Tuesday 8 July 2014

ကြွေးဟောင်း



ထမင်း တစ်နပ် = 700 ks 
(ကုန်ဈေးနှုန်း အတက်အကျနဲ့ ဆိုတော့ လိုတိုးပိုလျော့)
ထမင်း သုံးနပ် = 2100 ks = 1 day
တစ်နှစ် = 365 days
တစ်နှစ်စာ = 365 days × 2100 ks = 7,66500 ks

၂၂ နှစ် = 7,66500 ks × 22 yrs = 168,63000 ks
ကျန်တော့်အသက် ၂၂ နှစ်ထိ
ဖေဖေနဲ့မေမေ (အခမဲ့ နဲ့ အဝစား) ကျွေးခဲ့တဲ့ပမာဏက ၁၆၈သိန်း ကျော်တယ်နော်။

ကျောင်းထားပေးတာ မပါသေးဘူး ။
အဝတ်အစားဖိုး မပါသေးဘူး ။
ဖိနပ်ဖိုး မပါသေးဘူး ။
နေစရာ မပါသေးဘူး ။
လုပ်ပေးကိုင်ပေးတာ မပါသေးဘူး ။


 အဝတ်လျှော်ပေးတာ မပါသေးဘူး ။
သွန်သင်ဆုံးမတာ မပါသေးဘူး ။
နေမကောင်းလို့ ပြုစုပေးတာ မပါသေးဘူး ။

ကိုးလလွယ်ပြီး မွေးပေးခဲ့တာ မပါသေးဘူး ။

တန်ဖိုးဖြတ်လို့မရတာတွေ အများကြီးပါပဲဗျာ ...။
(ရေးသူ - ရဲမောင်မောင်)

No comments:

Post a Comment