Tuesday 8 July 2014

ညီမလေး မငိုရဘူး

' သားရေ . . . မင်းညီမလေး ရပြီကွ '
အဖေ့ရဲ့ စကား
ချီထားတဲ့ ကလေးလေး . . .

' ဒါ ကျွန်တော့် ညီမလေးပေါ့နော် '
တစ်လောကလုံးမှာ ကျွန်တော် ပိုင်ဆိုင်တာ တခုရှိသွားပြီ
အာ့ဒါ ကျွန်တော့် ညီမ လေးပေါ့ ,

' သား အ ပေါ် , အ မေတို့ အချစ်မ လျော့ပါဘူး '
" ရပါတယ် မေ မေ
သား အရုပ်တွေ ညီမ လေးကို ပေးဆော့ရမယ်
' သားဖတ်ထားတဲ့ ပုံပြင်တွေ ပြန်ပြောပြရမယ် '
' ကျောင်းက ကဗျာတွေ ဆိုပြရမယ် '
' ညီမလေးကို ကျနော် ချော့သိပ်မှာနော် '

ဆင်းရဲသား , ဘဝ သမားတွေလေ
အ ဖေ ကော , အ မေ ကော
တနေကုန် အလုပ်သွား . . .
ညီမ လေး ထိန်းတဲ့ အလုပ်က
ကျွန်တော် ဆိုတဲ့ အကိုကြီးပေါ့ … … …

စကား စ, ပြောတက်တော့
" ကိုကြီး " တဲ့
ကျွန်တော် ပျော်လိုက်တာ . . .
ကျောပေါ်က နေ ' မိုမို ရေ ' ဆို ...
လေဘက်ထောက် ကျွန်တော်က
' ဝူးးးး ' ဆိုမှ တခစ်ခစ် ဆည်းလည်းသံလေး ထွက်လာနေကျ . . .

မတရားတဲ့ ကံကြမ္မာက လေပြင်းတိုက်လိုက်ပုံများ
ကျတော်ဆယ်တန်း ရောက်တဲ့နှစ်
အ မေ ကျန်းမာရေးကြောင့် အလုပ်မလုပ်နိုင်တဲ့ အဖြစ်
ကျွန်တော်တို့ ရွှေတောင်ကြီး ပြိုခဲ့
အ ဖေ ဆုံးသွားတဲ့ နှစ် … … … … …

( တောင်ပြိုမှတော့ တောယုန် ဒုက္ခရောက်ပြီပေါ့ )
သုံးတန်း အရွယ် ညီမ လေးကို လက်ဆွဲ
အမေ့ မျက်ရည် ကျွန်တော်သုတ်လို့
သိပ်ချစ်တဲ့ ကျောင်းကြီးကို ကျောခိုင်းခဲ့တယ် . . . . .


' ကျောင်းကြီးရေ ငါ့အတွက် ငါ့ညီမ သင့်ဆီမှာ အောင်ပွဲလာယူလိမ့်မယ် '

အထက်တန်းမ အောင်တဲ့ ကျွန်တော်က ကွမ်းယာရောင်း ၊ ဂျာနယ်ပို့ ၊ ဆိုက္ကားနင်း မျိုးစုံ လုပ်တက်လို့ တော်သေး . . .
ကြွားရဦးမယ် . . .
ဘာမက်မောစရာမှ မရှိတဲ့ ကျွန်တော့်မှာ ချစ်သူရှိတယ် ,
အရာရာနားလည်ပေးသူ ဘာမှ မမျှော်လင့်သူ
' တကယ်ဆိုရင် အချစ်ပဲ လိုတယ် ဆိုတဲ့သူ '
သူမက လက်ထပ်ကြစို့တဲ့ ………

ညီမက နောက်နှစ် ဆယ်တန်း
အမေက အသက်ကြီးပြီ
သူမက ကျွန်တော့်ကို ချစ်ပေမယ့်
သူမက ကျွန်တော့်မိသားစုကို ကျွန်တော့်လို ချစ်ပါ့မလား . . . ?
အရင်လို ညီမလေး ပူဆာတာတွေ ဝယ်ပေးခွင့် ရှိပါ့မလား . . . ?

"သိပ်ချစ်ပါတယ် ခိုင် " … ဒါပေမယ့် မဖြစ်နိုင်ဘူး . . . "
{ လမ်းခွဲစကားပြောတော့ ပါးပြင်ပေါ် လက်ဝါးမ ရောက်ပဲ နံဖူးကို ဖွဖွလေး နမ်းပြီး လမ်းခွဲခဲ့တဲ့ . . . ကျွန်တော့် ချစ်သူ }

တစ်နေကုန် အလုပ်ကြမ်းကြောင့် ကြွက်သားတွေ အကြောလျော့ဖို့ တစ်ပိုင်းကို '၂၀၀ ' နဲ့ အဖြူ ဆေးခါးတခွက် ကျွန်တော် ရွေးခဲ့တယ် . . . . .
ညီမလေး ဆယ်တန်းအောင်ပြီ ( နှစ်ချင်းပေါက် )
ကျောင်းကြီးရေ ငါပြောတယ် မလား ငါ့ညီမ မင်းဆီမှာ အောင်ပွဲလာယူလိမ့်မယ်လို့
အောင်စာရင်းကြည့်ရင်း ကျွန်တော် ဟစ်ကြွေးခဲ့တယ် . . . . .

ညီမလေးက ပိုချောလာတယ်။ အပျိုကြီးဆိုဒ်လိုဖြစ်လို့ စကားတွေတောင် အရင်လိုဖောင်ဖောင်ဖွဲ့ဖွဲ့ မပြောတော့ဘူး။ တက္ကသိုလ် ကျောင်းသူ ညီမလေးဆီ သူ့ သူငယ်ချင်းတွေ လာကြတယ်။ အဲ့နေ့က (တိုက်တိုက်ဆိုင်ဆိုင်) အလုပ်မှာ အဆင်မပြေလို့ စောစောသောက်ပြီး အိမ်ပြန်ခဲ့တယ် . . .
အခန်းထဲက အမေ့ကို ပြောနေတဲ့ ညီမလေးရဲ့ အသံ မရည်ရွယ်ပဲ နားစွင့်မိခဲ့တယ် …
"ကိုကြီး အရက်သောက်တာ သမီး သိပ်ရှက်တာပဲ တကယ်ဆို သူဆယ်တန်း မအောင်ပေမယ့် သမီးတို့ တက္ကသိုလ်ကျောင်းသူ/သားတွေရှေ့မှာ သမီးမျက်နှာမငယ်ရအောင် သူသိတက်ဖို့ ကောင်းတယ် သမီး … ကိုကြီးကို မုန်းတယ် "

အမေ့ရဲ့ မျက်ရည်တွေနဲ့ ပြင်းထန်တဲ့လက်ဝါး တစ်ချက် . . .
'အာ့ဒါ ညည်းကို ဒီအရွယ်ထိ လုပ်ကျွေးနေတဲ့ ညည်းအကို ဟဲ့ '

" အမေရယ် မရိုက်ပါနဲ့ ကျွန်တော်ကိုက ဒီအရက် မကောင်းမှန်းသိလျက် သောက်မိတာပါ "
ညီမလေးရယ် အဲ့သည့်လို မျက်လုံးမျိုးနဲ့ အကို့ကို မကြည့်ပါနဲ့ အကိုဘဝဟာ အမေနဲ့ ညီမလေးအတွက် လောင်ကျွမ်းပေးချင်နေတဲ့ ထင်းတိုတစ်ချောင်းလိုကောင်ပါ …
ကျွန်တော် အရက်ဖြတ်လိုက်တယ်
ငါးနှစ်ကျော် တရက်မပြတ်ခဲ့တဲ့ အရက်က ကျွန်တော့်ကို နာကြည်းတယ် ထင်ပါ့ . . .

ကျွန်တော့် သွေးတွေဆူပွက်နေတယ် . . .
အမေ့ အသံသဲ့သဲ့ ကြားတယ် . . .
နံဘေးက အရက်နည်းနည်း တိုက်လိုက်ပါလားတဲ့ . . .
( ဘယ်သူ ပြောမှန်းမသိ )
" ဟင့်အင်းးး ကျွန်တော် မ သောက်ဘူး လုံးဝ မ သောက်ဘူး "
နူတ်ခမ်းတွေ အံကြိတ် ပိတ်ထားလိုက်တယ် . . .
" ညီမလေး ကျွန်တော့်ကို မုန်းလိမ့်မယ် ကျွန်တော် လုံးဝ မ သောက်ဘူး "

ထို့နောက် … …
… ထို့နောက် … …
… … ထို့နောက် … … …

တကိုယ်လုံး ပေါ့ပါးသွားတယ်
မြင်ကွင်း တွေ ပီပြင် သွားတယ်
ကုတင် ဘေးမှာ အ မေ
ပြီးတော့ ညီမ လေး
ပြီးတော့ ကျွန်တော့် အသိတွေ
ပြီးတော့ ဆရာဝန်
ပြီးတော့ ကုတင်ပေါ်မှာ ကျွန်တော့် ခန္တာကိုယ်ကြီး . . .

{ ညီမလေး အတွက် . . . ကျွန်တော်က
ငယ်ငယ်လေးတုန်းက
မိုမို ဆင်ကြီးပေါ့ . . .
ကျောင်းတက်ချိန်တုန်းက ,
စက်ဘီး ဒရိုင်ဘာကြီးပေါ့
အရွယ် ရောက်လာတော့ ,
လူဆိုး အရက်သမားကြီးပေါ့ }

ကျွန်တော် ညီမလေးနား တိုးတိုးလေး ကပ်ပြောလိုက်တယ်
" ကိုကြီး အရက်ပြတ်ပြီ ညီမလေးရဲ့ "
ညီမလေးက တောင်ကြည့် မြောက်ကြည့်နဲ့
မျက်ဝန်းမှာလည်း မျက်ရည်တွေနဲ့
ကျွန်တော် သုတ်ပေးပါတယ်
ဒါပေမယ့် , , ,
လက်ကထိလို့ မရတော့ဘူး … … …

ကျောင်းပြီးတဲ့ထိ ထမ်းပိုးပေးနိုင်ခွင့် မရှိတော့လို့
အားနာမိတယ် ညီမလေးရယ် … … … ။

Ulay Kyi ( ကိုလင်း )

No comments:

Post a Comment