Thursday 17 October 2013

LAPTOP ပြုပြင် ထိန်းသိမ်းရေး နှင့် LAPTOP သုံးစွဲသူများ သတိပြုရန် အချက်များ



Today Myanmar
LAPTOP ပြုပြင် ထိန်းသိမ်းရေး

ဒီကနေ့ခေတ်မှာ Laptop တွေ... Notebook တွေကို ကျယ်ကျယ်ပြန့်ပြန့်သုံးလာကြပါပြီ... ဘာကြောင့်လဲ ဆိုတော့ အရင်ခေတ်ကာလနဲ့နှိုင်းယှဉ်ရင် laptop နဲ့ notebook တွေရဲ့ ဈေးနှုန်းဟာ သိသိသာသာ ကျဆင်း လာလို့ပါပဲ... အရင်က တူညီတဲ့ ဈေးနှုန်းတန်ဖိုးတစ်ခုမှာ desktop တစ်လုံးနဲ့ laptop တစ်လုံးယှဉ် လိုက်ရင် desktop ရဲ့စွမ်းဆောင်ရည်က အများကြီးမြင့်မားနေပါလိမ့်မယ်... အခုနောက်ပိုင်းမှာတော့ ကိုယ် တတ်နိုင်တဲ့ဈေးနှုန်းအတွင်းမှာ laptop နဲ့ desktop ရဲ့ စွမ်းဆောင်ရည်ချင်း ယှဉ်ကြည့်လိုက်တဲ့အခါ သိပ်မကွာတော့ပါဘူး... ဒါကြောင့် သယ်ယူရွှေ့ပြောင်းရပိုမိုလွယ်ကူတဲ့ Laptop တွေကို ပိုပြီးလူသုံးများ လာကြပါတယ်... ဒါ့အပြင် laptop တွေဟာ နေရာသိပ်မယူသလို အားသွင်းထားပြီး အချိန်တော်တော် ကြာကြာအသုံးပြုလို့ရပါတယ်... laptop တွေရဲ့ အဓိကပြဿနာကတော့ ပြုပြင်ထိန်းသိမ်းတဲ့ နေရာမှာ ဖြစ်ပါတယ်.. အခုဖော်ပြပေးမှာကတော့ laptop တွေကို ထိရောက်ကောင်းမွန်စွာ ပြုပြင်ထိန်းသိမ်းနိုင်မယ့် နည်းလမ်းလေးတွေဖြစ်ပါတယ်...

အဓိကအားဖြင့် ပြဿနာတွေ့ရှိရတတ်တဲ့ အပိုင်းလေးတွေရှိပါတယ်... အဲ့ဒီအချက်တွေပေါ်မူတည်ပြီး laptop တစ်လုံးကို ပြုပြင်ထိန်းသိမ်းမယ်ဆိုရင် အမျိုးအစားနှစ်မျိုးခွဲခြားနိုင်ပါတယ်... အဲ့ဒါတွေကတော့ အပြင်ပိုင်းပြုပြင်ထိန်းသိမ်းမှုနဲ့ အတွင်းပိုင်းပြုပြင်ထိန်းသိမ်းမှုတို့ပဲဖြစ်ပါတယ်...

အပြင်ပိုင်းပြုပြင်ထိန်းသိမ်းမှု
----------------------------------------------------------------
၁) အားသွင်းခြင်း
၂) အပူ
၃) Hardware အသစ်
၎) သန့်ရှင်းရေး
၅) အသုံးပြုပုံ
၆) သောက်စရာများ
၇) Screen Gurad
အားသွင်းခြင်း
အားသွင်းခြင်းဟာ laptop တစ်လုံးကိုပြုပြင်ထိန်းသိမ်းတဲ့နေရာမှာ ပထမဆုံးနဲ့ အဓိက လုပ်ဆောင်ရမယ့် အချက်ဖြစ်ပါတယ်... ဘာကြောင့်လဲဆိုတော့ laptop စနစ်တစ်ခုလုံးအား ရရှိတဲ့ လျှပ်စစ်ဓာတ် အားပေါ်မှာ အလုပ်လုပ်ရလို့ပါပဲ... laptop ကို အားသွင်းတဲ့အခါမှာ ဂရုတစိုက်သွင်းဖို့လိုပါတယ်.. laptop ကို သုံးတိုင်း battery level ဘယ်လောက်ရှိလဲဆိုတာကို အရင်ဆုံးကြည့်ပါ... အကယ်လို့ ၁၀% အောက်ရောက်နေပြီ ဆိုရင် charger ကိုတပ်လိုက်ပါ.... ၁၀% အထက်မှာဆိုရင်တော့ charger တပ်ဖို့မလိုပါဘူး... တစ်ချို့လူ တွေက laptop ကို charger နဲ့ အမြဲချိတ်ပြီးသုံးတတ်ကြပါတယ်... ဒါက နည်းလမ်းအမှန် မဟုတ်ပါဘူး... အဲ့ဒီအတိုင်းသင်ဆက်လုပ်သွားမယ်ဆိုရင် တစ်လနှစ်လလောက်အတွင်း battery ရဲ့ စွမ်းဆောင်ရည် ကျဆင်း လာပါလိမ့်မယ်... နောက်ပိုင်းမှာ သင့် laptop ဟာ plug ချိတ်ပြီးမှ သုံးလို့ရမယ့် အနေအထား မျိုးဖြစ်သွားနိုင်ပါတယ်... battery လုံးဝအလုပ်မလုပ်တော့တဲ့ အခြေအနေမျိုးဖြစ်သွားပါလိမ့်မယ်... အကောင်း ဆုံးကတော့ သင့် laptop battery ကို သုံးရက်တစ်ခါလောက် အားကုန်တဲ့အထိသုံးပေး တာပါပဲ... နောက်တစ်ချက်ကတော့ အားသွင်းတဲ့အခါမှာ ground ချထားတဲ့ socket မျိုးကို သုံးဖို့ဖြစ်ပါ တယ်.. ဒါမှသာ လျှပ်စီးကြောင့် သင့် laptop အစိတ်အပိုင်းတွေ ပျက်စီးခြင်းမဖြစ် အောင်ကာကွယ် နိုင်ပါလိမ့်မယ်...

အပူ
အပူဟာ laptop တွေအတွက် အန္တရာယ်ပေးနိုင်တဲ့ အချက်တစ်ချက်ဖြစ်ပါတယ်... အပူကြောင့် စနစ် အစိတ် အပိုင်းတွေပျက်စီးစေပါတယ်.. အပူလွန်ကဲတဲ့အခါ တစ်ချို့ circuit တွေလောင်ကျွမ်းပျက်စီး တာမျိုး အထိ ဖြစ်နိုင်ပါတယ်... ဒါကြောင့် အပူလွန်ကဲမှုမရှိအောင် laptop တွေ အမြဲအေးမြနေအောင် သတိပြု လုပ်ဆောင် သင့်ပါတယ်... ဒီအတွက် သင်လိုမှာက cooler pad လိုမျိုး အအေးပေးစနစ် တစ်မျိုးမျိုးဖြစ် ပါတယ်... နောက်တစ်ချက်ကတော့ တစ်ချိန်ထဲမှာ application အများအပြားကို တစ်ပြိုင်နက်မသုံးဖို့ပါပဲ... ဒီအချက်ကလည်း laptop ကို အပူလွန်ကဲစေပါတယ်... ဈေးသက်သာပြီး ပုံတူကူးလုပ်ထားတဲ့ cooling pad တွေကိုလည်း သိပ်အားမကိုးပါနဲ့.. ဒါတွေကိုသုံးလို့ သင့် laptop ပျက်သွားရင် ကုန်ကျစရိတ် ပိုများ သွားပါလိမ့်မယ်... ဒါကြောင့် အရည်အသွေးမြင့်ပြီး အာမခံချက်ရှိတဲ့ cooler pad တွေကို ရွေးချယ် အသုံးပြုသင့်ပါတယ်...

Hardware အသစ်
keyboard တွေ၊ scanner တွေ၊ mouse တွေနဲ့ printer တွေလိုမျိုး hardware အသစ်တွေကို အသုံးပြုတဲ့ အခါ တစ်ချို့ hardware တွေဟာ laptop တွေကနေ support မလုပ်တာတွေ... တွဲသုံးလို့အဆင် မပြေတာတွေ စတဲ့ ပြဿနာတွေနဲ့ရင်ဆိုင်ရစေနိုင်ပါတယ်... ပထမဆုံးအကြိမ်တပ်သုံးလိုက်တုန်းကတော့ အလုပ်ပုံမှန်လုပ်နေတယ်... ဒါပေမဲ့ နောက်ပိုင်းကျတော့ အလုပ်ကောင်းကောင်းမလုပ်တာတွေ blue screen တက်လာတာတွေမျိုး ကြုံရတတ်ပါတယ်... ဒီလိုဖြစ်တာမျိုးဟာ သင့် laptop အတွက် အန္တရာယ် များ ပါတယ်... external device တွေကို မသုံးခင် အဲ့ဒီ device ရဲ့ specification တွေကို အရင်ဆုံးသေချာ ဖတ်ပါ... သင့် laptop ရဲ့ model နဲ့ laptop မှာတင်ထားတဲ့ OS တို့မှာ အလုပ်လုပ်နိုင်မလုပ်နိုင်ဆိုတာကို စစ်ပါ... ဒီအချက်အလက်အားလုံးကို hardware manual စာအုပ်မှာ ဖော်ပြထားပါလိမ့်မယ်... ဒါကြောင့် hardware အသစ်တွေကို တွဲဆက်ပေါင်းစပ်ပြီးမသုံးခင် သေချာစွာစစ်ဆေးလေ့လာပြီးမှ သုံးသင့်ပါ တယ်....

သန့်ရှင်းရေး
သင့်အနေနဲ့ သင့် laptop ကို အမြဲသန့်ရှင်းတောက်ပြောင်နေအောင်လည်း ဂရုစိုက်သင့်ပါတယ်... ပထမဆုံး အနေနဲ့ပြောရရင် ဖုန်တွေဟာ သင့် laptop ရဲ့ အဓိကရန်သူဖြစ်ပါတယ်... ဖုန်အများဆုံး တက်တာကတော့ keyboard နေရာမှာဖြစ်ပြီး ခလုတ်တွေရဲ့ကြားထဲကနေ အထဲကိုဝင်လာပါလိမ့်မယ်... ရက်တွေကြာလာတာနဲ့အမျှ ခလုတ်တွေရဲ့အောက်မှာ ဖုန်တွေစုလာပြီး ခလုတ်တွေကြောင်လာတတ်ပါ တယ်... ဒီလိုမဖြစ်အောင် ဖုန်သုတ် brush တွေ.. အဝတ်စတွေနဲ့ သန့်ရှင်းရေးလုပ်တဲ့ ဆေးရည်တွေကို သုံးနိုင်ပါ တယ်... keyborad ကို သန့်ရှင်းရေးလုပ်ဖို့ brush ကိုသုံးပါ... ဖုန်တွေကို လက်နဲ့ သုတ်ချဖို့မကြိုး စားပါနဲ့ ခလုတ်တွေပျက်နိုင်ပါတယ်.... ဒါကြောင့် cleaning kit လေးတွေကို ဝယ်ယူအသုံးပြုသင့်ပါတယ်... screen ကို သန့်ရှင်းရေးလုပ်ဖို့အတွက်တော့ ဆေးရည်နဲ့ အဝတ်စတွေကိုသုံးပါ...

အသုံးပြုပုံ
laptop ကို မှန်ကန်တဲ့အနေအထားမှာ ထားသုံးဖို့လည်း လိုပါတယ်... မညီညာတဲ့ မျက်နှာပြင်မှာတင် မသုံးပါနဲ့... မညီညာတဲ့မျက်နှာပြင်မှာတင်သုံးရင်လည်း ချက်ချင်းကျိုးပဲ့ ထိခိုက်သွားတာမျိုးတော့ ကြုံရမှာ မဟုတ်ပါဘူး... ဒါပေမဲ့ အစိတ်အပိုင်းတွေ တဖြည်းဖြည်းနဲ့ ထိခိုက်ပျက်စီးလာတာကို ကြုံရပါလိမ့်မယ်... အကောင်းဆုံးမျက်နှာပြင်တွေကတော့ စားပွဲတွေ... cooler pad တွေလိုမျိုး ပြင်ညီမျက်နှာပြင် တွေဖြစ်ပါ တယ်... cooler pad တွေကို အပူကိုစုပ်ယူစွန့်ထုတ်နိုင်စေရုံသာမက ပြင်ညီမျက်နှာပြင်မျိုးဖြစ်အောင် ဒီဇိုင်းထုတ်ထားတာကို သတိပြုမိပါလိမ့်မယ်...

သောက်စရာများ
အအေးတွေ... လက်ဘက်ရည်... ကော်ဖီ... ရေ စတဲ့ သောက်စရာတွေကို laptop သုံးရင်းသောက်တာ လည်း သိပ်ကောင်းတဲ့အချက်မဟုတ်ပါဘူး... ဘာကြောင့်လဲဆိုတော့ အဲ့ဒီအရည်တွေဖိတ်စင်သွားခဲ့ရင် keyboard ကနေတစ်ဆင့် laptop အတွင်းပိုင်းကို စိမ့်ဝင်သွားနိုင်ပါတယ်... ဒီလိုဖြစ်ခဲ့ရင် တစ်ချို့အစိတ် အပိုင်းတွေ ပုံမှန်အလုပ်မလုပ်တော့တာမျိုး ကြုံရနိုင်ပါတယ်.. ဒါကြောင့် laptop သုံးရင်း တစ်ခုခု သောက် တာမျိုး ကိုရှောင်သင့်ပါတယ်...

Screen Guard
Screen ပေါ်မှာ အကြောင်းအမျိုးမျိုးကြောင့် ခြစ်မိတာမျိုးမကြုံရအောင် screen guard တွေကို သုံးသင့်ပါ တယ်... screen guard တွေဟာ screen ထိခိုက်မှုကို အပြည့်အဝတော့ မကာကွယ်ပေးနိုင်ပေမဲ့ ခြစ်ရာတွေထင်မှာနဲ့ screen ပေါ်ကို ဖုန်တက်မှာတွေကိုတော့ ကာကွယ်ပေးနိုင်ပါတယ်... 

အတွင်းပိုင်းပြုပြင်ထိန်းသိမ်းမှု
----------------------------------------------------------------
၁) Antivirus 
၂) System restore points 
၃) backup 

Antivirus
သင့်စက်က antivirus ကို အမြဲတမ်း update လုပ်ထားဖို့လည်းအရေးကြီးပါတယ်... ဒီနေ့ခေတ်မှာ update မဖြစ်တဲ့ antivirus ကိုသုံးတာ အလုပ်မဖြစ်တော့ပါဘူး... အထူးသဖြင့် အင်တာနက်နဲ့ ချိတ်ဆက်သုံးစွဲတဲ့ အခါ virus အမျိုးမျိုးဝင်လာနိုင်ပါတယ်... ပြီးတော့ memory stick တွေနဲ့ တခြား နေရာတွေ အများကြီး ကနေလည်း ဝင်လာနိုင်ပါတယ်... Virus အားလုံးလိုလို သင့်စနစ်ရဲ့ စွမ်းဆောင်ရည်ကို ကျဆင်းအောင် လုပ်ဆောင်နိုင်ပါတယ်... တစ်ချို့ virus တွေကတော့ သင့်ကိုယ်ရေးအချက်အလက်တွေကို ခိုးယူပါလိမ့် မယ်... ဒါကြောင့် ကောင်းမွန်တဲ့ antivirus ကိုသုံးဖို့လိုသလို နေ့စဉ် ဒါမှမဟုတ် ၃ ရက်တစ်ခါလောက်တော့ update လုပ်ပေးသင့်ပါတယ်... လိုင်စင်မရှိတဲ့ software တွေကိုလည်း မသုံးပါနဲ့... အဲ့ဒါကလည်း virus တွေ တိုက်ခိုက်ဖို့ ပစ်မှတ်တွေဖြစ်နေတတ်ပါတယ်... တရားဝင်မဟုတ်တဲ့ antivirus software တွေကို လည်း အလွန်အကျွံအားမကိုးပါနဲ့.... စိတ်ချယုံကြည်ရတဲ့ တရားဝင် site တွေကပဲ ရယူအသုံးပြုပါ...

System Restore Points
အကယ်လို့ antivirus တွေ အလုပ်ကောင်းကောင်း မလုပ်တာတို့ window မတက်တာတို့ကြုံလာရင် သင့်အနေနဲ့ ဘာလုပ်လို့ရမလဲ... ဖြေရှင်းနည်းကတော့ restore points တွေ ပြုလုပ်ထားခြင်းပဲ ဖြစ်ပါ တယ်... Restore Points တွေဟာ တကယ်အသုံးဝင်ပါတယ်... system က crash ဖြစ်ပြီး OS ကို load မလုပ်နိုင်တော့ဘူးဆိုရင် restore point ကို ပြန်သွားပြီး သုံးလိုက်ရုံပါပဲ... System ကောင်းကောင်း လုပ်နေတုန်းမှာ restore point တစ်ခုလောက်ကို အရင်ဆုံးဖန်တီးထားရပါမယ်... သင်လိုအပ်ရင်လိုအပ် သလို restore point တွေ တစ်ခုထက်မက ထပ်ဖန်တီးလို့ရပါတယ်...

Backup
သင့် laptop မှာ အရေးကြီးအချက်အလက်တွေရှိနေမယ်ဆိုရင် CD-ROM ဒါမှမဟုတ် တခြားတစ်ခုခုထဲကို backup လုပ်ထားတာက ပိုကောင်းပါတယ်... ဘာကြောင့်လဲဆိုတော့ bad sectors တွေကြောင့် သင့်ရဲ့ hard disk ဟာ ဘယ်အချိန်မှာ damage ဖြစ်သွားမယ်ဆိုတာကို မသိနိုင်လို့ပါပဲ... bad sector တွေကို ရှင်းလင်းဖို့အတွက်ကတော့ သင့် hard disk ကို defrag လုပ်ရပါမယ်... ဒါပေမဲ့ ဘယ်လောက်ပဲ defrag လုပ်လုပ် backup လုပ်ထားတာလောက်တော့ စိတ်ချလို့မရပါဘူး... သင့်စက်ထဲက အချက်အလက်တွေ အချိန်မရွေးပျက်စီးသွားနိုင်တယ်ဆိုတာကို သတိပြုသုံးစွဲရပါမယ်... 
----------------------------------------------------------------
Ref: All Tech Manuals
 
=   =   =
Today Myanmar's photo.
LAPTOP သုံးစွဲသူများ သတိပြုရန် အချက်များ

၁။ မျက်နှာပြင်ညီညာသည့် နေရာတွင် Laptop computer ကို တင်ပါ။
ကွန်ပျူတာထဲတွင် လည်ပတ်နေသည့် Hard disk ရှိပါသည်။ တစ်ခါတစ်ရံ အနည်းငယ်လှုပ်ခြင်းသည် ပြဿနာ မရှိနိုင်သော်လည်း အမြဲတစေ လှုပ်ခါနေခြင်းကို Hard disk က မကြိုက်ပါ။ မျက်နှာပြင် မညီ သည့် နေရာတွင်တင်ပါက ကွန်ပျူတာသုံးနေစဉ် တစ်လျှောက်လုံး လှုပ်နေပါမည်။ Hard disk အသက်တို နိုင်ပါသည်။ ကွန်ပျူတာ သုံးခါနီးတိုင်း ခြေထောက် လေးချောင်းလုံး အထိုင် ညီမညီ စစ်ပါ။ ကွန်ပျူတာ သုံးစွဲနေစဉ် မကြာခဏ မ ပြီး ရွှေ့ခြင်းကို ရှောင်ပါ။

၂။ကွန်ပျူတာကို လေရအောင်လုပ်ပါ။
Laptop computerတို့သည် အလွန်ကျဉ်းမြောင်းသော အကန့်ထဲတွင် အတွင်းကလီစာ ပေါင်းစုံကို ကွက်တိ နေရာချရသည် ဖြစ်ရာ အပူချိန် တက်လွယ်ပါသည်။ အပူချိန်ကြောင့် အများဆုံး ထိခိုက်မည်မှာ processor နှင့် Harddrive ဖြစ်ပါသည်။ ထို့ကြောင့် Laptop computer သုံးလျှင် အောက်ခံပန်ကာ တပ်ပြီး သုံးပါ။ ကွန်ပျူတာ အောက်ဘက် မျက်နှာပြင်တွင် ဖောက်ထားသော လေပေါက်များ ပိတ်စေမည့် အပြုအမူကို ရှောင်ပါ။ ထိုအပေါက်များတွင် ဖုန်နှင့် အမှိုက်သရိုက်များ မပိတ်အောင် ဂရုစိုက်ပါ။

၃။သံလိုက်စက်ကွင်းရှိနိုင်သည့် နေရာများတွင် ကွန်ပျူတာကို မထားပါနှင့်၊ မသုံးပါနှင့်။
သံလိုက် စက်ကွင်းသည် Laptop computer ၏ စွမ်းဆောင်ရည်ကို ထိခိုက်စေနိုင်ပါသည်။ ထို့ကြောင့် ရေခဲသေတ္တာ၊ ရုပ်မြင် သံကြားစက်၊ အင်ဗာတာ၊ ယူပီအက်စ်တို့နှင့် အနားကပ်ပြီး ကွန်ပျူတာ မသုံးသင့်ပါ။

၎။ ကွန်ပျူတာကို နေရောင်ခြည်တိုက်ရိုက် မထိပါစေနှင့်။
Laptop Computer သည် ပြင်ပတွင် သယ်ဆောင်အသုံးပြုရန် တည်ဆောက်ထားခြင်း ဖြစ်ပါသည်။ သို့သော် နေရောင်အောက်တွင် သုံးစွဲရန် ပြုလုပ်ထားခြင်း မဟုတ်ပါ။ နေရောင်က စက်၏ အပူချိန်ကို မြင့်တက်စေနိုင်ပါသည်။ နေရောင်ခြည်တွင် ပါလာသော ခရမ်းလွန်ရောင်ခြည် တို့ကလည်း ရေရှည်တွင် စက်ကို ထိခိုက်စေနိုင်ပါသည်။

၅။ အလေးချိန်ရှိသော ပစ္စည်းတစ်ခုခုကို ကွန်ပျူတာပေါ်တင်မထားပါနှင့်။
Laptop computer အတော်များများသည် 25Kg ခန့် ဖိအားဒဏ်ကို ခံနိုင်အောင် တည်ဆောက် ထားသည်ဟု ဆိုပါသည်။ ပုံမှန် အရွယ်အစား ရှိသော လူကြီးတစ်ယောက် လက်ဖြင့် ဖိမိသည့် အနေအထားမျိုး ဖြစ်ပါသည်။ သို့သော် ခဏတဖြုတ် ဖိမိခြင်း ကိုသာ ခံနိုင်ပါလိမ့်မည်။ ထို့အတူ ကွန်ပျူတာ သုံးနေစဉ် ယင်းအပေါ်သို့ ပစ္စည်းတစ်ခုခု ပြုတ်ကျနိုင်ခြေ ရှိမရှိ သတိထားပါ။ စားပွဲပေါ် ခုန်တက်သည့် ကြောင်များကိုလည်း သတိထားပါ။

၆။ အပူအအေးပြင်းထန်သည့်နေရာ၊ စိုထိုင်းသည့် နေရာများတွင် ကွန်ပျူတာအသုံးပြုခြင်းကို ရှောင်ပါ။
Laptop computer အား ရာသီဥတု ပူလွန်းသည့် အချိန်၊ ရေခဲမတတ်အေးသည့် အချိန်များတွင် အိမ်၏ အပြင်ဘက်သို့ ယူဆောင် အသုံးပြုခြင်းကို ရှောင်ပါ။ ကွန်ပျူတာ၏ ပုံမှန် လုပ်ဆောင်နိုင်စွမ်းကို ထိခိုက်စေပါသည်။ ထို့အတူ မိုးရွာနေသော အချိန်တွင် မိုးပက်နိုင်သော နေရာ၌ ကွန်ပျူတာကို အသုံးမပြုပါနှင့်။ မီးဖိုဆောင်ထဲတွင် ကွန်ပျူတာ သုံးနိုင်သော်လည်း ထမင်းဟင်း ချက်ပြုတ်ထားသဖြင့် အငွေ့တလူလူ ထွက်နေသော နေရာအနီးတွင် ကွန်ပျူတာ အသုံးပြုခြင်းကို ရှောင်ပါ။

၇။ ကွန်ပျူတာပြကွက် (display) ကို ရေဖြင့်လည်းကောင်း၊ အခြားအရည်ဖြင့်လည်းကောင်း မသုတ်ပါနှင့်။
Laptop computer ၏ မျက်နှာပြင် သန့်ရှင်းရေး လုပ်ရန်အတွက် LCD Cleaner ဟုခေါ်သော အရည်ဘူး များ တရုတ်ပြည်မှ ဝင်ပါသည်။ တချို့သော Cleaner set တွင် Spary ဘူးများပင် ပါရှိပါသည်။ ကွန်ပျူတာ ၏ မျက်နှာပြင်တို့ကို sparay ဖြင့် တိုက်ရိုက် ပက်ဖျန်း၍ မရပါ။ အစမဖွာသော အ၀တ်စ (ဖြစ်နိုင်လျှင် မျက်မှန်သုတ်သော အဝတ်စမျိုး)ပေါ်သို့ ဆေးကြောအရည်ကို ဖျန်းပြီးမှ ကွန်ပျူတာ၏ ပြကွက် မျက်နှာပြင် ကို ညင်သာစွာ ပွတ်တိုက် သန့်ရှင်းရန် ဖြစ်ပါသည်။ သို့သော် အဆိုပါ မျက်နှာပြင်သည် ရေကိုသော် လည်းကောင်း၊ တခြားအရည် တစ်ခုခုကိုလည်းကောင်း စိုရွှဲသည်အထိ တင်ခြင်းကို မခံနိုင်ပါ။

၈။ ကြာရှည် အသုံးမပြုလျှင် Laptop computer မှ ဘက်ထရီကို ဖြုတ်ထားပါ။
အိမ်သုံးလျှပ်စစ်မီးဖြင့် သုံးစွဲနေစဉ်တွင် အားမပြည့်သေးသော ဘက်ထရီကို ကွန်ပျူတာတွင် တပ်ဆင် ထားပါက ဘက်ထရီ အသက်တို စေပါသည်။ ထို့အပြင် ကွန်ပျူတာ ပိတ်ထားစဉ်တွင်လည်း ဘက်ထရီ တပ်ထားပါက အတွင်းဓာတ်စီး ပတ်လမ်း ဖြစ်ပေါ် နေသောကြောင့် ဓာတ်အားဆုံးရှုံးမှု ရှိနေမည် ဖြစ်ပါ သည်။ ထို့ကြောင့် ဘက်ထရီ အသုံးပြုရန် မလိုအပ်ချိန်တွင် ဖြုတ်ထားပါ။ မဖြုတ်မီတွင် အားအပြည့် ရှိအောင် သွင်းထားပါ။ အိမ်သုံးလျှပ်စစ်မီးဖြင့် သုံးနေချိန်တွင် Desktop computer များသုံးနေသလို Laptop computer ကို လည်း UPS ခံပြီး အသုံးပြုသင့်ပါတယ်။

၉။ ကွန်ပျူတာကို အထိအခိုက် မခံရအောင် အကာအကွယ်ပြုပါ။
Laptop computer များသည် စက် ပိတ်ထားစဉ်တွင် အမြင့်(၂ .၅) ပေခန့်မှ လွတ်ကျသည့်တိုင် အတွင်း အစိတ်အပိုင်းများ အလွယ်တကူ မပျက်စီးနိုင်အောင် ပြုလုပ်ထားပါသည်။ သို့သော် လွတ်မကျလျှင် သာ၍ ကောင်းပါသည်။ ထို့ကြောင့် ကွန်ပျူတာ သုံးပြီးချိန်တွင် အပွန်းအပဲ့ မရှိစေရန် အိတ်ပျော့ (sleeve) ထဲသို့ သွင်းပါ။

Credit - Original up-loader

No comments:

Post a Comment