Wednesday 8 October 2014


၁၉၉၆ အသက်(၄၀)အရွယ် စီးပွားရေးတက္ကသိုလ်မှာ ဆရာမလုပ်နေရင်း ပညာတော်သင် ရွေးချယ် စေလွှတ်ခြင်းခံခဲ့ရ၊ အမေရိကန် ဟာဝိုင်အီ တက္ကသိုလ် မြန်မာမလေးတယောက်ထဲ၊ နိုင်ငံရပ်ခြား ဆိုတာ ခုမှရောက်ဘူး၊ ဘာသာစကားက မကျွမ်းကျင်၊ နိုင်ငံခြားသားပညာရှင် ပညာတတ်တွေ ကြားမှာ မြန်မာနိုင်ငံဆိုတာ ဘယ်နားရှိမှန်း မကြားဘူးတဲ့ လူတွေကို တတ်သလောက်လေးနဲ့ ရှင်းပြရင်း ကိုယ့်ကိုကိုယ် သတ်သေချင်စိတ်ကို ငါမြန်မာဟေ့လို့ အားတင်းကြွေးကျော်ပြီး ကြိုးစားလိုက်တာ သင်တန်းပြီးတော့ ပေးသမျှဆု ၃ဆုကို တယောက်ထဲ မယ်ပိုင်စီးပြီး သိမ်းကျူံးယူတော့တယ် ၊
- Hawaii (USA) J.A.I.M.S တက္ကသိုလ် စတင်တည်ထောင်ခဲ့တဲ့ ၁၉၇၂ မှ ၁၉၉၆ အထိ ၂၅ နှစ်တာ ကာလအတွင်း ဘယ်လူမျိုးတယောက်မှ မရခဲ့ဘူးတဲ့ ဘာသာရပ်အားလုံး (၂၀ ကျော်) 90 + (A) အဆင့်နဲ့ Highest Distinction First Place၊
- Speech competition First Price ( ဘာသာစကား မကျွမ်းကျင်လို့ပဲနော် ) ၊
- Leadership Award ( ဂျပန်အများစုရှိတဲ့ နိုင်ငံသား လူမျိုးတူတွေကို မပေးပဲ မြန်မာမလေး တယောက်ကို ဝိုင်းပြီး ပေးကြတာနော် ) ၊

ဒီလို ဘာသာရပ်အားလုံး A (90+) နဲ့ဆု ၃ ဆုလုံး တယောက်ထဲရတာ သူ့အရင်က မရှိခဲ့ဘူး ၊ သူ့နောက်မှာလည်း ရှိလာဘို့ အင်မတန်ခဲယဉ်းပါတယ်၊ ခုထိတော့မကြားရသေးဘူး ၊ ဒီစာဖတ်ပြီး ထအော်လိုက်ပါ အဲဒါ မြန်မာ(မ)ကွ။
Daw San San Hla (B. Com,M. Com., ICMP-Hawaii, USA)

အခုလည်းပဲ ကျောင်း / ကုမ္ပဏီ / အဖွဲ့အစည်း / ရုပ်သံ မီဒီယာတွေမှာ မေတ္တာနဲ့ ပညာဒါန ဖြန့်ဝေ ဟောပြောနေပါတယ် ၊ ၇ နှစ်သမီးကတည်းက အမြူတေ တည်ခဲ့တဲ့ ပရဟိတ အလုပ်နဲ့ သာသနာပြုတဲ့ အလုပ်တွေလည်း လုပ်နေပါတယ် ၊

ငါမှငါလို့ သွေးနားထင်ရောက်နေတဲ့သူများ ဖတ်မိရင် ပြုပြင်နိုင်စေဘို့ ရည်ရွယ်ပါတယ်။

No comments:

Post a Comment