Wednesday, 23 October 2013

၁။ လိုင်စင်ပြန်ပေး။ ၂။ဧည့်သည်



Myanmar Online News
Wednesday, October 23, 2013

တစ်နာရီလျှင် ကီလိုမီတာ ၄ဝ ထက်ပိုမမောင်းရဟု သတိပေးထားသည့် ဆိုင်းဘုတ်အနီးတွင် ယာဉ်ထိန်းရဲရပ်နေသည်။

ဟွန်ဒါကားဟောင်းလေးတစ်စီး ဖြတ်မောင်းလာသည်။ တစ်နာရီလျှင် ၄၁ ကီလိုမီတာ နှုန်းလောက်ရှိမည်။

ယာဉ်ထိန်းရဲက ဝီစီမှုတ်ပြီး ကားရပ်ခိုင်းလိုက်သည်။ ကားထဲမှ ဒရိုင်ဘာအဖိုးကြီးထွက်လာသည်။
"သတ်မှတ်နှုန်းထက်ပိုပြီး ကားကိုမောင်းတဲ့အတွက် အရေးယူရပါလိမ့်မယ်။ ဒဏ်ငွေဆောင်မလား။ လိုင်စင်အသိမ်းခံမလား"

"အန်ကယ့်ဆီမှာ ပိုက်ဆံမပါဘူး"

"အဲဒါဆိုရင် ကားမောင်းလိုင်စင်ကို သိမ်းရပါလိမ့်မယ်"

ဤအချိန်တွင် နောက်ဆုံးပေါ်မာစီးဒီးကားကြီး ဖြတ်မောင်းလာသည်။ ယာဉ်ထိန်းရဲ ဝီစီမှုတ်သည်။

မာစီးဒီးကားရပ်လိုက်သည်။ ကားထဲမှ ဗလကြီးထွက်လာသည်။ ယာဉ်ထိန်းရဲဘက် လျှောက်လာရင်း အသံမာမာဖြင့်လှမ်းမေးသည်။

"ဝီစီမှုတ်တာ ဘယ်သူလဲဟေ့"
ယာဉ်ထိန်းရဲ ဘာမျှမပြောဘဲငြိမ်နေသည်။

ဤတွင် အဖိုးကြီးက ယာဉ်ထိန်းရဲကိုပြောသည်။

"ဟေ့ ငါ့လိုင်စင် ပြန်ပေး။ မပေးရင် ဘယ်သူ ဝီစီမှုတ်သလဲ ဆိုတာ ငါပြောလိုက်မယ်"
~~~~~~~~~~
Credit to variety of joke
ဆာလာအိတ်
=   =   =

Myanmar Online News
ဧည့်သည်

လင်မယားနှစ်ယောက် စကားများ ရန်ဖြစ်ပြီးကာစတွင် အိမ်ရှေ့မှ လူခေါ်ခေါင်းလောင်းသံ မြည်လာသည်။

ယောက်ျားလုပ်သူက တံခါးသွားဖွင့်ပေးသည်။

အပြင်တွင် ဓားမြှောင်ကိုင်ထားသော မျက်နှာဖုံးစွပ် လူတစ်ဦး ရပ်နေသည်။

ပြီးတော့ အသံအက်အက်ကြီးဖြင့် ယောက်ျားလုပ်သူအား ပြောသည်။

"ကျုပ်က လူသတ်သမားပဲ။ မိန်းမတွေကို လည်လှီးပြီး သတ်ပစ်ချင်တယ်"

ယောက်ျားဖြစ်သူက ထိုလူအား ဘာမှပြန်မပြောတော့ဘဲ အိမ်ထဲသို့ လှမ်းအော်သည်။

"မိန်းမရေ၊ ဟောဒီမှာ မင်းနဲ့တွေ့ချင်လို့တဲ့။ ဧည့်သည် လာတယ်ဟေ့။"

***thuyein***

ရတနာမောင်
 

No comments:

Post a Comment