Thursday 31 October 2013

ကျုပ် လူပျိုကြီး ဖြစ်ရတာ အကြောင်းမဲ့မဟုတ်ဘူး



Today Myanmar
အစက ကျုပ်လည်း ချစ်သူရှိတာပဲဗျ

ခက်တာကကျုပ်ကအိမ်မှာ ခွေးလေးတစ်ကောင်မွေးထားတယ် 'ပလူတို' တဲ့
အတော်ချစ်စရာကောင်းတဲ့ ခွေးလေး
ခွေးလေးကို ကျနော်က ခင်တွယ်နေတာကို ရည်းစားကမကြိုက်ဘူး
အမြဲတမ်း ပြသနာရှာတယ်... ...

'ခွေးနဲ့ သူ ဘယ်သူ့ကို ဦးစားပေးမှာလဲ' တဲ့

'ဟ... င့ါကို ခင်တဲ့၊ ချစ်တဲ့နေရာမှ ခွေးက မင်းထက် သာတယ်' လို့ ပြောတော့ သူ့မှာ နာလိုက်တာ ဆတ်ဆတ်ခါလို့

'ရှင်ဘယ်လိုလုပ် သက်သေပြနိုင်မလဲ' လို့ လာမေးတယ်

ဒါနဲ့ ကျနော်လည်း စိတ်မရှည်တာနဲ့ 'လာစမ်းကွာ သက်သေပြမယ်' ဆိုပြီး... ...
သူ့ကိုရော ခွေးကိုရော ကြိုးနဲ့တုတ်ပြီး ကားနောက်ဖုံးထဲ ထည့်ပိတ်ထားလိုက်တယ်

တစ်နာရီလောက်နေမှ သွားဖွင့်ပြီး ကြိုးဖြည်ပေးလိုက်တော့....
သူတို့နှစ်ကောင် အဲလေ သူတို့နှစ်ယောက် အဲ ဒါလည်း မဟုတ်သေးပါဘူး
ထားပါတော့...
သူက ကျနော့်ကို ဒေါသတကြီး ဆဲဆိုရိုက်ပုတ် ကုတ်ဖဲ့တယ်
ခွေးလေးက ကြိုးတောင် မဖြည်ရသေးဘူး အမြီးလေးနန့်လို့ 'ဝု ဝု' နဲ့ ဝမ်းပန်းတသာ ကြိုဆိုတယ်
ကဲ....
ဘယ်သူက ကျနော့်ကို ပိုခင်တွယ်လဲ
အသိသာကြီး

အဲဒီကနောက်တော့ ရည်းစားနဲ့လည်း ကွဲသွားတယ်
အကြောင်းသိတဲ့ မိန်းကလေးတွေကလည်း ကျနော့် မကြိုက်ရဲတော့ဘူး
တော်ကြာကြိုးနဲု့တုတ်ပြီး ကားနောက်ဖုံးထဲ ထည့်ခံနေရမှာ စိုးလို့လေ...


ရည်းစားကို ကြိုးနဲ့တုတ်တတ်တဲ့-သန်၎ကို

No comments:

Post a Comment