Sunday 13 October 2013

အမေတစ်ယောက်အပေါ်မှာ ထားတဲ့ ခံစားချက်



Heart Canteen's photo.
Bus ကားပေါ်က ဆင်းပြီးတဲ့အချိန်မှာ သူ့ရဲ့ပိုက်ဆံအိတ် အခိုးခံလိုက်ရပြီဆိုတာ သူသိလိုက်တယ် .. အိတ်ထဲမှာ အရေးကြီးတာတွေတော့ မပါပါဘူး … ပိုက်ဆံတစ်သောင်းခွဲလောက်ရယ် … သူ့အမေဆီ ပို့ဖို့စာတစ်စောင်ပါတဲ့ စာအိတ်တစ်အိတ်ရယ်ပဲပါတယ် …
စာထဲမှာတော့ “ကျွန်တော် အလုပ်ဖြုတ်ခံလိုက်ရပြီ … ဒါကြောင့်ဒီတစ်လ အမေ့ဆီ ပိုက်ဆံပို့နိုင်မှာ မဟုတ်ဘူး” ဆိုတာပဲရေးထားတာပါ … သူ့အိတ်ထဲမှာ အဲ့ဒီစာ ရှိနေတာ တစ်ပတ်လောက်ရှိပြီ … သူ့အမေ စိတ်မကောင်းဖြစ်မှာ သိလို့ မပို့ဖြစ်ဘဲ သောင်တင်နေတာပါ … တစ်သောင်းခွဲဆိုတာတော့ များပြားလှတဲ့ ငွေပမာဏမဟုတ်ပေမယ့် ဒီလိုအလုပ်မရှိတဲ့အချိန်မှာ မိသားစုကို ပြန်ကြည့်နေရတဲ့ သူ့အဖို့တော့ တစ်သောင်းခွဲဟာ တစ်သိန်းခွဲလိုပါပဲ …
ရက်အနည်းငယ် ကြာပြီးတဲ့နောက်မှာ သူ့အမေဆီက စာတစ်စောင်ရောက်လာခဲ့တယ် .. သူပိုက်ဆံမပို့လို့ သူ့အမေများ ငွေလိုနေပြီလား ဆိုပြီး စိုးရိမ်သွားခဲ့ပေမယ့် စာကိုဖတ်လိုက်ရတဲ့အချိန်မှာတော့ သူထိတ်လန့်သွားခဲ့တယ် .. စာထဲမှာ “ကျေးဇူးပါပဲသားရယ် .. သားပို့လိုက်တဲ့ ငွေငါးသောင်း အမေရတယ်” လို့ရေးထားတာပါ။
သူ့အမေဆီ ဘယ်သူ ပိုက်ဆံပို့လိုက်လဲဆိုတာ သူစဉ်းစားမရဖြစ်နေခဲ့တယ် .. ရက်အချို့ကုန်လွန်သွားပြီးတဲ့အခါ သူ့အမေဆီက နောက်ထပ် စာတစ်စောင်ရောက်လာတယ် .. “သားရေ … အရမ်းသေးလွန်းတဲ့လက်ရေးနဲ့စာတစ်စောင် အမေ့ဆီရောက်လာတယ်၊ ဒါပေမယ့် အမေ့မျက်မှန်က ကျိုးနေတော့ မဖတ်နိုင်တာနဲ့ သားဆီကိုပြန်ပို့လိုက်တယ်” သူဟာ စာကိုဖွင့်လိုက်တယ်၊
စာထဲမှာရေးထားတာက … “ငါ မင်းပိုက်ဆံ တစ်သောင်းခွဲကို သုံးသောင်းခွဲ ထပ်ပေါင်းပြီး မင်းအမေဆီကို ပိုက်ဆံ ငါးသောင်းပို့ပေးလိုက်တယ် … တကယ်တော့ အမေအားလုံးဟာ အမေပါပဲ … သူမ ဆာလောင်မွတ်သိပ်နေစရာ အကြောင်းမရှိဘူးလို့ ငါထင်တယ် … ငါ့အမေသာ ရှိနေသေးရင် ငါလည်း ငါ့အမေကို ဒီလိုဖြစ်စေချင်မှာ မဟုတ်ဘူး ... ဘာပဲဖြစ်ဖြစ် မင်းတတ်နိုင်သမျှ အလုပ်မြန်မြန် ရအောင်ရှာပြီး မင်းအမေကို စောင့်ရှောက်ပါ … (မင်းပိုက်ဆံအိတ်ကို ခိုးသွားတဲ့သူ)”
ကောင်းတဲ့အလုပ်နဲ့ အသက်မွေးတဲ့လူဖြစ်ဖြစ်၊ မကောင်းတဲ့အလုပ်နဲ့ အသက်မွေးတဲ့လူဖြစ်ဖြစ် အမေတစ်ယောက်အပေါ်မှာ ထားတဲ့ ခံစားချက်ကတော့ လူသားတိုင်း အမြဲ အတူတူပါပဲ … ♥ ( Admin >> TT )

No comments:

Post a Comment