Tuesday 1 July 2014

ဘိန်း


- ဘိန်းရဲ့အရင်းအမြစ်ဟာ ဥရောပ မြေထဲ ပင်လယ်မှ ဖြစ်ပါတယ်။
- ဘိန်းကို၁၅၈ဝ ပြည့်နှစ်တွင် ပေါ်တူဂီ ကုန်သည်များနှင့် အီတလီ လူမျိုး''ဆီဖက်ဒရစ်''ဆိုသူက စတင် ရောင်းချခဲ့ပါတယ်။
- ဘိန်းကို၁၆၃ဝ ပြည့်နှစ် ဒတ်ခ်ျ ကုမ္ပဏီ၏ မှတ်တမ်းအရ မလက္ကာမြို့မှ နှစ်စဉ်
ဘိန်းပေါင်ချိန် ၂ဝဝ ကိုကုန်သည်များမှ တစ်ဆင့် မြန်မာ နိုင်ငံနှင့် ထိုင်းနိုင်ငံ များသို့ ယူဆောင် ရောင်းချခဲ့တယ်လို့ သိရပါတယ်။


- ဘိန်းမှ တစ်ဆင့် မော်ဖင်း၊ ဟီးရိုးအင်း ထုတ်လုပ်နိုင်ပြီး ဂျာမနီ နိုင်ငံနှင့် အီတလီ နိုင်ငံတို့က စတင် တီထွင် ထုတ်လုပ်ခဲ့ပါတယ်။
- ဘိန်းကို စည်းရုံးရေး ဖြိုခွဲရေး လက်နက်အဖြစ် ရှေးခေတ်နယ်ချဲ့တို့က တရုပ်ပြည်မှာ အသုံးချခဲ့ဖူးပါတယ်။
- ဘိန်းကြောင့်ကမ္ဘာ့သမိုင်း ခေတ်အဆက်ဆက်မှာ တိုင်းပြည်နှင့် လူမျိုး၏ဆိုးကျိုးနှင့် အနိဋ္ဌာရုံ များကိုသာ ပေးခဲ့တာကို ထင်ရှားစွာ တွေ့ရှိနိုင်ပါတယ်။


- ဘိန်းစစ်ပွဲများဖြင့် စာရိတ္တ ကြံ့ခိုင်မှု၊ စည်းလုံး ညီညွတ်မှု အားမာန်ကို ယိုယွင်းနိုင်စေပါတယ်။
- ဘိန်းကြောင့် မြန်မာ့သမိုင်းမှာ တပင်ရွှေထီး မင်းဟာ ဘဝဆိုးကျိုးအပြင် အသက်အန္တရာယ် ဆုံးရှုံး ခဲ့ရပါတယ်။
- ဘိန်း၊ ဘင်း၊ ကစော်၊ လှော်စာ၊ အရက်အစရှိတဲ့ယစ်မျိုး ငါးပါးကို မြန်မာမင်းများ လက်ထက် ဘိုးတော်ဘုရား ခေါ် ဗဒုံမင်း (၁၇၈၂-၁၈၁၉) လက်ထက်မှာ မသုံးစွဲဖို့ ဥပဒေပြဋ္ဌာန်း အမိန့် ထုတ်ပြန်ခဲ့ပါတယ်။


- ဘိန်းအစရှိတဲ့ ယစ်မျိုးငါးပါး မသုံးစွဲရေးကို ကုန်းဘောင်ခေတ်နှောင်း မန္တလေး (ရတနာပုံ)ခေတ် မင်းတုန်းမင်း လက်ထက်တွင် ခရစ်နှစ် ၁၈၆၉ ခုနှစ်၊ သီပေါမင်း ၁၈၇၅-၁၈၈၅ ခုနှစ် လက်ထက်မှာလဲတားမြစ်ဥပဒေပြဋ္ဌာန်းခဲ့ပါတယ်။
- ဘိန်းနဲ့ပတ်သက်လို့တော်လှန်ရေး ကောင်စီ လက်ထက် ၁၉၆၂ ခုနှစ်မှာ
မူးယစ်ဆေးဝါး ဆိုင်ရာ စာချုပ်ကို ကမ္ဘာ့ကုလသမဂ္ဂတွင် လက်မှတ် ရေးထိုးခဲ့ပါတယ်။


- ဘိန်းနဲ့ပတ်သက်ပြီး၁၉၇၄ ခုနှစ် ဗီယက်နမ်၌ မူးယစ် ဆေးဝါး တားဆီးကာကွယ်ရေး အတွက် နိုင်ငံတကာ ပူးပေါင်း ဆောင်ရွက်ရေး စာချုပ်ကို လက်မှတ် ရေးထိုးခဲ့ပါတယ်။
- ဘိန်းနဲ့ပတ်သက်ပြီး၁၉၇၄ ခုနှစ် ဖေဖော်ဝါရီ ၂ဝ ရက်တွင်''မူးယစ်ထုံထိုင်း ဘေးဖြစ် စေတတ်သော ဆေးဝါး များ အန္တရာယ် တားဆီး ကာကွယ်ရေး ဥပဒေ'' ကို ပြဋ္ဌာန်းခဲ့ပါတယ်။


- ဘိန်းနဲ့ပတ်သက်ပြီး၁၉၇၅ ခုနှစ် အောက်တိုဘာ ၂၈ ရက်၌ မူးယစ်ဆေးဝါး အန္တရာယ်ကို အမျိုးသားရေး အမြင်ဖြင့် ကာကွယ် တိုက်ဖျက်ရန် မူးယစ် ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲ စေတတ်သော ဆေးဝါးများ အန္တရာယ် တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့ ဖွဲ့စည်း၍ ဆောင်ရွက်ခဲ့ပါတယ်။


- ဘိန်းနဲ့ပတ်သက်ပြီး နိုင်ငံတကာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်ရေး တိုက်ဖျက်ရေးနေ့ အဖြစ် ဇွန် ၂၆ ရက်နေ့မှာ ဖမ်းဆီး ရမိသော မူးယစ်ဆေးဝါး များကို နှစ်စဉ်မီးရှို့ ဖျက်ဆီဗလေ့ရှိပါတယ်။
- ဘိန်းသယ်ယူ ပို့ဆောင်ခြင်း၊ ရောင်းဝယ်ခြင်း၊ သုံးစွဲခြင်း များကိုလည်း တပ်မတော်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့၊အကောက်ခွန် ဌာန အာဏာပိုင် အဖွဲ့အစည်း များက နှစ်စဉ် ဖမ်းဆီး ဖော်ထုတ်နေဆဲ ဖြစ်ပါတယ်။


- ဘိန်းနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံ၏ တစ်ခုတည်းသော အစိုးရ မဟုတ်သည့် လူမှုရေး အဖွဲ့အစည်းအဖြစ်'' မြန်မာနိုင်ငံ မူးယစ် ဆေးဝါး ဆန့်ကျင်ရေး အသင်း''ကို ၁၉၉၄ ခုနှစ်မှ စတင် ဖွဲ့စည်းခဲ့ပါတယ်။
OMO
Ref: MANA,NEWS


No comments:

Post a Comment