ဆုတောင်း ပြည့်သဟ
ဆုတောင်းပြည့်သည်ဟု နာမည်ကြီးသော ရေတွင်းတခုသို့
လင်မယားနှစ်ယောက် ရောက်လာသည်။
ယောကျာ်းက ရေတွင်းနှုတ်ခမ်းဝ သွားသည်။
ရေတွင်းထဲငုံကြည့်ပြီး ဆုတောင်းသည်။
မိန်းမဖြစ်သူလည်း ရေတွင်းနှုတ်ခမ်းဝ သွားသည်။
ဆုတောင်းရန် ငုံကြည့်လိုက်စဉ် အရှိန်လွန်ကာ
ရေတွင်းထဲသို့ ပြုတ်ကျသွားသည်။
ယောကျာ်းလုပ်သူက ခပ်တိုးတိုးလေး ရေရွတ်လိုက်သည်။
"ဆုတောင်း ပြည့်သဟ "
ရွာသား ((ခေတ္တ-တော))
No comments:
Post a Comment