"ကျွန်တော် မကြီးမြတ်ပါဘူး.. ဒါပေမယ့် ကျွန်တော်ရှာတဲ့ပိုက်ဆံက ခင်ဗျားရှာရတာလောက် မပင်ပန်းဘူး"
တက္ကစီသမားတစ်ဦးက မျက်မမြင်ကျောင်းရှေ့မှာ မျက်မမြင်တစ်ဦးကို သူသွားလိုတဲ့နေရာဆီ
လိုက်ပို့ခဲ့တယ်။
ကားပေါ်ကမဆင်းခင် မျက်မမြင်သမားက ကားခထုတ်ပေးတော့ တက္ကစီသမားက ကားခမယူဘူး။
မျက်မမြင်သမားကလည်း ကားခကိုအတင်းပေးတော့ တက္ကစီသမားက အဲဒီလိုစကားတစ်ခွန်းကို
ပြောလိုက်ပါတယ်။
"ကျွန်တော် မကြီးမြတ်ပါဘူး.. ဒါပေမယ့်
ကျွန်တော်ရှာတဲ့ပိုက်ဆံက ခင်ဗျားရှာရတာလောက် မပင်ပန်းဘူး"
တက္ကစီသမားရဲ့သမီးလေးက သူ့ဘလော့မှာ
"အဖေ့ရဲ့တက္ကစီသမားဘဝ"အကြောင်းတွေ ရေးတော့ ဒီအကြောင်းကိုပါ ရေးထည့်မိတယ်။
ဒါကို လူတွေ ဝိုင်းရှယ်လိုက်ကြတာ ရှယ်တဲ့အကြိမ်ပေါင်း ၆သောင်း ကျော်သွားခဲ့တယ်။
အဲဒီနောက်တော့ ဒီလိုစိတ်ကောင်းရှိတဲ့ တက္ကစီသမားအကြောင်းကို သတင်းထောက်တွေကြောင့်
လူတွေသိသွားခဲ့ကြတယ်။
တစ်ခါက အဲဒီတက္ကစီကို လူတစ်ယောက်က ငှားစီးခဲ့တယ်။
တက္ကစီခကို ကျသင့်တာထက် ပိုပေးတော့ တက္ကစီသမားက အံ့သြသွားတယ်။ ကားငှားစီးတဲ့သူက
ပြောတယ် "ခင်ဗျားပြောတဲ့ စကားကို ကျွန်တော် မှတ်မိနေသေးတယ်။ ကျွန်တော်
မကြီးမြတ်ပါဘူး.. ဒါပေမယ့် ကျွန်တော်ရှာတဲ့ ပိုက်ဆံက ခင်ဗျား ရှာရတာလောက်
မပင်ပန်းဘူး။ နောက်ပိုင်းမှာလည်း မသန်စွမ်းသူတွေကို ခင်ဗျား ဆက်လက် ကူညီနိုင်ပါစေ"
လို့ ပြောလိုက်တယ်။
No comments:
Post a Comment