Thursday 16 October 2014

ဘဝဆိုတာ..

မဖြစ်နိုင်ခြင်းဆိုတဲ့ နောက်ကွယ်မှာ ဖြစ်အောင်လုပ်ချင်တဲ့ တံခါးပေါက်လေးရှိတယ်။
ဆုံးရှုံးခြင်းရဲ့ နောက်ကွယ်မှာ တဖန်အောင်မြင်ဖို့အတွက် မျှော်လင့်ချက်တွေရှိတယ်။
နာကျင်ခြင်းရဲ့ နောက်ကွယ်မှာ မခံချင်စိတ်တွေရှိတယ်။
အနိမ်ခံဘဝရဲ့ နောက်ကွယ်မှာ ခံပြင်းစိတ်နဲ့ ကြိုးစားခြင်းစိတ်တွေရှိတယ်။
စွန့်လွှတ်မှုရဲ့ နောက်ကွယ်မှာ တမ်းတငိုကြွေးခြင်းတွေရှိတယ်။
အစွန့်လွတ်ခံရခြင်းရဲ့ နောက်ကွယ်မှာ အရာရာကို နားလည်သွားနိုင်တဲ့ ဘဝသင်ခန်းစာတွေရှိတယ်။
ဘဝဆိုတာ ကိုယ့်ဒူးကိုယ်ချွန်ရမယ်။ ကိုယ့်လမ်းကိုယ်လျှောက်ရမယ်။ ကိုယ့်သမိုင်းကိုယ်ရေးရမယ်။ တကယ်တော့ ဘဝဆိုတာ အားကိုးရှာဖို့ ရောက်လာတာမဟုတ်ပါဘူး။ ကိုယ်ဖောက်ရမဲ့လမ်းအတွက် သင်ခန်းစာယူဖို့ ရောက်လာတာ။ အဲ့တော့ ဘဝမှာ လဲကျသွားရင်--- အားတင်းထား၊ ဘာလို့ လဲကျသွားလဲ သင်ခန်းစာယူ၊ ပြန်ထူထ၊ အောင်မြင်ဖို့အတွက် ဆက်လျှောက်၊ ဒါဘဝပဲ။
(လွမ်းတေး)

No comments:

Post a Comment