Thursday 31 October 2013

မိန်းမဟူသည်...



Myanmar Online News Sunday, October 27, 2013
လင်မယားနှစ်ယောက် ကိုယ်ပိုင်ကားနဲ့ ခရီးထွက်လာတယ်
လမ်းခုလတ် ထမင်းဆိုင်မှာ ကားခဏရပ်ပြီး ထမင်းစားကြတယ်။
ထမင်းစားပြီးလို့ ပြန်ထွက်လို့ အတော်လေးလည်း မောင်းမိရော ယောက်ျားလုပ်သူက ပြောတယ်… ..

“ဟာ… မိန်းမရေ၊ ခုနက ထမင်းဆိုင်မှာ ငါ့ဦးထုပ် မေ့ကျန်ခဲ့ပြီကွာ၊ သွားပြန်ယူမှပဲ”

… ဆိုပြီး ကားကိုနောက်ပြန်လှည့်ပြီး မောင်းလာခဲ့တယ်။
အဲ…
ပြန်ကွေ့ပြီးမောင်းလာရာ လမ်းတစ်လျှောက်မှာ မိန်းမလုပ်သူက ပွစိပွစိနဲ့ မြည်တွန်တောက်တီးပါလေရော… …

“ရှင် ဟာလေ၊ အမြဲတမ်း နမော်နမဲ့နဲ့၊ ဘာလုပ်လုပ် သတိလေးထားရတယ်"
“အေးပါကွာ”

“အဲလို့ မေ့လျော့တယ်ဆိုတာ ကောင်းတာမဟုတ်ဘူး ရှင့်”
“အေးပါကွာ”

“ခု ကြည့်စမ်း၊ အချိန်လည်းကုန်၊ ဆီလည်းကုန်၊ ခရီးလည်းဖင့်၊ လူလည်းပင်ပန်း”
“အေးပါကွာ”

“#$@%^&*^%$”
“အေးပါကွာ”

“@#$!@!@!@*&&”
“အေးပါကွာ”

ဒီလိုနဲ့...
ခုနကဆိုင်ကို ရောက်တော့ ယောက်ျားလုပ်သူ ဆင်းသွားပြီး သူ့ဦးထုပ်ကို သွားယူတယ်။
ပြန်လာတော့ ကားထဲမှာ မျက်နှာစူအောက်အောက်နဲ့ ထိုင်စောင့်နေတဲ့ သူ့မိန်းမရဲ့ပေါင်ပေါ်ကို ပစ္စည်းတစ်ခု ပစ်ချလိုက်ရင်း ပြောတယ်… …

“အဲဒီမှာဟေ့… ဆိုင်ရှင်က ပြန်ပေးလိုက်တာ၊ စာပွဲပေါ်မှာကျန်ခဲ့တဲ့ မင်းရဲ့ပိုက်ဆံအိတ်”
“ရွှမ်…”



သန်၎ကို-ဘာသာပြန်သည်။

No comments:

Post a Comment