Thursday 31 October 2013

ဖြောင့်ဖြောင့်ပဲ တွေး



Myanmar Online News
တစ်ရက် မောင်ဘက လဘက်ရည်ဆိုင်ကို ရောက်လာတော့ စာအုပ်တစ်အုပ်ကို အကြီးအကျယ် ဖတ်နေတဲ့ လူတစ်ယောက်ကို တွေ့တော့ စိတ်ဝင်တစား မေးတယ် ။

''ဘာစာအုပ် ဖတ်နေတာလဲ''
''ဖြောင့်ဖြောင့်ပဲတွေး ဆိုတဲ့ စာအုပ်လေ ၊ မသိဘူးလား ။''
''မသိဘူး။''
''ရှင်းပြရတော့မှာပေါ့။ ဥပမာကွာ မင်းအိမ်မှာ ငါးမွေးထားလား''
''ရှိတယ်လေ ''
''အဲဒီတော့ မင်းက တိရိစ္ဆာန်ချစ်တာပေါ့''
''ဟုတ်တယ်လေ''
''အဲဒီတော့ လူတွေလဲ မင်းချစ်မှာပေါ့ ''
''ဟုတ်ပဗျာ''
''အဲဒီတော့ မိန်းကလေးတွေကိုလဲ စိတ်ဝင်စားမှာပေါ့''
''ဟုတ်ပ''
''အဲဒီတော့ မင်းက အခြောက်မဟုတ်ဘူးပေါ့''
''မှန်လိုက်လေ။ ဒီစာအုပ် ကျုပ်ကို ခဏငှားဗျာ'' လို့ပြောပီး ဖတ်ပါလေကော ။
နောက်နေ့ရောက်တော့ မောင်ဘ စာဖတ်နေတဲ့ အချိန် မောင်လှရောက်လာပြီး
''ဘာစာအုပ်ဖတ်နေတာလဲ မောင်ဘ ရ ''
''ဖြောင့်ဖြောင့်ပဲတွေး ဆိုတဲ့ စာအုပ်လေ ၊ မသိဘူးလား''
''မသိဘူး''
''ရှင်းပြရတော့မှာပေါ့ ။ ဥပမာကွာ မင်းအိမ်မှာ ငါးမွေးထားလား။ ''
''မမွေးထားဘူး''
''ဟာ အဲဒါဆို မင်းက အခြောက်ကြီးပေါ့''
''ဟင်''
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
~~~~~~~~~~ ခင်ညားတို့ကော ငါးမွေးထားလားငင် xP

ဦးမောင်ကြီး
အထာကျတဲ့ အာဂ ဟာသများ

No comments:

Post a Comment