Tuesday 15 October 2013

ဆင်းရဲ တယ်၊ ချမ်းသာ တယ် ဆိုတာ




Golden Land Myanmar's photo.
အင်မတန် ချမ်းသာ ကြွယ်ဝ တဲ့ အဖေ ဟာ ကိုးနှစ် အရွယ် သားလေး ကို အပြင် လောက မှာ ဘယ်လောက် ထိ ဆင်းရဲ ကြောင်း သိအောင် ခရီး တစ်ခု ခေါ်သွား ပါတယ်။

လယ်ကွင်း ထဲမှာ ၂ ည အိပ်ပြီး ရွာတွေ လှည့် လို့ နောက်ဆုံး တော့ အိမ်ကို ပြန်လာ ပါတယ်။ အိမ် ရောက် တော့ အဖေက သား ကို ခရီးမှာ ဘာတွေ တွေ့ ခဲ့လည်း မေးတဲ့ အခါ --

"သားတို့ ဆီမှာ ရေကူး ကန် ပဲ ရှိတာ။ သူတို့ ဆီမှာ မြစ်ကော၊ ပင်လယ် ကော ရှိတယ်။ သား တို့က ဟင်းရွက် တွေ ဝယ်စား ရတာ။ သူတို့က ကိုယ်တိုင် စိုက်စား တယ်။ သား တို့ အိမ်ကို နံရံတွေ ပတ်လည် ဆောက်ထား တယ်။ သူတို့ အိမ် က ဘေးမှာ မိတ်ဆွေ တွေ အိမ် ဝန်းရံ ထားတယ်။ သား တို့မှာ ခွေး တစ်ကောင် ပဲ မွေးထား တာ။ သူတို့ ဆီမှာ ခွေးတွေ အများကြီး ပဲ။ သားတို့ အိပ်ရင် အပေါ်မှာ မျက်နှာကြက် ပဲ မြင်ရတယ်။ သူတို့ က ကြယ်တွေ ကို မြင်ရ တယ်။ သား တို့က ပူရင် လေအေးပေး စက် ဖွင့်တယ်။ သူတို့ က ပူရင် အိပ်ဖို့ အိမ်ရှေ့  ကွတ်ပျစ် ရှိတယ်။ သူတို့ က သားတို့ ထက် အများကြီး ချမ်းသာ တယ် ဖေဖေ" လို့ ပြန်ဖြေ ခဲ့ပါတယ်။

သင်ခန်းစာ -

ဆင်းရဲ တယ်၊ ချမ်းသာ တယ် ဆိုတာ အပြင် ပန်း ဂုဏ်၊ ငွေ တို့နဲ့ မသက် ဆိုင် ပါဘူး။ ဘဝ ကို အကောင်း မြင် နားလည် ပေးနိုင် တဲ့ စိတ် ကသာ လူ ကို ချမ်းသာ စေတာ ဖြစ် ပါတယ်။

အောင်ခမ်း ( ရိုးရာလေး )

No comments:

Post a Comment