Thursday 24 October 2013

ကလေးလေးတွေ အကြောင်း (၄)



Myanmar Online News Thursday, October 24, 2013

မောင်ကျေးညိုလေးရဲ့ အိမ်မှာ မိအိမ်သစ် လာလည်ရင်း ဆော့နေကြတယ်
မောင်ကျေးညိုက သူ့ခွေးအကြောင်းကြွားနေတာ... ...
"ငါ့ခွေးက လိမ္မာတယ်ဟ၊ သင်္ချာတောင်တတ်တယ်"
"ခွေးက သင်္ချာတတ်တယ်?... မယုံပါဘူး"
"လက်တွေ့ပြမယ် လာခဲ့"

... ဆိုပြီး သူ့ခွေးလေး အိပ်နေတဲ့နားသွားတယ် ပြီးတော့ ခွေးကို မေးတယ်... ...

"ပလူတို... ငါးထဲက ငါးနုတ် ဘယ်လောက်ကျန်လဲ"

ခွေးက မျက်လုံးတစ်ချက်ဖွင့်ကြည့်ပြီး ဆက်အိပ်နေတယ်
ဒီတော့ မိအိမ်သစ်က ရီတာပေါ့... ..

"ဟိ ဟိ... ဘာမှလည်း ပြန်မပြောဘူး"
"အောင်မယ်...ဘယ်လောက်ကျန်လဲဆိုတာ နင်ရောသိလို့လား"
"သိတာပေါ့၊ ဘာမှ မကျန်ဘူး၊ သုညလေ"
"အေးလေ... သူကလည်း ဘာမှမကျန်လို့ ဘာမှပြန်မပြောတာပေါ့ဟ"
"ဟင်..."

သန်၎ကို-ဘာသာပြန်သည်

No comments:

Post a Comment