Sunday 13 October 2013

ကောင်း မှု တော် စေ တီ ပုံ တော် နှင့် သ မိုင်း အ ချက် အ လက် တစ် ချို့



Tint Zaw Oo's photo.

သာ လွန် မင်း တ ရား ကြီး သည် ကောင်း မှု တော် စေ တီ တည် ရာ တွင် စေ တီ ၏ ပုံ တော် သည် မိ ဖု ယား ကြီး အ ကြံ ပြု သော မိ ဖု ယား ကြီး ၏ သား မြတ် ပုံ ဖြစ် သည် ဟု ကျွန် တော် အ ပါ အ ဝင် လူ အ တော် များ များ က ပြုံး စိ စိ ဖြင့် သိ ထား ခဲ့ ကြ သည်။

အ ချို့ က လည်း မိ ခင် ကျေး ဇူး ကို ဂုဏ် ပြု သော အား ဖြင့် ထို ပုံ တော် ကို ရွေး ချယ် သည် ဟု ရယ် စ ရာ ကို တ ရား သ ဘော နွှယ် လျက် ချေ ဖျက် သည်။ ထို အ ချက် သည် ဇာတ် ပွဲ လူ ရွှင် တော် များ ၏ ပျက် လုံး ကို လက် ဆင့် ကမ်း ထား သော စ ကား သာ ဖြစ် လေ သည်။ ဝမ်း နည်း ဖွယ် ကောင်း သွား သည် မှာ ကား Tourist Guide များ မှ တစ် ဆင့် နိုင် ငံ ခြား မ ဂ္ဂ ဇင်း ဆောင်း ပါး တွင် ထို သား မြတ် ပုံ ဟူ သော အ ချက် ကို အ တည် ပြု ဖော် ပြ လာ ခြင်း ပင်။

သ မိုင်း အ မှန် ကို ကား မှန် နန်း ရာ ဇ ဝင် တော် ကြီး တွင် ခိုင် လုံ စွာ တ ရား ဝင် ရေး သား ဖော် ပြ ထား ရာ အ လွန် ကြေ နပ် အား ရ ဖွယ် ပေ။ မှန် နန်း ရာ ဇ ဝင် ကို ကုန်း ဘောင် ခေတ် ၇ ဆက် မြောက် ဘ ကြီး တော် မင်း လက် ထက် တွင် မြန် မာ ရာ ဇ ဝင် ရေး သား ပြု စု ရေး အ ဖွဲ့ ကို တိ ကျ ခိုင် မာ စွာ ဖွဲ့ စည်း လျက် အင်း ဝ နေ ပြည် တော် မှန် နန်း ဆောင် ကြီး အ တွင်း ၃ ကျမ်း တွဲ ကျမ်း အ ဖြစ် ပြု စု ထား ရာ ၄င်း သည် အ လွန် တိ ကျ ခိုင် မာ သော သ မိုင်း အ ထောက် အ ထား ကို ပေး သည့် ကျမ်း ခန့် ကြီး တစ် စောင် ဖြစ် လေ သည်။

မှန် နန်း ရာ ဇ ဝင် ပြု စု ရာ ကာ လ သည် ပြင် သစ် ပြည် တွင် န ပို လီ ယန် ခေတ် ဖြစ် သည်။ ဘ ကြီး တော် ခေတ် တွင် ဘ ကြီး တော် ၏ စစ် သူ ကြီး ကား မ ဟာ ဗ န္ဓု လ တည်း။ မှန် နန်း ရာ ဇ ဝင် မှ ကောင်း မှု တော် စေ တီ သ မိုင်း မှာ အောက် ပါ အ တိုင်း ဖြစ် သည်။
ဒု တိ ယ မြန် မာ နိုင်ငံ ၏ အင် ပါ ယာ အ ရှင် ဘု ရင့် နောင် မင်း တ ရား ကြီး က တောင် ငူ ၊ အင်း ဝ၊ ပဲ ခူး၊ ချင်း မိုင် ၊ အ ယု ဒ္ဓ ယ တို့ ကို သိမ်း ပိုက် စိုး စံ ထား ခိုက် သီ ဟိုဠ် ကျွန်း သည် ပေါ် တူ ဂီ တို့ လက် အောက် သို့ ကျ ရောက် ခဲ့ လေ သည်။

ပေါ် တူ ဂီ တို့ သည် သီ ဟိုဠ် ရှိ ဗု ဒ္ဓ ၏ လက် ဝဲ အောက် စွယ် တော် ကို စစ် အောင် နိုင် မှု ပြ ယုဂ် အ ဖြစ် အိ န္ဒိ ယ နိုင် ငံ ဂို အာ နယ် တွင် ယူ ငင် သိမ်း ဆည်း ထား ကြောင်း ကြား သိ ရ သည့် ဘု ရင့် နောင် မင်း တ ရား ကြီး သည် သံ တ မန် များ စေ လွှတ် ၍ ပေါ် တူ ဂီ များ မက် လောက် သော ပ မာ ဏ ရှိ သည့် ရွှေေ ငွ ကျောက် သံ ပ တ္တ မြား တို့ ဖြင့် ထို စွယ် တော် ကို လဲ လှယ် ဆောင် ယူ စေ ပြီး လျှင် တောင် ငူ နန်း တော် ၌ ထား ရှိ ပူ ဇော် ထား ရာ မြေး တော် သာ လွန် မင်း ဆက် တိုင် လေ သည်။
သာ လွန် မင်း တ ရား ကြီး လက် ထက် တွင် ထို စွယ် တော် အား နန်း တော် ထဲ စံ ထား ပြီး ကိုး ကွယ် ခြင်း ထက် စေ တီ တည် ၊ ဌာ ပ နာ သွင်း ၍ မင်း၊ ပြည် သူ လူ အ များ ကိုး ကွယ် ခွင့် ရ စေ သော စေ တ နာ အား ကြောင့် စစ် ကိုင်း ဒေ သ ယ ခု ကောင်း မှု တော် စေ တီ နေ ရာ တွင် စေ တီ တည် ခဲ့ လေ သည်။

သာ လွန် မင်း သည် ရှင် ဘု ရင် မ ဖြစ် မီ က တည်း က ပင် ငါ ရှင် ဘု ရင် ဖြစ် လာ သော် ငါ့ ကောင်း မှု ဖြင့် စေ တီ တည် အံ့၊ တည် လျှင် လည်း စေ တီ ကို သ ရေ ခေ တ္တ ရာ ( ပြည် မြို့ ) ရှိ သ ရ မာ စေ တီ ပုံ တော် အ တိုင်း တည် အံ့ ဟု စိတ် ကူး ကြံ စည် ပြီး ဖြစ် ရာ ထို သ ရ မာ စေ တီ ပုံ တော် အ တိုင်း တည် ခဲ့ သည် ဆို ၏။ စေ တီ ၏ အ မည် ကား ရာ ဇ မ ဏိ စူ လာ ဖြစ် သည်။
ထို မှန် နန်း ရာ ဇ ဝင် ကို သိ သော ပါ လီ မန်ေ ခ တ် ဆ ဌ သံ ဃာ ယ နာ တင် ဝန် ကြီး ချုပ် ဦး နု သည် စေ တီ ၏ ဌာ ပ နာ တွင်း မှ ဗု ဒ္ဓ ၏ လက် ဝဲ အောက် စွယ် တော် အား ဖော် ထုတ် ပြီး မြန် မာ နိုင် ငံ ၏ သာ သ နာ့ ဂုဏ် ကို ထုတ် ဖော် ရန် ကြံ စည် ကာ ဆ ရာ တော် ကြီး များ ထံ အ ခွင့် တောင်း လျောက် ထား ခဲ့ လေ သည်။ ထို ကိ စ္စ ကို ဆ ရာ တော် ကြီး များ က သ ဘော မ တူ ချေ။
မင်း အ ဆက် ဆက် တို့ တ မြတ် တ နိုး ကောင်း စွာ စီ မံ သိမ်း ဆည်း တည် ထား ကိုး ကွယ် ခဲ့ သည့် ကု သိုလ် ကို မ နှောင့် ယှက် မ ဖျက် ဆီး ကောင်း ရာ ဟု ဆုံး ဖြတ် ၍ ဝန် ကြီး ချုပ် ဦး နု ၏ အ ကြံ အ စည် ကို တား မြစ် ခဲ့ ကြ သည်။ ကျွန် တော် ကား ဤ ကောင်း မှု တော် စေ တီ ကို ယ ခု မှ ပင် အ လွန် တန် ဘိုး ထား ရှိ ခိုး တတ် တော့ ပေ သည် တ ကား။

ဤ လေ့ လာ မှု မှ
၁။ မြန် မာ တို့ ၏ မျိုး ရိုး ဂုဏ် အ စဉ် အ လာ ကြီး မား ခဲ့ ပုံ ကို အား မာန် အ ပြည့် ခံ စား သိ ရှိ ရ သည်။

၂။ မြန် မာ ဘု ရင် တို့ ၏ ခိုင် မာ သော သ ဒ္ဓာ တ ရား နှင့် ဗု ဒ္ဓ ဘာ သာ အ မွေ အ နှစ်၊ သ မိုင်း အ ခြေ အ မြစ် ကို ကြက် သီး မွေး ညှင်း ထ အောင် ခံ စား ရ သည်။

၃။ ထို မှ ဆက် လျက် ငါ တို့ သည် လူ မျိုး ကြီး ပါ တ ကား၊ အ နောက် အုပ် စု နှင့် အ ပြိုင် ထီး နှင့် နန်း နှင့် အင် ပါ ယာ အ ရှင် သ ခင် မျိုး ပါ တ ကား ဟု ဇာ တိ ဂုဏ် ကို အား ရ မိ သည်။

၎။ သ မိုင်း မ သ င် ၊ သ မိုင်း အ မြင် မ ရှိ လျှင် မျက် မှောက် ခေတ် လူ တွင် ကျယ် များ ကို သာ ဆ ရာ တင်၊ သ ခင် သ ဖွယ် ကိုး ကွယ် လျက် လူ မျိုး ရေး မာန် ဘာ သာ ရေး မာန် မ ရှိ ချိ ချိ နဲ့ နဲ့ အိ အိ အဲ့ အဲ့ ဖြင့် မြင် မြင် ရာ ဆ ရာ ထင် လျက် သူ တစ် ပါး ဝါး မျို ခံ ရ ဖွယ် ပါ တ ကား ဟု ထိတ် လန့် မိ သည်။

၅။ လူ ရွှင် တော် ၏ သ မ္ဖ ပ္ပ လာ ပ ဝါ စာ စ ကား ၌ သာ ယာ လျက် ဘာ သာ ဖျက် လူ မျိုး ဖျက် အ ချက် အ လက် များ ကို အ ဟုတ် မှတ် ပြီး ပေါ့ ပေါ့ တွေး၊ ဟေး လား တိုက် ပျော် လိုက် ပါး လိုက် ဖြစ် နေ ကြ သော် လူ မျိုး ပျောက် ဘာ သာ နောက် ဖြစ် တော့ မည် ဟု လည်း တွေး မိ သည်။

၆။ သက် ဆိုင် ရာ သ မိုင်း ဆ ရာ များ၊ အုပ် ချုပ် သူ မင်း များ၊ ပ ညာ ရှိ ပညာ ရှင် များ သည် တိုင်း ပြည် နှင့် သာ သ နာ တော် အ ရေး တည် တန့် ခိုင် မြဲ စည် ပင် ရေး အ တွက် တတ် စွမ်း သ မျှ အ ဖက် ဖက် မှ စ နစ် တ ကျ စည်း ရုံး ကြိုး ပမ်း ကြ ရန် အ ရေး ကြီး အ ချိန် တန် နေ ပြီ ဖြစ် ကြောင်း ကျွန် တော် ခံ စား ရင်း အ ချက် အ လက် မှန် များ ဝေ ငှ လိုက် ရ ပေ သည်။

ကျမ်း ကိုး
၁။ ညို မြ ၊ ကုန်း ဘောင် ရှာ ပုံ တော်၊ ၂၀၀၃။
၂။ Microsoft Encarta Premium 2009
၃။ အ ရှင် ဒေါက် တာ န န္ဒ မာ လာ ဘိ ဝံ သ၊ ပါ မော က္ခ ချုပ် ဆ ရာ တော်၊
ဣေ န္ဒြ စောင်း ကြိုး ညှိ နိုင် မှ တ ရား သိ မည် တ ရား တော်။ ၁၃၇၃ ခုနှစ် ပြာ သို လ ဆန်း ၁၁ ရက်။

No comments:

Post a Comment