Thursday 16 October 2014

တိုင်းတစ်ပါးက မေမေ့သားသို့

သားရေ ..
မနေ့ က သားကို အမေက သားလေး ဒီလ ငွေလှမ်းပို့ ပြီးပြီလား လို့  ဖုန်းဆက် မေးလိုက် တော့ ..သားက အမေတို့ ကလည်းဗျာ ..ကျနော် ပို့တဲ့အချိန် ရောက် မှာပေါ့ ..အမေတို့ ကလည်း ပီးခဲ့တဲ့လက ပို့လိုက်တာလည်း ကုန်အောင်သုံးနေတာဘဲ .. ကျနော် နိုင်ငံခြား မှာ အမြဲ အလုပ်အဆင်ပြေနေတယ်မထင်နဲ့ နဲနဲ ပါးပါးလဲ စုကြဦး ..ချွေတာသုံး ကြဦး ဗျာ …ဆိုပြီး ဒေါသတကြီး နဲ့  ပြောပြီး ဖုန်းချ သွားတော့ ..အမေ လေ သားနားလည်အောင် ရှင်းပြချိန်မရလိုက်ဘဲ ရင်ထဲမှာ နင့် ပြီးဖုန်းဆိုင်ကနေ အိမ်ပြန် လမ်းတလျောက် စိတ်တွေ မကောင်းခဲ့ဘူး။ လမ်းလျှောက် နေတာတောင် လမ်းနဲ့ ခြေထောက် ထိတယ် လို့  မထင်တော့ပါဘူး သားလေးရယ် …
အမေ့ကြောင့် အမေ့သားလေး စိတ်ဆိုးဒေါသ တွေ ထွက်သွား ရတယ် ဆိုပီး အမေ ရင်ထဲမှာ မကောင်းဘူးကွယ် ..အမေလေ စိတ်ထဲမှာ အရမ်း ဝမ်းနည်းခံစားရပေမယ့် အမေ မငိုဘူး ..အမေလုပ်တဲ့သူ မျက်ရည်ကျ ရင် သားသမီး မှာ ဝဋ်ဆိုက်တတ်တယ် ဆိုလို့  အမေ မငိုဘူး သားအတွက် အမေ့ မျက်ရည် မကျ စေရပါဘူး သားရယ် ….
မနေ့ က အမေ မေးတယ် ဆိုတာကလည်း အမေက သားတို့ လို့  ခေတ်ပညာ တွေ မသိတော့ ဗဟုသုတ နည်းပြီး အမေ့ ဆီ သားလေး ငွေပို့ နေကျ အချိန် မရောက်ရင် သားလေး လုပ်အားခ ပိုက်ဆံတွေ အမေ့ဆီ မရောက်ဘဲ လမ်းမှာများ ပျောက်ပျက် သွားလေမလား စိတ်ပူလို့ မေးမိတာပါကွယ် အမေ့ဆီမှာ အရင် သားပို့ ပေးထားတဲ့ ငွေလေးတွေ ရှိပါသေးတယ်သားရယ် အမေငွေလိုချင်လို့  မေးတာ မဟုတ်ပါဘူး.. သားလေး ဆီက ငွေ ပို တယ် မပို့  ဘူး ဆိုတာ အမေ့အတွက်တော့ အရမ်းကြီး အရေးကြီးမနေပါဘူးသားလေးရယ် .. အမေအလွန်ချစ် တဲ့ သားလေးကို အမေ့ရင်ခွင်ထဲက ခွဲထုတ် ပီး တိုင်းတပါး ကို ပို့  ထား ရ ပြီးပြီပဲလေ..... ....အမေ့သားလေးကို အမေမဖြစ်သာလို့သာ လွှတ်ထားရပေမယ့် သားနဲ့ဝေးနေရတဲ့အချိန်တိုင်း အမေရင်ထဲမှာနာကျင်ခံစားနေရတာချည်းပါသားရယ် ..
သားဆီက ငွေ ဆိုတာကလည်း သားညီလေး နဲ့ ညီမလေး အတွက် ဘဲ အမေ သုံးစွဲ နေခဲ့ပါတယ် သားရယ် သားဆီကငွေ ကို အမေ့ အတွက် ဆိုပီးမခြင်မဆင် မသုံးစွဲရက်ပါဘူး သားရယ် .. သားတို့ ကို လူတလုံး သူတလုံး ဖြစ်အောင် မြေတောင်မြှောက်ပေးဖို့ အတွက်က အမေ့တာဝန် ပါ ..တကယ်ဆိုရင် အမေကပဲ သားတို့ကို ရှာဖွေကျွေးမွေးရမှာပါ သားရယ် ..အခုအချိန်မှာ သားလေးက လိမ်မာစွာနဲ့ အမေ့ကို ကူပြီး ရှာဖွေကျွေးမွေးနေတာကိုက အမေကျေးဇူးတင်လှပါပီ သားရယ် ..အမေမွေးရကျိုး နပ် ပါပီ …
သားရေ ..အမေ့ အတွက်ကတော့လေ..အလှအပတွေည်း မလို တော့ဘူး အရှက်လုံရုံ ဖျင်ကြမ်း တထည် နဲ့လည်း အမေနေနိုင်တယ် ..စားစရာ ထမင်းကြမ်းခဲ ငရုပ်သီး မှုန့် ဖြူး ပြီးလည်း အမေတင်းတိမ်တယ် ..သွားစရာ ဖိနပ်မလို အမေ့ခြေထောက်ဗလာနဲ့လည်း နေပူထဲ အမေ လျှောက်နေတာပါပဲ သားရယ် …..ငါ့သားလေး အမေ့အပေါ် မှာ စိတ် မကွက် ပါနဲ့ နော် သား ..သားလေး အလုပ်ထဲ မှာ ဘာအဆင်အပြေ ဖြစ်နေသလဲ အမေ မသိရပေမယ့် သားလေး စိတ်ချမ်းသာအောင်သာနေပါ။
ငွေမပို့နိုင်သေးရင်လည်း အမေဘက်က ရပါတယ်သားရယ် အမေ့မှာ ခြေနှစ်ဖက် လက်နှစ်ဖက် အကောင်းကြီးရှိပါသေးတယ်ကွယ် ..သားလေး အဆင်မပြေဘူးဆိုရင် ပြန်သာလာခဲ့ သားတို့  လူပုံအလယ် ဘဝလှအောင် အမေ နှစ်ဆ တိုးပြီး ရှိတဲ့ခွန်အားနဲ့ လုပ်ကျွေးမယ်သား ……
တိုင်းတစ်ပါးက မေမေ့သားလေး အမြဲအဆင်ပြေ ပါစေ လို့ လည်း အမေ ဘုရားမှာ နေ့တိုင်း မမေ့မလျှော့ဆုတောင်းပေးလျှက်ပါ နော်.....
သား ရေ… အမေစိတ်မကောင်းလိုက်တာကွယ် ..အမေ့သားလေး အမေ့အပေါ်မှာ အမြန်စိတ်ဆိုးပြေပါစေတော့ကွယ် ….
The Express Times
Credit- Original Writer

No comments:

Post a Comment