Monday 21 October 2013

ကွန်ပျူတာ အသုံးပြုခြင်းနှင့် ကျန်းမာရေး



Today Myanmar
ခေတ်မှီတိုးတက်နေတဲ့ ခေတ်ကြီးမှာ လူကြီး လူငယ်မရွေး နေ့စဉ်  ကွန်ပျူတာနှင့် ထိတွေ့ကိုင်တွယ် လုပ်ကိုင်နေရပါတယ်။

အဲ့ဒါကြောင့် မျက်စိထိခိုက်မှူတွေ ဖြစ်ပွားမှု များလာတယ်ဆိုတာ မဆန်းပါဘူး။

[ မျက်စိထိခိုက်မှုများ မဖြစ်စေရန် နည်းလမ်းကောင်းလေးများ ]

(၁) သင် ကွန်ပျူတာသုံးချိန်မှာ သင့်၏မျက်စိနှင့် ကွန်ပျူတာကို လက်တစ်ပြန်အကွာမှာ ထားပြီး ကွန်ပျူတာကို သုံးနိုင်ပါတယ်။

(၂) သင် ကွန်ပျူတာကိုင်တွယ်အသုံးပြူနေတဲ့ အခန်းတွင် အလင်းရောင်ပြန့်နေအောင် မီးများ ဖွင့်ပေးထားရမှာပါ။

ဖွင့်ပေးမထားပဲ မှောင်နေတဲ့ အခန်းထဲမှာ ကွန်ပျူတာ သုံးနေမယ်ဆိုရင်တော့ ကွန်ပျူတာမှ လာတဲ့ အလင်းရောင်က သင့်မျက်လုံးကို စူးရှတဲ့ အလင်းတွေဝင်ပြီး မျက်စိထိခိုက်မှု ဖြစ်စေနိုင်ပါတယ်။

(၃) ကွန်ပျုတာသုံးပြီးလို့ပဲဖြစ်ဖြစ် အလုပ်ပင်ပန်းချိန်တွေဆိုရင် သင့် မျက်စိ ညောင်းညာခြင်း မရှိစေရန် မျက်လုံးကို ဖွင့်လိုက်ပိတ်လိုက် အကြိမ်နှစ်ဆယ်လောက် လုပ်ပေးခြင်းဖြင့် မျက်စိညောင်းသက်သာ စေပါတယ်။

(၄) စိတ်ညစ်နေတဲ့ အချိန်ဆို ဘာဆိုဘာမှ မလုပ်ချင်တော့ပဲ မျက်စိများ ညောင်းညာနေတာမျိုး ဖြစ်တတ် ပါတယ်။

အဲ့လို မဖြစ်စေရန် ရေအေးနှင့် ခနခန မျက်နှာသစ်ပေးခြင်းဖြင့် မျက်စိအေးစေပြီး စိတ်ညစ်မှုများကို ပြေပျောက်စေနိုင်ပါတယ်။

(၅) ကွန်ပျူတာ အသုံးပြုတယ့်အခါ အလင်းရောင်ကို မစူးစေတဲ့မျက်မှန် အမျိုးအစားမျိုးကို တပ် ဆင်အသုံးပြုခြင်းဖြင့် သင့်မျက်စိကို အလင်းရောင် ထိခိုက်ခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

(၆) မျက်စိထိခိုက်မှုများ ဖြစ်မှာကြောက်သူများအတွက် အလုပ်ပင်ပန်းချိန် ၊ မျက်လုံးညောင်းချိန် ၊ အလုပ် ထဲမှာ အိပ်ငိုက်တဲ့ အချိန်တွေမှာဆို မျက်စိကို မျက်စင်းခပ်ပေးခြင်းဖြင့် မျက်လုံးကို အေးစေပြီး မျက်စိ ညောင်းညာခြင်း အလုပ်ထဲမှာ အိပ်ငိုက်တာတွေကို ပြေပျောက်စေနိုင်ပါတယ်။

(၇) ကွန်ပျူတာနဲ့ သင့်မျက်လုံးကို အတည့်မထားပါနှင့်။ ကွန်ပျူတာတင်ထားတယ့် စားပွဲက မြင့်နေပြီး သင်ထိုင်နေတဲ့ ခုံက နိမ့်နေမယ်ဆို သင့်မျက်နှာဟာ  နှင့် မမီပဲ နိမ့်နေခြင်းဖြင့် မျက်လုံးကို ထိခိုက်နိုင်ပါတယ်။

ဒါကြောင့် ကွန်ပျူတာတင်တဲ့ စားပွဲကို အနည်းငယ်နိမ့်ပေးပြီး ထိုင်ခုံကိုတော့ အနည်းငယ်မြင့်တဲ့ ခုံနဲ့ ထိုင်ပြီး ကွန်ပျူတာကို အသုံးပြုသင့်ပါတယ်။

(၈) အလုပ်မှာပဲဖြစ်ဖြစ် ကွန်ပျူတာ အသုံးပြူချိန်ကြာမြင့်သွားရင် မျက်လုံးတွေ လေးလာတက်ပါတယ်။ အဲ့လိုဖြစ်လာပြီဆိုရင် မျက်လုံးအတွက်လည်း မကောင်းဘူး ၊ သွေးလည်ပတ် မှူနှုန်းက နှေးကွေးလာစေ တယ်။

ဒါကြောင့်ထိုင်နေရာမှ ထပြီး ခြေလှမ်း ၂၀လောက်ထပြီး လမ်းလျှောက်ပေးသင့်ပါတယ်။

No comments:

Post a Comment