အင်း ဆိုသည်မှာ
အင်းဟူသည်မှာ ပါဠိဘာသာ အင်္ဂမှဆင်းသက်လာပြီး အင်္ဂါအစိတ်အပိုင်း အမှတ်လက္ခဏာ ဟုခေါ်သည်။
အစီအစဉ်ဖြင့်ထည့်သွင်းထားသော လေးထောင့်ကွက်များကို အင်း ဟုခေါ်သည်။ အင်း ကို
အနားလေးနားညီသော စတုရန်းပုံအင်း၊ ထေင့်မှန်စတုဂံပုံအင်း၊ ပဆစ်အိမ်ပုံအင်း၊ ခိုနန်းချိုးပုံအင်း
အင်းဝိုင်း စသည်ဖြင့်ပုံစံအမျိုးမျိုးတွေ့ရသည်။ အချို့ဆရာများက
စတုရန်းလေးထောင့်ညီရင် အင်း မညီရင် အိုင် ဟုခေါ်ကြသည် ။
အင်းတွင် ရုပ်အင်း နာမ်အင်း အင်းသေ
အင်းရှင် စသည်ဖြင့် အမျိုးမျိုး ရှိကြသည်။ ဗျဉ်းများ ထဲ့သွင်းထားသော အကွက်များကို
ရုပ်အင်း ဂဏန်းများ ထည့်သွင်းထားသော အင်းကို နာမ်အင်း ဟုခေါ်သည်။
ပုံသေသတ်မှတ်ထားသော အင်းကို အင်းသေ အကျိုးအာနိသင် ရစေရန် ပြုလုပ်စီရင်ရသော အင်းကို
အင်းရှင်ဟုခေါ်သည်။ ထိုအင်းတို့တွင် ဗျဉ်း ဂဏန်း တို့ကို မြင်းသွား ရထားသွား ခရုပတ်
ဗိုလ်တက်ထောက်ဆင်း ပုဏားကမျက်စောင်း ခြင်္သေ့လက်ယက် စသည်ဖြင့် အင်းသွားနည်း
အမျိုးမျိုးဖြင့် စီရင်ကြသည်။
ရှေးမြန်မာတို့သည် အင်းကို တော်တော်
အသုံးပြုခဲ့ကြသည်. ရည်မှန်းချက်ကြီးသော အင်းဆရာတို့သည် အင်းကို မိမိ ကိုယ်ကျိုးအတွက်
မသုံးပဲ စီးပွားရှာခြင်းမျိုး မပြုလုပ်တတ်ကြပေ ပယေဂအပေါင်းကို စေတနာဖြင့်
ခရီးသွားဟန်လွဲ ကုသပေးကြလေသည်။ မိမိ၏အကျင့် စရဏတို့နှင့် အင်းနှင့်ပေါင်းကာ
ထွက်ရပ်စခန်းသို့ ကြွမြန်းကြလေသည်။ ထွက်ရပ်စခန်းသို့ ပို့ပေးနိုင်သော အင်းများကို
လမ်းကြီးအင်း ဟုခေါ်သည်။
သို့သော် လမ်းကြီးအင်းများကို
ကျင့်ကြံနေကြသော သူတို့သည်ခက်ခဲ နက်နဲ လှသောကြောင့် လည်းကောင်း၊ ရှေးဆရာကြီးများ၏
သဘောကို အယူအဆလွဲမှားကြသောကြောင့် အနှောက် အယှက်တို့ကို မကျော်လွှားနိုင်သောကြောင့်
ပေါက်မြောက်သူ အလွန်နည်းပါးလှပါသည်။
credit:နွေဦးမောင်-friendsmyanmar.ning.com
No comments:
Post a Comment