Tuesday 8 July 2014

၁။သေပြီ ဆရာ ၂။ကာကွယ်သူ

သေပြိဆရာ

`မင်းကိုငါတို့ မရက်စက်ချင်ဘူးကွာ မင်းကိုယ့်အပြစ်ကိုဘာသာ ၀န်ခံလိုက်ပါ`
`ကျွန်တော့မှာ အပြစ်မရှိပါဘူးခင်ဗျာ... ကျွန်တော်မတရား အဖမ်းခံရတာပါ`
`ဒိနေရာတောင် ရောက်လာမှတော့ အပြစ်မရှိဘဲနေမလားကွ`
`တကယ်ပါဗျာ ကျွန်တော်ဘာအပြစ်မှမရှိဘဲ အဖမ်းခံရတာပါ`
`ဟေ့ကောင် မင်းသေချာစဉ်းစားနော် မင်းအပြစ်မရှိဘူးဆိုတာ သေချာရင် ထောင်နှစ်အကန့်အသက် မရှိ ကျသွားနိုင်တယ်`
`သေပြီဆရာ`



ကာကွယ်သူ

နွေရာသီ ကျောင်းပိတ်ရက်တွင်
ဖခင်ဖြစ်သူသည် စိုက်ခင်းလုံခြုံရေးအတွက် သူ့သားကြီးအား လေးဂွပစ်သင်ပေးထားလေသည်။
အတော်အတန်ပစ်နိုင်လာသော သားကြီက `အဖေ သားပစ်နိုင်လာပြီ၊ ဘာတွေကို ပစ်ရမလဲ`ဟု မေးလေသည်။
ဖခင်က သူ့သားကြိးကို `ငါတို့စိုက်ခင်းကို ဖျက်ဆီးဖို့ဝင်လာတဲ့အကောင် မှန်သမျှအကုန်ပစ်` လို့မှာလိုက်ပါသတဲ့
ဒါနဲ့သားကြီးဖြစ်သူက ခြံထဲကို လှည်ပတ်ကြည်ရာ တစ်နေရာတွင် လှုပ်လှုပ်ဖြစ်နေသည်ကိုတွေ့၍ ခြံကို ဖျက်ဆီးမည့်အကောင်ပဲဆိုပြီး ပစ်လိုက်ရာ မိမိညီငယ်၏ထိပ်ကို တည့်တည့်မှန်သွားလေသည်။
ဖခင်ဖြစ်သူကား သားငယ်ငိုသံကြား၍ ခြံထဲကိုဆင်းကြည့်ရာ သားကြီးလက်ချက်မှန်းသိလိုက်ရသည်။
`သားကြီးရယ် မင်းမလဲ ရက်စက်လိုက်တာ ကိုယ့်ညီးလေးကို ပစ်သလား` ဟုအပြစ်တင်လေသောအခါ သားကြီးပြောလိုက်တဲ့ စကားသံကြောင့် ဖခင်ဖြစ်သူမှာ ပက်လက်လန်သွားရလေသည်။

သားကြီးပြောလိုက်သည်မှာ
`အဖေကလည်း သားက သားတို့ခြံကို ကာကွယ်နေတာပါ` တဲ့။


No comments:

Post a Comment