နာဖျားနေတဲ့ ဥသြနာရီ
Myanmar Online News Tuesday, October 29, 2013
တစ်ည…
ကိုကျေးညိုတစ်ယောက် ညဉ့်အတော်နက်မှ အရက်မူးပြီးအိမ်ပြန်လာတယ်။
သော့ဖွင့်ပြီး အိမ်ထဲအဝင်၊ မနက် ၃ နာရီ
ရှိနေပြီဆိုတော့ နံရံမှာချိတ်ထားတဲ့ တိုင်ကပ်နာရီထဲက ဥသြငှက်ရုပ်လေးက “ဥသြ… ဥသြ…
ဥသြ” လို့ သုံးကြိမ်တွန်တယ်
တောက်… ဒီနာရီသံနဲ့တော့ ဒုက္ခပါပဲ…
မနက် ၃ နာရီမှ ပြန်လာတာကို မိန်းမသိရင်
ပြသနာရှာတော့မယ်
ဒါနဲ့ ကိုကျေးညိုပါးစပ်က နောက်ထပ် ဥသြတွန်သံ ၈
ချက်ကို ကမန်းကတမ်း လိုက်တွန်လိုက်ရတယ်
၃+၈ = ၁၁ ပေါ့လေ
ဘာရမလဲ ကျေးညို အမူးပါး ပါ
သူ့လုပ်ရပ်ကို သူသဘောကျသွားပြီး ကိုကျေးညိုလည်း
အိပ်ရာဝင်သွားတယ်။
နောက်နေ့မနက်ရောက်တော့… …
“ရှင် ညက ဘယ်အချိန်ပြန်လာသလဲ” လို့ သူ့မိန်းမက မေးတယ်
“၁၁ နာရီလေ မိန်းမရဲ့” လို့ ပြန်ဖြေလိုက်တယ်။
ခပ်တည်တည်ပဲ။
ဒီတော့ သူ့မိန်းမက ဆက်ပြောတယ်… …
“ကျမတို့ရဲ့ တိုင်ကပ်နာရီကြီးထဲက ဥသြလေးတော့
တခုခုဖြစ်နေပြီထင်တယ် ကိုကျေးညို”
“ဘာလို့လဲကွ”
“ညက ၁၁ နာရီထိုးတော့… ပထမ ဥသြဥသြလို့ သုံးခါတွန်တယ်၊
ပြီးတော့ တောက်တစ်ချက်ခေါက်တယ်၊ တခါ ဥသြ လေးခါတွန်တယ် အီးတချက်ပေါက်တယ်၊ တခါ
ဥသြနှစ်ခါထပ်တွန်ပြီး ချောင်းတစ်ချက်ဆိုးတယ်၊ နောက်ဆုံး ဥသြနှစ်ခါလည်းတွန်ပြီးရော
ဟိဟိလို့ ရီတယ် ရှင့်”
“ဟင်ငင်..ငင်”
သန်၎ကို-ဘာသာပြန်သည်
No comments:
Post a Comment