Tuesday 8 July 2014

အရှုံးပေးပြီး ထွက်ပြေးဖို့  မဟုတ်ဘူး



သူများတွေက လက်မရှိလည်း မိုးကို ဒူး နဲ့ တိုက်ကြတယ် . . .
ခြေထောက်မရှိလည်း ခုန်ပြီး ကြယ်ကို လက် နဲ့ ဆွတ်ယူကြတယ် . . .
ခြေလက်မရှိတဲ့ သူတွေက နဖူး နဲ့ တိုက်ဖို့  လုပ်ကြတယ် . . .

မင်းက မြေပေါ်ဝပ်ပြီး ပုန်း နေမလို့ လား . . .
မင်းက အင်္ဂါ တွေစုံနေရက်သားနဲ့ ပျော့ညံ့ နေတာလား . . .
ယောက်ျားလေးဖြစ်ဖြစ် မိန်းကလေးဖြစ်ဖြစ် ခံယူချက် တစ်ခုနဲ့
ဘဝကို ဆက်နေကြတာချည်းပါ . . .

သေဖို့ အထိ မပြင်ဆင်ရသေးရင်တောင် မင်းဟာ
ရည်မှန်းချက်အတွက်တော့ အသက်ရှင် လိုက်စမ်းပါ . . .

ကလေးဘဝက မင်းကို လမ်းလျှောက်သင်ပေးလိုက်တဲ့ သူတွေက
ရည်မှန်းချက်အတွက် လျှောက်လှမ်း ခိုင်းဖို့ ပါ . . .
အရှုံးပေးပြီး ထွက်ပြေးဖို့  မဟုတ်ဘူးဆိုတာကို
ခေါင်းထဲမှာ ထည့်ထားပါ . . .

လောကကြီးက ရှောင်ပြေးတတ်တဲ့သူတွေကို နေရာပေးလေ့မရှိဘူး . . .
ရှောင်ပြေးတဲ့သူက လောကမှာ နှစ်ခါရှုံးတတ်ပါတယ် . . . . .

အစဉ်လေးစားလျှက်Khin Aye Nge

No comments:

Post a Comment