Thursday, 31 October 2013

မကြောက်နဲ့နော်



Myanmar Online News Tuesday, October 29, 2013

စိတ်ရောဂါကု ပါရဂူကြီးသည် လူနာအခြေအနေ ကြည့်ရှုစစ်ဆေးရန် ဆေးရုံသို့ ရောက်ရှိလာသည်။

ဆေးရုံအုပ်ကြီးရုံးခန်းသို့လျှောက်လာစဉ် လူထွားကြီးတစ်ဦးသည် သူ့အား တောက်လျှောက် စိုက်ကြည့်နေလေသည်..

လူထွားကြီးအနား ရောက်ခါနီးတွင် လူထွားကြီးမှာ သူ၏ ဘေးရှိထိုင်ခုံအား ကောက်ကိုင်ပြီး သူဆီသို့ ပြေးလာသည်..

ပါရဂူကြီးမှာလည်း ဘာမှစဉ်းစားမနေတော့ပဲ ပြေးနိုင်မှလွတ်နိုင်မည်ဟုဆိုပြီး အသားကုန်သာ လှိမ့်ပြေးလေတော့သည်..

ပြေးရင်းပြေးရင်းဖြင့် ပါရဂူကြီးသည် လမ်းမှားပြီး အုတ်တံတိုင်ကြီးဆီသို့ ရောက်ရှိ၍ လမ်း ပိတ်သွားလေသည်

ပါရဂူကြီးလည်း မထူးတော့ပါဘူးကွာ.. ဟုဆိုကာ ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ခေါင်းငုံ ထား လိုက်လေသည်…

လူထွားကြီးမှာ ပါရဂူအနားသို့ရောက်လာပြီး ဤသို့ပြောလိုက်လေသည်.

" ထိုင်ပါခင်ဗျား… ကျွန်တော်က ဧည့်ကြိုပါ" .. တဲ့

ဦးမောင်ကြီး
cr >>>> ori wri
အထာကျတဲ့ အာဂ ဟာသများ

No comments:

Post a Comment