Thursday 24 October 2013

စိတ်မကောင်းပါဘူး လူမိုက်ကြီးရယ် ..



Myanmar Online News Thursday, October 24, 2013

မောင်အောင်မောင်း တစ်ယောက် အရက်ဆိုင် မှ အရက်တစ်ခွက်ကို ရှေ့တွင် ချထားပီး ငူငူကြီး ထိုင်နေ၏။

ခဏကြာသောအခါ မြို့ခံလူမိုက် မဲလုံးကြီး ဆိုင်အတွင်းဝင်လာ၏။ ပီးနောက် မောင်အောင်မောင်း ရှေ့က အရက်ခွက်ကို လုယူပီး သောက်ချလိုက်သည်။

မောင်အောင်မောင်း က မဲလုံးကြီးကို တွေတွေကြည့်ပီး မျက်ရည်များ တသွင်သွင် ကျလာလေ၏။

လူမိုက်မဲလုံးကြီး။ ။ ဟေ့ကောင် ဘာလို့ငိုနေတာလဲ။ မင်းက အရက်လုသောက်တာကို မကျေနပ်ဖူးလား။

လာ လေ... မကျေနပ်ရင် မင်းနဲ့ ငါ တယောက်ချင်း ချမယ်။ သေသွားမယ်... တောက်။

မောင်အောင်မောင်း။ ။ မချချင်ပါဖူးကွာ။ ငါ့ဘ၀ကို ငါ စိတ်ပျက်လို့ပါ။

လူမိုက်မဲလုံးကြီး။ ။ ဘာစိတ်ပျက်နေတာလဲ။ ပြောစမ်း ဟေ့ကောင်။ ဒုန်း( ခုံထုသံ)

မောင်အောင်မောင်း။ ။ ငါ့ကို ဒီနေ့ သဌေးက အလုပ် ထုတ်လိုက်လို့ကွ။

အလုပ်ပြုတ်လို့ အိမ်ပြန်မယ်လုပ်တော့ ကားပါကင်မှာ ရပ်ထားတဲ့ ငါ့ကားက ပျောက်နေတယ်။

ပိုက်ဆံအိတ်က ကားထဲပါသွားလို့ အိမ်ကို လမ်းလျှောက်ပြန်ခဲ့ရတယ်။

အိမ်ရောက်တော့ ငါ့ကို အဖေ က လက်သီးနဲ့ထိုးတယ်။

ထွက်ပြေးတော့ အိမ်က ခွေးက လန့်ပီး ငါ့ကို လိုက်ကိုက်တယ်။

ခွေးရန်က လွတ်တော့ အရှိန်မထိမ်းနိုင်ပဲ လမ်းဘေးက ဓါတ်တိုင်နဲ့ ၀င်ဆောင့်တယ်။ ဒီလောက်တောင်ဖြစ်လှတာ ဆိုပီး...

ဝင်ဆောင့်တဲ့ ဓါတ်တိုင် နောက်က ဒီအရက်ဆိုင်ထဲ ၀င်လာတယ်။ သေချင်လို့ အရက်ထဲ အဆိပ်ထဲ့ပီး သောက်မလို့ ဟာ

မသေခင်လေး သရဏဂုံတင်နေတုန်း ခု မင်းက အဆိပ်ခတ်ထားတဲ့ ငါ့အရက်ကို လု သောက်တယ်... လေ..။

ငါဟာ တကယ့်ကို တော်တော် ကံဆိုးတာပဲ။ သေချင်တာတောင် မသေရဖူး.. ကွာ....။

~ မောင်သော်
အထာကျတဲ့ အာဂ ဟာသများ

No comments:

Post a Comment