Sunday 20 October 2013

"ကလေးလေးတွေ အကြောင်း (၃)"



Myanmar Online News Sunday, October 20, 2013

တစ်အိမ်သားလုံး အပြင်သွားနေကြတော့ ကိုဇော်ကြီးနဲ့ သူ့တူလေး မောင်ကျေးညိုပဲ အိမ်မှာ ကျန်ခဲ့တယ်။ ကျေးညိုလေးက ၃-၄နှစ် အရွယ် လူလည်လူဆိုးလေး။

အိမ်ရှေ့ခန်းထဲ ဆော့နေရာကနေ ခဏနေတော့ အခန်းထဲမှာ သန့်ရှင်းရေးလုပ်နေတဲ့ သူ့ဦးလေးကို သွားမေးတယ်... ...

"ဦးဦးဇော်... တီတီချော ဘယ်သွားလဲ"
"အပြင်သွားတယ်ကွဲ့"
"ဘာသွားလုပ်တာလဲ"
"သူ့ရည်းစားနဲ့ လျှောက်လည်တာ"

"ဒါဆို... ဦးဦးမိုးရော"
"သူလည်း အပြင်သွားတယ်"
"ဘာသွားလုပ်တာလဲ"
"သူ့ရည်းစားနဲ့ လျှောက်လည်တာ"

"ဦးဦးဇော်မှာရော ရည်းစားမရှိဘူးလား"

အဲ ဘာရယ်မဟုတ်ဘူး ကလေးကို ပေါက်ကရ လျှောက်ပြောနေတာ ကိုယ့်ဘက်လှည့်လာပြီ။
ဒါနဲ့....
အမျိုသမီးအဆိုတော်တယောက်ရဲ့ သီချင်းအစီအစဉ်လာနေတဲ့ တီဗွီကို လက်ညိုးထိုးပြလိုက်ပြီး...

"အဲဒါ ဦးဦးဇော်ရဲ့ ရည်းစားလေ သားသားရဲ့"
"ဟုတ်လား"

ပြောနေတုန်း တီဗွီက ဖောက်လာတယ်၊ အရုပ်က ပေါ်တချက် မပေါ်တချက်ဖြစ်နေတာ
နောက်က အင်တီနာကြိုးဝင်ပေါက်က ဖြစ်နေတာလေ တခါတခါ လွတ်လွတ်သွားတာကိုး

ဒါနဲ့ ကိုဇော်ကြီးလည်း ဝက်အူလှည့်တချောင်းနဲ့ အင်တင်နာဝင်ပေါက်ကို ထိုးလှည့်ရင်း တတ်သလောက်မှတ်သလောက် ပြင်ကြည့်နေတယ် အဲလို လုပ်နေဆဲမှာပဲ ကိုဇော်ကြီးရဲ့ ကျောင်းနေဘက် သူငယ်ချင်း ခင်နွဲ့နှောင်း ရောက်လာတယ်... ...

"ဟဲ့ ... ငဇော်၊ ငါ ဆရာကန်တော့ပွဲအတွက် အလှူငွေ လာကောက်တာ"
"အေး အေး ခဏလေး လာမယ် လာမယ် ဧည့်ခန်းမှာ ခဏစောင့်ဟေ့"

မောင်ကျေးညိုက ကလေးဆိုတော့ စပ်စုချင်တာနဲ့ အရင်ထွက်လာတယ်..
ခင်နွဲ့နှောင်းက မေးတယ်... ..

"သားသားလေး... ဦးဦးဇော် ရှိလား"
"ရှိတယ် တီတီ၊ အခန်းထဲမှာဂျ"
"သူက ဘာလုပ်နေတာလဲ သားသားရဲ့"
"သူ့ရည်းစားက သီချင်းဆိုပြနေတာကို နားထောင်နေတာလေ"

ဟင်...အခန်းထဲမှာ ရည်းစားကို ခေါ်ထည့်ထားတယ်၊ ငဇော် လူဆိုးပါလား

ကလေးက ဆက်ပြောတယ်... ...

"အဲဒါ သူ့ရည်းစားက သီချင်းဆိုပြနေတုန်း ရပ်ရပ်သွားလို့တဲ့၊ ဦးဦးဇော်က သူ့ရည်းစားနောက်က အပေါက်ကို ဝက်အူလှည့်နဲ့ ထိုးနေတယ် တီတီရဲ့"

"ဘုရား... ဘုရား"... ...
ဆိုပြီး ခင်နွဲ့နှောင်းတယောက် အလှူငွေတောင် မကောက်ရဲတော့ပဲ ပြန်ပြေးသွားတယ်..

ဟာသဗိမာန်-ဆရာသန်
သန်၎ကို-ဘာသာပြန်သည်။

No comments:

Post a Comment