Thursday 17 October 2013

သတ်ပုံမှားမှာစိုးလို့



Today Myanmar
ယာဉ်တိုက်မှုတစ်ခု ဆိုးဆိုးရွားရွားဖြစ်သွားတယ်။
သေဆုံးသွားတဲ့ လူရဲ့ ခန္ဓာကိုယ်က အပိုင်းပိုင်းဖြစ်ပြီး လမ်းမပေါ်မှာ တစ်နေရာစီ ရောက်နေတယ်။
ခဏနေတော့... ....
အခင်းဖြစ်နေရာကို ရဲအရာရှိလေးတစ်ယောက် ရောက်လာပြီး မှတ်တမ်းလာယူတယ်။

ခန္ဓာကိုယ်အစိပ်အပိုင်းနဲ့ တွေ့ရှိရာနေရာကိုတွဲ မှတ်တယ်... ...

1. ညာခြေထောက်_ ကားဘီးအောက်မှာတွေ့
2. ဘယ်ဘက်လက်_ လမ်းမအလယ်မှာတွေ့
3. ကိုယ်လုံး_ပလက်ဖောင်းဘေးမှာတွေ့
4. ခေါင်း_မြောင်းဖုံး သံဆဂါပေါ်မှာတွေ့

... အဲ သံဆဂါ စာလုံးပေါင်းက မဟုတ်သေးပါဘူး
ပြန်ပြင်တယ်... ...

4. ခေါင်း_မြောင်းဖုံး သံစကာပေါ်မှာတွေ့

... ဒါလည်း စာလုံးပေါင်းက မဟုတ်သေးဘူး
စဉ်းစားပြီး ပြန်ပြင်တယ်... ...

4. ခေါင်း_မြောင်းဖုံး သံဇကာပေါ်မှာတွေ့

အင်း ဒါလည်း မသေချာဘူး။

ဘေးဘီဝဲယာလှည့်ကြည့်လိုက်တော့ သူ့ကို ဘယ်သူမှ ကြည့်မနေဘူး
ဒါနဲ့ မြောင်းဖုံးပေါ်က ခေါင်းပြတ်ကို ခြေထောက်နဲ့ မသိမသာ ကန်လိုက်တာ...
ခေါင်းပြတ်က လှိမ့်သွားပြီး မြောင်းထဲ ပြုတ်ကျသွားရော
အဲဒီတော့မှာ ရဲအရာရှိလေးလည်း ပြုံးနိုင်သွားပြီ မှတ်တမ်းကို ရေးလိုက်တယ်... ...

4. ခေါင်း_ရေမြောင်းထဲမှာတွေ့

ကဲ... စာလုံးပေါင်း မှန်သွားပြီ။ ပိုင်ဘူးလား။

သန်၎ကို-ဘာသာပြန်သည်။

No comments:

Post a Comment