဖြူဖွေးတဲ့အရောင် ရှိ ပြီး ဖန်သားလို ဖြစ်နေရပါမယ်။
၂။ကြည်လင်ပြီး အလင်းဖြတ်သန်းနိုင်ရမယ် ။
၃။ အပူချိန် ၁၂၈၀ ဒီဂရီ စင်တီ ဂရိတ် ခန့် မီးဖုတ်ထားတဲ့အတွက်
ကျောက်သားလို မာကြောနေရပါမယ်။
ဒီအချက်တွေ က ကြွေထည် တခုရဲ့ အဓိပ္ပါလ်ဖွင့်ဆိုချက်ဖြစ်တယ်။
ကြွေထည်မှာ တရုပ် က စံပြဖြစ်တယ်။ တရုတ်တွေ က ကြွေထည်မှာ ပစ္စည်း
တွေ ကို အချိုးဆနဲ့ထည့်ပါတယ်။ ကြွေထည်မှာ မြေစေးဖြူ ( Kaolin) နဲ့
ကြွေထည်ဖြစ်စေတဲ့ ပစ္စည်း ( porcelain stone ..dunzi, a feldspathic rock)
တွေ ကို အမှုန့်ပြုလုပ်ပြီး မြေစေးဖြူ နဲ့အချိုးဆ အတိုင်းရောစပ်ကြပါတယ်။
ကြွေ ထည်လုပ်ဖို့ ရောစပ်ပြီးတဲ့အခါ မှာ လုပ်လို တဲ့ပစ္စည်းကို ပုံသွင်းလုပ်ကြ
ပါတယ်။ ပြီးရင် အခြောက်ခံ ပြီး လေထုစိုထိုင်းမူနည်းတဲ့ မီးဖိုမှာ အပူချိန်
၁၂၀၀- ၁၃၀၀ ဒီဂရီ စင်တီ ဂရိတ်အထိ မီးအပူပေးပြီး ထည့်ဖုတ်ကြတယ် ။
မီးဖုတ်တဲ့အခါ မှာအရေးကြီးတဲ့အချက်က ဖန်သားလိုလဲ ကြည်လင်ရမယ် ။
မီးမဖုတ်ခင် လုပ်ထားတဲ့ ပုံသဏ္ဍန်လဲ မပျက်စီးဘဲထွက်လာမှ သုံးလို့ရ
အဆင့်မှီတဲ့ ကြွေထည်တခု ရလာမှာဖြစ်တဲ့အတွက် မီးဖုတ် ရင် အပူချိန် ၊
ကြွေထည်ရဲ့ အရည်သွေးပုံသဏ္ဍန် တခု မှ ပျက်လို့မရပါဘူး။
ကြွေထည်ပုံသဏ္ဍန်မပျက်အောင် မြေစေးဖြူ ( Kaolin) က စွမ်းဆောင်ပေး
သလို ၊ ကြွေထည် အရောင် တောက်ပဖို့နဲ့ ကျောက်သားလို မာကြောဖို့
( porcelain stone ..dunzi, a feldspathic rock) က လုပ်ဆောင်ပေးပါတယ်။
မြေစေးဖြူမှာပါတဲ့ ကျောက်သားကို အမှုန့်ပြုတဲ့အခါ ပါဝင်တဲ့ ဆီလီကာ(သဲ)
တွေ အပူနဲ့တွေ့တဲ့အခါ အရည်ပျော်ပြီး ဖန် ဖြစ်သွားတဲ့ သဘောကြောင့်
ကြည်လင်လာပါတယ်။ ဒီနေရာမှာ ကြွေထည်သန့်ရှင်းဖို့အတွက် မြေစေးဖြူ
ကို ရေအထပ်ထပ်ဆေးကြောရပါတယ်။ ( dunzi, a feldspathic rock) ကို
အမှုန့်လုပ်ပြီးတဲ့အခါမှာလည်းရေသန့်သန့်နဲ့ကြိမ်ဖန်များစွာဆေးကြောနိုင်
လေလေ အခြားဓါတ်သတ္တု တွေ ပါဝင်မူ နည်းလေလေ ကြွေသားကောင်းလေ
လေပါ။
မှတ်သားဖူးတဲ့ ကြွေလုပ်နည်းမှာ ဘုရင်သုံး ကြွေထည်ပစ္စည်းတခုရဘို့
တရုပ်လူမျိုးတွေ လူ ၇၀ လောက် အသုံးပြုခဲ့ရတယ်လို့ဆိုပါတယ်။ မြေတူးတဲ့သူ
ကတူး၊ ကျောက်ခြေတဲ့ သူကခြေ ၊ ရေဆေးသူဆေး ၊ အချိုးဆ စပ်တဲ့သူ ၊
ပုံသွင်းသူ ၊ ဖင်ကွင်းဖြတ်သူ ၊ ပန်းချီ ဆွဲသူ ၊ လက်မှတ်ရေးထိုးသူ စသဖြင့် အဆင့်
ဆင့်လုပ်ကြရတယ်။ ကြွေထည် အဖြူပေါ်မှာအပြာနဲ့ ရေးဆွဲတာကို White and
translucent porcelain with underglaze blue ချော်ရည်အောက်က အပြာကို
Yuan dynasty (AD 1279-1368) မှာစတင်လုပ်နိုင်ခဲ့ပါတယ်။
အဖြူရောင်မြေစေးဖြူ တမျိုးတည်းသာ ဖုတ်တဲ့ ပစ္စည်းတွေ ကို ceramic လို့
ခေါ်ပါတယ်။ Shang Dynasty (16th century -11th century B.C ) မှာ
မြေစေးဖြူ တမျိုးတည်း သုံးပြီး မီးဖုတ်ရာကနေ အလွန်ပါးလွာတဲ့ အစိမ်းရောင်
ချော်ရည် ပစ္စည်းတွေ စတွေ့ခဲ့ရတယ်လို့ဆိုတဲ့အတွက် တရုပ်ပြည်မှာ ချော်ပညာ
အယူဆဟာ ( ဘီစီ ၁၆ ) လောက်မှာ စတင်ပေါ်ပေါက်နေပြီလို့ဆိုပါတယ်။
အခုလို မျိုးပါးလွာတဲ့ အစိမ်းရောင် ချော်လို့ယူဆရတဲ့ ချော် ဘာ့ကြောင့် ဖြစ်ခဲ့
ပါသလဲလို့ ပညာရှင်တွေယူဆချက်ထဲ မှာ ကြွေပညာရှင် Jan-Erik Nilsson
SWEDEN ရဲ့ယူဆချက်ကို သဘောကျပါတယ်။
သူ့အယူဆအရ အိုးလုပ်တဲ့အခါ သုံးတဲ့ မြေစေးဖြူ ကို မသန့်စင်နိုင်သေးတဲ့
အတွက် သူ့မှာ နဂို က ပါဝင်နေတဲ့ ဓါတ်သတ္တု ၊ အိုးလုပ်တဲ့အခါ အသုံးပြုရတဲ့
ရေ ၊ အိုးတွေကို မီးဖုတ်တဲ့အခါ သုံးရတဲ့ ထင်းတွေ မှာထွက်တဲ့ ပြာတွေ ဓါတ်တိုး
မူကြောင့် သဲမှုန်တွေ ပျော်တဲ့အခါမှာဖန်သားလို တောက်ပလာမဲ့ ချော်ရည်တွေ
အရောင်ထွက်ရခြင်း အရောင်ပြောင်းရခြင်းဖြစ်တယ်လို့သုံးသပ်ထားပါတယ်။
တရုပ်လူမျိုးတွေ ကြွှေထည် အတတ်ပညာကို တတ်မြောက်တာ ရာစု ပေါင်းများ
စွာကြာမြင့်ခဲ့ပြီ ဖြစ်ပေမဲ့ ဥရောပ သားတွေ ကတော့ ကြွေထည်ကို အေဒီ ၁၇၀၇
မှသာ ထုတ်လုပ်နိုင်ခဲ့တယ်။
မြန်မာ့သမိုင်း ပဒေသရာဇ် စနစ်မှာ ကြွေထည်ထုတ်နိုင်ခဲ့သလားဆိုတဲ့မေးခွန်း
အဖြေတိတိကျကျ မသိသေးပါဘူး။ အရေးကြီးတဲ့ စဥ့်ဖို တွေ့ဖို့လိုနေသေးတယ်။
တွံတေး ကြွေထည်မြေထည် ပြတိုက် ကို အလည်သွားတုန်း က ဆရာကြီး
ဒေါက်တာမျိုးသန့်တင် က မြေဖြူနဲ့ ( pro-porcelain) ( ceramic ) တခု ပြခဲ့
တယ်။ တွံတေးက လုပ်ခဲ့တယ်လို့ထင်တဲ့ မြေဖြူ အိုးလေးလို့ထင်ကြောင်း
ပြောပါတယ်။ ထိုင်းနိုင်ငံ ဗီယက်နမ် နိုင်ငံက မြေထည် ပစ္စည်းတွေ လေ့လာရင်း
တွံတေးဘက်မှာ အခုလို မြေဖြူထည်တွေ ထုတ်လုပ်နိုင်ခဲ့တယ်လို့ ထင်မိပါ
တယ်။ သုတေသန ဆက်လုပ်ရင် သိလာမယ်ထင်ပါတယ်။
( ၉ ၁၀ ၂၀ ၁၄ )
https://www.facebook.com/groups/657921987629585/?fref=ts

No comments:
Post a Comment