Friday 18 October 2013

သီတင်းကျွတ်နှင့်စပ်၍ မှတ်ဖွယ် အကျဉ်း

ဘဒ္ဒန္တ တိက္ခဥာဏာလင်္ကာရ
ရှေးစကားများ
………….......
ဝါလကင်းလွတ် သီတင်းကျွတ်
သီတင်းကျွတ်တွင် ပလ္လင်ဆေးမိုး ရွာသွန်းဖြိုး
တော်သလင်းမူ သစ်ဆင်းဟူ သန်တူ သီတင်းကျွတ်

စာဆိုတို့ ဂုဏ်ပြုဖွဲ့ ဆို
……………………….
တူရာသီခွင် ရေပြင်လှတင့် ကြာမျိုးပွင့်၍
မြတ်ကျင့်ခေါင်ထွတ် သီတင်းကျွတ်
{ဆီသည်ရွာစား ဦးအောင်ကြီး}

သတင်းကျွတ်ပြီ တူရာသီ အဿဝဏီရှိန်ဝါထွန်း
ကြာမျိုးလည်းစို မီးမြင့်မိုရ် ဗဟိုတသာထွန်း
{ကင်းဝန်မင်းကြီး}

ရွှေနန်းတောင်တောင်ဦးမှာ ကွန့် မြူးမြင့်မိုရ်မီးညီးတဲ့ခါချိန
{ဖိုးသူတော် ဦးမင်း}

ကြော်သဲအုတ်အော် ပူဇော်ဆီးမီး
ညီးညီးဝင်းဝင်း ထွန်းလင်းရောင်ရှိန်
အာလိန်ငါးဆင့် ရွှန်းရွှန်းတင့်သား
နတ်မင်းစံရာ ၀တိံသာသို့ 
လေးဖြာရောင်စုံ မြင့်မိုရ်ပွဲကြီး
{ဦးယာ}

လှိုင်လှိုင်သာသင်းတော့တယ်
ကန်မင်းငယ်နန္ဒာ လျှံဝင်းငယ်ဖြာသည်
ပွင့်ရွှေကြာမြိုင်မြိုင်နှင့် ကြိုင်ကြိုင်သင်းတဲ့ လကိုလေး

တူရာသီငယ်
အဿဝဏ်မြတ်ကြယ်
ကျီးမင်းသိန်လဲ ရောင်ရှိန်လျှပ်လို့ 
သုဒဿ်ကယ်နန်းလို မီးမြင့်မိုရ်နှင့်
ဝါဆိုကင်းလွတ် သီတင်းကျွတ်မို့ 
ဘုံထွတ်ကယ်ဥကင်
ပွင့်စပါယ်ရွှင်သော့ခါ တိုင်းခွင်ကြီးအောင်ချာမှာ
ဆီမီးဝါ ထိန်ထိန်ဝင်လို့  လင်းလှတယ်လေး ။
{မဟာအတုလမင်းကြီး}

ပွဲတော်များ
…………...
ဆီမီးမြင့်မိုရ်ပွဲခေါ် တာဝတိံသာပွဲ
{တာဝတိံသာနတ်ပြည်ရှိ စူဠာမဏိစေတီတော်ကိုရည်စူး}
ပ၀ါရဏာပွဲတော်
အဘိဓမ္မာအခါတော်နေ့ 
မိဘဘိုးဘွား ပူဇော်ကန်တော့ပွဲများ

နေ့ ထူးနေ့ မြတ်များ
.........................
နိုင်ငံတကာ စာတတ်မြောက်ရေးနေ့ 
{Knowledge Age}
အပြည်ပြည်ဆိုင်ရာ သက်ကြီးရွယ်အိုများနေ့ 
{International Day of Older Person }
ကမ္ဘာ့စာပို့ တိုက်နေ့ 
ကမ္ဘာ့မျက်မမြင် ပပျောက်ရေးနေ့ 
{World sight Day}
နိုင်ငံတကာ မျက်မမြင်လမ်းလျှောက်တုတ်နေ့ 
ကမ္ဘာ့စားနပ်ရိက္ခာနေ့ 
{World Food Day}

No comments:

Post a Comment