Sunday 20 October 2013

အကြွားပြိုင်ပွဲ



Myanmar Online News Sunday, October 20, 2013

မုဆိုး သုံးယောက် အရက်ဘားတွင်ထိုင်ပြီး မိမိတို့၏ အောင်မြင်မှုများအကြောင်းကို ပြောနေကြသည်။ ပထမလူက ဤသို့ ပြောသည်။
"ကျွန်တော့်ဆီကို ကြံ့ကြီးတစ်ကောင် ပြေးလာတယ်။ သုံးကိုက်အကွာအထိ ဒီကောင် ကျွန်တော့်အနား ရောက်လာအောင် ပြေးလာခွင့်ပြုလိုက်ပြီးမှ ကျွန်တော် မောင်းကို ဖြုတ်လိုက်တယ်။ ပွဲချင်းပြီး သေပါလေရော"

ဒုတိယလူက ပြောသည်။
"ကျွန်တော် ဆင်တွေကိုလိုက်တုံးက ဆင်ရိုင်းတစ်ကောင်ကို ၂-ကိုက်အကွာအထိ အနားကပ်ခွင့် ပြုလိုက်ပြီးမှ ကျည်တစ်တောင့်တည်းနဲ့ ဒီကောင့်ကို ဘုန်းကနဲလဲသွားအောင် လုပ်လိုက်နိုင်တယ် "

တတိယလူက ပြောသည်။
"ကျွန်တော်ကျတော့ ကျွဲရိုင်းဗျ၊ ဒီကောင် တရှုးရှုးနဲ့ ကျွန်တော့်ကို ဝှေ့ဘို့ အတင်းပြေး ၀င်လာတယ်။ တစ်ကိုက်အကွာလောက်မှာ ဒီကောင့်ကို ကျွန်တော် ပစ်ချလိုက်တယ် "

ဘေးစားပွဲတွင် ထိုင်နေသော ဦးမောင်ကြီး က ၀င်ပြောသည်။
"ခင်ဗျားတို့ ပြောတာ ဘာဟုတ်သေးလဲ၊ ကျွန်တော့်အဖြစ်ကိုပြောပြမယ်။ ခြင်္သေ့ကကျွန်တော့်ကို မကျေမနပ် ဟိန်းတယ်။ ကျွန်တော် ဒီကောင့်အနားကို ကိုက်ဝက်လောက်အထိ ကပ်သွားတယ်။ ဘာလက်နက်မှလဲ မပါဘူး။ ဒီကောင့် အပေါ် ကျွန်တော် ရှုးရှုးပေါက်ချလိုက်တယ် "

မုဆိုးသုံးယောက်စလုံး အံ့သြသံဖြင့် ၀ိုင်းမေးကြသည်။
"အဲဒီတော့ ဘာဖြစ်သွားလဲဗျ "

"ဘာဖြစ်ရမလဲ၊ တိရစ္ဆာန်ရုံးဝန်ထမ်းတွေ ကျုပ်ကို လက်သီးစာ ကျွေးပစ်လိုက်တာပေါ့ "

အထာကျတဲ့ အာဂ ဟာသများ

No comments:

Post a Comment