Thursday 17 October 2013

လူ မှား တာ ပါ ဆို မှ



Myanmar Online News
Thursday, October 17, 2013
လူငယ်တစ်ယောက်သည် ပိုက်ဆံပြတ်သဖြင့် ရုပ်ဖျက်ပီး တောင်းစားရန်ဆုံးဖြတ်လိုက်သည်။

ဟောင်းနွမ်း စုတ်ပြတ်သော အ၀တ်အစားကိုဝတ်ကာ ရန်ကုန်ဘူတာကြီးသို့သွား၏။

အားလုံးမြင်သာသည့်နေရာတွင် ထိုင်ပီး ဦးထုပ်ကို ပက်လက်အနေအထားဖြင့် ရှေ့တွင်ချကာ စ တောင်းရန်ပြင်၏။

ထိုစဉ် ခပ်လှမ်းလှမ်း မှ အမျိုးသမီးငယ် တယောက်လျှောက်လာသည်ကိုမြင်သည်။

ဈေးဦးပေါက်တော့ မည်ဟု တွေးကာ အားတက်သွား၏။

သို့သော်.....အနားရောက်တော့မှ မိမိချစ်သူ ဖြစ်နေသည်ကိုတွေ့လိုက်ရရာ ခြေဖျားလက်ဖျားများအေးစက်ကုန်၏။

ထပြေးချင်သည်။သို့သော် အချိန်မရှိတော့။

အမျိုးသမီး သည် လူငယ်၏ ရှေ့တွင်သေချာလာရပ်ပီး ၄င်း၏မျက်နှာကိုသေသေချာချာစိုက်ကြည့်သည်။

ထို့နောက် အံသြသံဖြင့်..."..ရှင့်ကြည့်ရတာ ကျမချစ်သူနဲ့ အရမ်းတူတာပဲ။တူ တာမှ ချွတ်စွတ်ပါပဲရှင်..."

အသံကိုထိမ်းပီး လူငယ်မှ ပြန်ပြောသည်။

" ခင်ဗျား လူမှားလို့ဖြစ်ပါလိမ့်မယ် "

" ဖြစ်နိုင်ပါတယ်။ဒါပေမဲ့ရှင်......သေချာအောင် သူ အိမ်မှာ ရှိမရှိ သွားကြည့်လိုက်ပါဦးမယ် "

အမျိုးသမီးထွက်သွားသည်နှင့် လူငယ်သည် အရင်ဦးအောင် အိမ်သို့ပြေးသည်။

ရောက်ရောက်ချင်း ကမန်းကတန်း ရေချိုးကာ အ၀တ်အစားလဲ၏။

မကြာမီ အမျိုးသမီးရောက်လာသည်။

လူငယ် ကိုတွေ့သောအခါ သံသယ ရှိသော အသံဖြင့် လှမ်းပြောလိုက်သည်။

" မောင်နဲ့ အင်မတန်တူတဲ့ သူတောင်း စား တစ်ယောက်ကို ဘူတာကြီးမှာ အခုပဲတွေ့ခဲ့ရတယ် "

ထိုအခါ လူငယ်ပြန်ပြောလိုက်ပုံက....

" လူမှားတာပါလို့ မင်းကို မောင်ပြောပီးပီးလေ...." ....တဲ့...

အော်ရယ်ဂျင်နယ်စာရေးသူ-မသိ
ပြန်လည်မျှဝေထားသူကတော့-ဦးမောင်ကြီးပါသူ့ဆီကမလာတာ

အိမ်မက်ထဲက ကျွန်တော့်လက်ရေး

No comments:

Post a Comment